EP 26

7.5K 1K 116
                                    

Unicode version

အဂျီ ၂၆

ကျောင်းဝင်းထဲဝင်လာလိုက်သည်နှင့်တစ်ယောက်တစ်မျိုး မရိုးသောအကြည့်တွေကြား သူတို့စက်ဘီးလေးနှင့်သာ ဖြတ်ကျော်လာခဲ့လိုက်သည်။
ကျောပိုးအိတ်က သော့ချိတ်လေးတွေကတော့ နေရောင်အောက်မှာတစ်လက်လက်ပေါ့။

စက်ဘီးရပ်တဲ့နေရာမှာ ရပ်နေတော့လဲ
တီးတိုးပြောတဲ့လူနဲ့ ရပ်ကြည့်လူကရှိသေးတော့
ဂျောင်ကုက အဂျီ့ကိုကြည့်ရင်းမျက်စာပစ်ပြရင်း ရီချင်ပက်ကျိဖြစ်လို့နေသည်။
လူတွေများအထူးအဆန်းကြီးလုပ်လို့

" အခန်းထဲသွားတော့မယ် လက်တွေ့ခန်းဝင်ရင်လက်ကိုမထိစေနဲ့နော် "

" အင်းပါသိပါတယ် "

ပတ်ဝန်းကျင်ထင်နေသလိုမျိုး ဂရုတစိုက်လုပ်ပြနေတာမျိုးမဟုတ်ပဲ တစ်ယောက်ကိုတစ်ယောက်ပုံမှန်အတိုင်းမှာရင်း ရီမောကာကိုယ့်အခန်းကို ကိုယ်စီထွက်လာကြ၏
စက်ဘီးသော့လေးကိုလက်ညိုးနဲ့လှည့်ကာ လေတစ်ချွန်ချွန်လုပ်သွားသူကို အကုန်လုံးကတစ်အံတဩ။

လူနှစ်ယောက်တွဲနေကြတယ်ဆိုတာအပြင် ဘာတွေထူးဆန်းနေတာမို့လို့ပါလိမ့်။

နေ့လည်စာစားချိန်တွင်လဲ ဤသို့ပဲအရင်ဆင်းသည့်လူက လာစောင့်နေတတ်ကာ အတူတူပုခုံးဖက်ပြီးသွားကြသည်။
ပြန်ရင်လဲစက်ဘီးတစ်စီးနှင့် ရီရီမောမောစကားတွေပြောရင်း ပြန်ကြပြန်တော့
ကာယံကံရှင်တွေတောင်ဘာမှမထူးဆန်းတာ သူတို့အတွက်လဲတကူးတကအထူးဆန်းလုပ်ပြမနေကြတော့ ။
တစ်ချို့တ‌စ်လေကလဲ အနားကပ်ရမှာကိုကြောက်တယ်ဆိုတာမျိုးတော့ရှိတာပေါ့။

ဒီလိုနဲ့ပဲ သာမန်နေ့တွေအတိုင်းအတူဖြတ်သန်းလာကြရင်း အံ့ဩခဲ့ကြသည့်အစ်မများကလဲ နှစ်ယောက်လုံးနဲ့ရင်းနှီးပြီး အပေါင်းသင်းတောင်ဖြစ်နေပြီ။

****

ရေချိုးခန်းထဲ၌ ရေခပ်ဘာလီချိုင့်ဗုံးနှစ်ဗုံးတွင် ရေအပြည့်ဖြည့်ထားပြီး နှစ်ယောက်သားငုပ်တုပ်ထိုင်နေကြသည်။

တစ်ယောက်သောသူကတော့ လက်မှာပတ်တီးအဖွေးသားနှင့် ကြွေပြားပေါ်မှာဖိနပ်ခုထိုင်နေပြီး နောက်တစ်ယောက်သည်တော့ ခွေးချီခုံအပုလေးနှင့်ထိုင်ကာ ပွစိပွစိပြောနေတော့၏

" A Ji "Where stories live. Discover now