"  မွေးရာပါ အားနည်းချက်ကိုပဲ ထိခိုက်နေကျ
တယ် "

ရင်ကိုမော့လို့ အကိုရှိရာ နောက်ကျောဘက်ကို ခေါင်းလေးစောင်းကာ  ဟန်ပါပါပြောတော့ အကိုကအသဲယားစွာ ဖက်လာပီး နေရာအနှံနမ်းလာသည်။

" အဟက် !! အလည်လေး  "

မိနစ်အနည်းငယ်အကြာထိ မျက်ဝန်းညိုလေးတွေ မှိတ်ကျအောင်ပြုံးပြနေတယ့်ကောင်လေးက ဘေးနားက စက်ဘီးလေး ပေါ် က အထုတ်လေးတစ်ခုဖွင့်ယူလာတယ်။

" ဖွင့်ကြည့်လေ အကို အတွက် ကျွန်တော်
လက်ဆောင်ယူလာတယ်"

" ........... "

လက်ဆောင်ပုံးကိုတစ်လှည့် သူကို တစ်လှည့်ကြည့်လာတယ့်အကိုက ဒီလိုကြတော့လည်း ပါပီ ပေါက်လေးလိုပဲ။ အူကြောင်ကြောင်လေး။

" ဖွင့်ကြည့်ပါဆို အကိုရာ "

". ............."

" အကို မဖွင့်ရင် ကျွန်တော် ပြန်ယူသွားမှာနော် "

သူစိတ်ဆိုးမှာသိပ်ကြောက်တယ့်အကို တစ်ခုခုကို ခပ်ထွေထွေတွေးနေရာမှ ခေါင်လေးပုတ်ကာ ပြုံး
ရယ်ပီး ပါကင်လေးကို ဖွင့်ဖောက်လို့လာတယ်။

ကြယ်တွေဆုံတယ့်ကောင်းကင်ပြာနဲ့ နှင်းစက်လေးလို့လှပလွန်းလို အဖြူရောင်တွေကို လိုက်ဖက်စွာတွဲစပ်ထားထားပီး လူရှင်းလွန်းတယ့်လမ်းမပေါ်မှာကောင်လေးနှစ်ယောက်ကလက်တွဲထားကာ ပန်းချီကားချပ် ပေါ် မှာအသက်ဝင်လွန်းလှတယ်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ကြယ်တွေဆုံတယ့်ကောင်းကင်ပြာနဲ့ နှင်းစက်လေးလို့လှပလွန်းလို အဖြူရောင်တွေကို လိုက်ဖက်စွာ
တွဲစပ်ထားထားပီး လူရှင်းလွန်းတယ့်လမ်းမပေါ်မှာကောင်လေးနှစ်ယောက်ကလက်တွဲထားကာ ပန်းချီကားချပ် ပေါ် မှာအသက်ဝင်လွန်းလှတယ်။

" ရီပေါ် ဒါက "

တုန်ရင်နေတယ့်အသံတွေကြား မျက်ရည်ဝဲစပြုနေတယ့်အကိုရဲ့ နှုတ်ခမ်းထက်နား နီးကပ်ပီး အနွေးဓာတ်ခိုလို့ အချိန်အတော့်ကြာ ကပ်ထားစေမိတယ်။

Daddy's LaowangWhere stories live. Discover now