Blue - Thirteen

4.4K 967 48
                                    

လမ်းခွဲပြတ်စဲ 🔥

အပြာရောင်ဆံပင်လေးနှင့်ကောင်ကလေး စိတ်ဆိုး
နေသည် ။ နံပါတ်တစ်ခုကို အကြိမ်ပေါင်းများစွာ ဖုန်း
ခေါ်ဆိုနေခဲ့ပြီး မျက်ဝန်းတစ်စုံသည် ကြောက်စရာ
ကောင်းလာသည် ။ အကြိမ်ပေါင်းများစွာ ဖုန်းခေါ်ပြီး
တဲ့နောက် တောက်တစ်ချက်ခေါက်လိုက်တာ မျက်စိ
ရှေ့က မြင်ကွင်းကို မီးဝင်းဝင်းတောက်နေသည့် အ
ကြည့်တွေဖြင့် အချိန်ကြာကြာ စိုက်ကြည့်လိုက်သည်။

တခြားမဟုတ်ပါဘူး မဟုတ်ပါဘူး ။ ကန်တင်းထဲမှာ
ပတ်ချန်းယောလ်က မိန်းကလေးတစ်ယောက်နဲ့အတူ
ထိုင်စကားပြောနေတဲ့ မြင်ကွင်းပါ ။ ဘတ်ဟျွန်း အ
တွက်တော့ နားရွက်ကဆွဲ ၊ ခေါ်ထုတ်ချင်စရာကောင်း
နေပေမဲ့  ဂျုံအင်အတွက် သိန်းထီဆုကြီး ပေါက်လိုက်
သလို ရှားပါးရှားပါး ၊ တန်ဖိုးထားစရာ မြင်ကွင်းမျိုးပါ။
မေမေ့ဆီက မုန့်ဖိုးရလိုက်တာထက် ၊ ပိုပျော်ဖို့ကောင်း
နေတဲ့ ခံစားချက်မျိုး ။

ဘတ်ဟျွန်း  စိတ်တိုနေတာကိုကြည့်ပြီး မြှောက်ထိုး
ပင့်ကော်လေး လုပ်လိုက်ရမှ နေသာထိုင်သာရှိသလို။

" ဝါး  ကြည့်ပါဦး  ကောင်မလေးတစ်ယောက်နဲ့ အ
ကြည်စိုက်နေတာများ အကြည့်တွေရွှန်းရွှန်းဝေလို့
အံ့သြစရာပဲ ဒီကောင်တော့ ဒီလိုလုပ်စရာလား  "

ပတ်ချန်းယောလ် မျက်နှာ အောက်ငုံ့ထားလဲ သူက
တော့ လွန်လွန်ကြူးကြူး အကြည်စိုက်နေတယ်လို့
အော်ချပစ်ပါတယ် ။  တဆတ်ဆတ် တုန်ရီလာတဲ့
မျက်တောင်လေးနဲ့ ပေါက်ကွဲပစ်တော့မည့် နူတ်ခမ်း
တွေ ။ ကင်ဂျုံအင်က မဟုတ်တာအော်လေလေ ၊
အပြာရောင်လေးက စိတ်တိုလေလေပါပဲ ။

" ဒါ  မင်းကို တမင်ပစ်ထားတာ ဝါး ထင်တောင်
မထင်ထားဘူးကွာ  ဒီကောင် မင်းကိုတော့ တော်
တော်ချစ်တာပဲလို့ အရင်ကထင်ခဲ့မိတာ အမှားပဲ "

ဟုတ်ဟုတ်မဟုတ်ဟုတ် ထင်ထင်မထင်ထင် ဒီအချိန်
မှာ ပါးစပ်ထဲရှိသမျှ အကုန်ရွှီးမည် ။ ပြသာနာတက်
အောင် ပြောနိုင်သမျှ စကားလုံးတွေကို အတင်းညှစ်
ထုတ်ပြောမည် ။ အဓိကသည် ဒီအတွဲ ရန်ဖြစ်ဖို့သာ။
တခါလောက် ဒီအတွဲရန်ဖြစ်တာကို မြင်ရရေးသည်
သူ့အတွက် ရည်မှန်းချက်တစ်ခုကဲ့သို့ မှတ်ယူ၏ ။

Blue 💙Where stories live. Discover now