EP 3

8.4K 1.2K 10
                                    

Unicode version
" အဂျီ " / အပိုင်း (၃)
----------------------------

အဂျီ ၃

" ပက် ဂျီမင် ! ! "

အပ်ကျသံတောင်မကြားရသည့် အတန်းထဲ၌ ဆရာ့၏ ဒေါသသံကြောင့် တစ်ခန်းလုံးငြိမ်ကုပ်နေကြရသည်။ နာမည်အခေါ်ခံရသည့် ဂျီမင်တစ်ယောက် ကတုန်ကယင်နှင့် မတ်တပ်ရပ်လက်ပိုက်ကာခေါင်းကိုအောက်ဆုံးအထိငုံ့ထားရှာသည်။

သူကျောင်းတက်တာ တစ်ပတ်‌ကျော်ရှိတော့မယ် ဂျီမင်တစ်ယောက် စာလုပ်တယ်ဆိုတာမြင်ကိုမမြင်ဖူးဘူး။ အခုလဲ လပတ်စာမေးပွဲအဖြေထွက်တော့ ထုံးစံအတိုင်း ဂျီမင်ပဲ သူတစ်ကယ်စာမလုပ်ပဲနေနိုင်တာနော်။

" မင်းကျောင်းတက်တာ ဘာအတွက်လဲ "

" စာ...စာသင်ဖို့ပါ "

" အခု မင်းစာလိုက်သင်သလား အတန်းထဲရောက်ရင် ဟေးလားဝါးလားလုပ်မယ် ကာတွန်းဖတ်မယ် မုန့်စားမယ် မင်းဒါပဲတွေးနေတယ် မင်းစာသင်ဖို့ရည်ရွယ်ချက်ရှိသလား မရှိဘူးလား "

ဆရာ့အ‌ဖြေကို ပြန်မဖြေပုံထောက်ရင် ဒီကောင်ငိုနေပြီထင်ပါတယ်။ နောက်ခုံကနေမို့ သူ့မျက်နှာကလဲမမြင်ရ ဘေးကဒီဒီးကလဲ အလိုတူအလိုပါမို့ ငြိမ်ကုပ်နေရှာသည်။

" မေးနေတယ်လေ "

" ရှိ....ရှိပါတယ် ဆရာ "

" ဒါလဝက်စာမေးပွဲ ဒီစားမေးပွဲမှ မအောင်ရင် မင်းစာမေးပွဲကြီးမှာလဲအောင်မှာမဟုတ်ဘူး မင်းမအောင်ချင်ရင် အခုကျောင်းထွက် ! "

" ဗျာ....မ...မလုပ်ပါနဲ့ ဆရာရယ် "

" အေး ဒုတိယလဝက်စာမေးပွဲမှာ မင်းထပ်ကျနေမယ်ဆိုရင် ငါကိုယ်တိုင်ကျောင်းအုပ်ကြီးဆီခွင့်တောင်းပြီး ကျောင်းထုတ်မယ် ကြားလား ! "

****

" မငိုပါနဲ့ ဂျီမင်ရာ ဆရာကလဲအရမ်းရိုက်တာပဲ "

စာသင်ချိန်တုန်းကအရိုက်ခံလိုက်ရသည်မို့ ကျောင်းနောက်ဖေးက ရေမြောင်းဘောင်ပေါ်ခွထိုင်နေကြပြီး ဂျီမင်တစ်ယောက် ငိုနေတော့သည်။ ဒီဒီးလဲ ဘာလုပ်ရမှန်းမသိပဲ ဂျီမင်ခြေသလုံးမှ အနာကိုလေနဲ့မှုတ်ပေးရုံသာတတ်နိုင်သည်။

" A Ji "Where stories live. Discover now