Jeon

23K 977 18
                                    

Unicode

မှောင်မိုက်နေသည့် တိမ်စိုင်တွေအောက် ပြေးလွှားနေသည့် အနက်ရောင် ကားတစ်စင်း။ ကြည်လင်သည့် ကားမှန်ပေါ် ပုံမှန်နှုန်းဖြင့် ကျဆင်းနေသည့် မိုးစက်တွေကို နောက်ကွယ်မှ ထိတွေ့ရင်း တစ်ခုခုကို တွေးတောနေသူ။

' သခင်လေး ဆင်းလို့ရပါပြီ။ '

အထက်တန်းကျောင်းရှေ့ ထိုးရပ်လိုက်တဲ့ အနက်ရောင် မော်ဒယ်မြင့် ကားတစ်စင်းကြောင့် လူတွေရဲ့ အာရုံဟာ ထိုကားထံ...

ကားရှေ့ခန်းမှ ဆင်းလာသည့် အသက်ကြီးကြီး လူတစ်ဦးဟာ ထီးအကြည်ကို ဖွင့်ပြီး ကားနောက်ခန်းမှ ဆင်းလာသည့် ကောင်လေးဘက်ကို ငဲ့စောင်းပေးသည်။

ထီးမှတစ်ဆင့် မိုးစက် တချို့ဟာ ထိုလူ၏ ပုခုံးတစ်ဖက်ပေါ် ခပ်မြန်မြန် စီးကျသည်။

လူတွေရဲ့ အမြင်မှာ သူဟာ ယဉ်ကျေးမှု မရှိတဲ့ သူလို့ အထင်ခံရနိုင်မည်။

' ထီးကိုယူသွားလိုက်ပါ ဦးလေး။ '

ထိုကောင်လေးဟာ လွယ်အိတ်ကို တစ်စောင်းလွယ်ကာဖြင့် ပြောလိုက်သည်။

' ဦးလေးက အဆင်ပြေတာမို့လို့ သခင်လေးပဲ ယူသွားလိုက်ပါ။ '

' ယူနာလေးကိုရော ကျောင်းပို့ရအုန်းမယ်မလား။ ဦးလေးပဲ ယူသွားလိုက်ပါ။ '

ထယ်ဟျောင်း ကျောင်းထဲကို ဝင်မယ်လုပ်တော့မှ ထိုအသက်ကြီးကြီး လူကဟာ ထယ်ဟျောင်းလက်ကို ပြန်ဆွဲလာသည်။

ခပ်လှမ်းလှမ်းက လူတစ်ယောက်ကို လှမ်းခေါ်နေတာကြောင့် ထယ်ဟျောင်း အမေး မထုတ်မိသေး။ 

ကြည့်မိလိုက်တော့ စက်ဘီးနဲ့ ကောင်လေးတစ်ယောက်။ လက်တစ်ဖက်က ထီးကို စောင်းထားပြီး နောက်လက်တစ်ဖက်ကလည်း စက်ဘီး လက်ကိုင်ကို ကျစ်ကျစ်ပါအောင် ကိုင်ထားသည်။

မိုးစိုနေတဲ့ နဖူးပေါ်က ဆံစတချို့က မျက်ဝန်းတွေကို တစ်ဝက်လောက် ဖုံးကွယ်နေသည်။

' တူလေးက ဒီကျောင်းကမလား.. '

ထယ်ဟျောင်းကတော့ အမည်မသိ ထို‌ကျောင်းသား ကိုသာ ငေးကြည့်နေမိသည်။

Can't Say Goodbye {Completed}Where stories live. Discover now