Blue - Seven

6.1K 1.3K 239
                                    


ဘယ်လိုလုပ်ပြီး မချစ်သလိုဟန်ဆောင်နိုင်ပါ့မလဲ🔥

ဟွန်ဆောင်းဆီက သက်ပြင်းချသံသဲ့သဲ့နှင့် ချန်းယော
လ်၏ မျက်နှာကို လက်ဖဝါးတွေကြား ဖုံးကွယ်ထား
ကာ အကြမ်းပတမ်း စိတ်ရှုပ်စွာ ပွတ်သပ်လိုက်ကာ ၊
ရှည်လျားပြီး ဟင်းခနဲ သက်ပြင်းချသံက ကျယ်ကျယ်
လောင်လောင် ။ သူ့ခေါင်းထဲမှာ အကြိမ်ကြိမ်အထပ်
ထပ် သတိပေးနေသံက အရေးပေါ် အချက်ပေးဘဲလ်
သံလိုမျိုး  တတီတီနဲ့အော်နေသည် ။ သူ ခေါင်းကို
ခါယမ်းပစ်လိုက်ရင်း အုတ်ခုံပေါ် ခါးမတ်မတ်နဲ့ထိုင်
နေရာကနေ ခါးကုန်းလိုက်ကာ ပေါင်ပေါ် တံတောင်
ဆစ်တွေက ထောက်လိုက်ကာ လက်ဖဝါးတွေကြား
ထဲ  မျက်နှာထည့်ဖွက်ထားလိုက်မိတော့သည် ။

အကြိမ် ခြောက်ဆယ်တောင်

အကြိမ် ခြောက်ဆယ်တောင်

အကြိမ် ခြောက်ဆယ်တောင်

အား  ! သူ ရူးများရူးသွားခဲ့တာလား ။ အဲ့ဒီအချိန်တွေ
ကို ပြန်သွားပြီး စစနောက်နောက်နဲ့ ရီပလိုင်းပြန်နေခဲ့
တဲ့  သူ့ကိုယ်သူ အချက်ခြောက်ဆယ်တိတိ လက်သီး
နဲ့ ပြန်ထိုးပစ်မည်  ။

" အခုမှမျောက်မှိုင်လာမှိုင်ပြမနေနဲ့ အကြိမ် ၆၀
ကျစ်  ! ဒီကောင်တော့ မင်း  လူမှဟုတ်ရဲ့လား "

အစကတော့ ဟွန်ဆောင်းမှာ ပြန်သွားလို့် မရတဲ့ အ
ခြေအနေတစ်ရပ်လို့ စိတ်ပြေရာပြေကြောင်း တွေး
ကာ နှစ်သိမ့်ပေးဦးမလို့် ပါပဲ ။ ဒါပေမဲ့  ဒါပေမဲ့လဲဗျာ
အကြိမ် ခြောက်ဆယ် ။ အား ဘယ်လိုမှမနေနိုင်ဘူး
တွေးမိတိုင်း  စိတ်တွေတိုလာပြီး ဆဲပစ်ချင်လာတာ ။
ဘလူးလေးကလဲ  ဇွဲကောင်းကောင်းနဲ့ ဝန်ခံသား ။
ဒါကို ဒီကောင်က အားမနာလျှာမကျိုး ငြင်းချက်ကြီး
က ဘလူးလေးမှာ  ရှေ့ဆက်သွားရင် ကမ္ဘာပေါ်မှာ
သဘောကျရသူဆီက အကြိမ်ပေါင်းများစွာအငြင်းခံရ
သူအဖြစ်နှင့် ဂင်းနစ်စံချိန်တောင် ဝင်သွားဦးမလားလဲ၊
ဘယ်သူကများ ဒီလောက်ထိ အငြင်းခံကြရမှာလဲ ။

"  မင်း  ဖွင့်ပြောတဲ့နေ့ကျရင် ဘလူးဆီက အချက်
ပေါင်း ခြောက်ဆယ်တိတိ လက်သီးနဲ့အထိုးခံရမှ
ကျေအေးရာရလိမ့်မယ်ထင်တယ်  စောက်သုံးမကျ
တဲ့  ဝါး  အတွက်ကတော့ ဒူးထောက်ပြီးသာ တောင်း
ပန်တော့    "

Blue 💙Where stories live. Discover now