EP 4

7.4K 1.1K 22
                                    

Unicode version

အဂျီ ၄

" ဂျွန် ဂျောင်ကု ထွက်ခဲ့စမ်း ! "

အား....မနက်မိုးလင်းထဲက အိမ်သာရှေ့လာအော်နေတာ အဲ့လိုပဲတစ်ယောက်ထဲနေတုန်းက ဘယ်သူနဲ့မှလုစရာမလိုဘူး ဒင်းတစ်ညလေးရောက်လာပါတယ်မနက်ခင်းပြသနာကစပြီ။

" ကူးရယ် ရှိကြီး‌ခိုးပါတယ် ထွက်လာပါတော့ "

" မထွက်ဘူးကွာ စောင့်နိုင်ရင်စောင့် "

" မင်းမထွက်လာရင် ငါဒီနေရာမှာပဲ ကိစ္စရှင်းလိုက်မှာနော် "

" လုပ်လိုက်လေ ကြာသလားလို့ "

" အေး မင်း Iron Man ပိုစတာနဲ့ချီးကုန်ပစ်မယ် ကြည့်နေ "

စိန်ခေါ်တုန်းကခေါ်လိုက်ပေမယ့် ပိုစတာနဲ့ခြိမ်းခြောက်ခံလိုက်ရတော့ ခါးမတ်သွားရသည်။ ကြိုက်တာနဲ့လုပ်လို့ရတယ် ပိုစတာတွေတော့မဖြစ်ဘူး။ အပြင်ကအသံကိုနားစွင့်ကြည့်တော့လဲ ဘာသံမှမကြားရတော့။

" ဂျီမင် ..... "

ခေါ်ကြည့်တယ် ပြန်မထူးဘူး။ ဒီကောင်တော့လားကွာ ငါ့ပိုစတာတွေထိကြည့် အသက်ချင်းလဲပစ်မယ်။
ကိစ္စမြန်မြန်ရှင်းကာ " ဂျီမင် " နာမည်ကိုအာ‌ခေါင်ခြစ်အော်ရင်း အိမ်သာထဲကမြန်မြန်ပြေးထွက်လာရသည်။

" ဒုန်း "

" အောင့်မလေး "

" ဟင်? "

အဖြစ်အပျက်တွေမြန်ဆန်စွာပဲ အိမ်သာတံခါးဖွင့်ဖွင့်ချင်း ဂျီမင်ရဲ့နဖူးကို သွားတိုက်မိကာ အံ့ဩနေတုန်း အိမ်သာထဲသို့ပြေးဝင်သွားခြင်းဖြစ်သည်မို့ ဂျောင်ကုအညာခံလိုက်ရပြီ။

" ဒုန်း ဒုန်း ဒုန်း ဟေ့ကောင် မင်းဘာလုပ်တာလဲ "

" ဆောရီးပါ ညီလေးရယ် နားနဲ့မနာဖဝါးနဲ့နာပါ မင်းကိုကြီးတော်တော်ဖြစ်နေလို့ပါ "

" ဟေ့ကောင် ငါ့ပိုစတာတွေမထိရသေးဘူးမလား "

" ဆောရီးပါကွာ "

ပိုစတာ ထိဖို့မပြောနဲ့ ကြိတ်မှိတ်အောင့်အီးထားကာ အိမ်သာရှေ့ငုပ်တုပ်ထိုင်စောင့်နေခဲ့ပေမယ့် ဂျောင်ကုကို စ ချင်လာသည်နှင့်ဆောရီးပါလို့ပြောလိုက်တာ မိုးမွှန်အောင်ဆဲရင်း အိမ်သာတံခါးကိုကျိုးမတက်ထုနေတော့သည်။ သေချာတယ် ဂျီမင်အိမ်သာထဲကထွက်တာနဲ့ နှစ်ယောက်သား နပန်းလုံးကြတော့မည်ဆိုတာ။

" A Ji "On viuen les histories. Descobreix ara