Blue - Twelve

5.1K 1K 96
                                    


အတွဲများမရှိတဲ့ကမ္ဘာ ငါသွားမည် ( ကင်ဂျုံအင်၏
ရင်တွင်းဖြစ် ငိုကြွေးသံ )

___________________________________

ကျောင်းဝန်းအတွင်း အလကားရသလိုရထားတဲ့ ချစ်
သူရည်းစားလေးတွေနှင့် လက်ချင်းချိတ် ၊ နှစ်ကိုယ်တူ
ယှဉ်ကာတွဲ ၊ အရိုးမပါသော သတ္တဝါများသဖွယ် နွဲ့
နှောင်းပျော့ပြောင်းနေကြသော မိန်းကလေးများကို
ကင်ဂျုံအင် နှာခေါင်းရှုံ့ မိသည် ။ တချို့တချို့သော
ကောင်မလေးများ၏ ချစ်သူကောင်လေးတွေ၏ ရုပ်
ရည်က ကိုယ့်လောက်တောင်မရှိ ၊ ကိုယ့်ကိုတောင်
မမှီကြတာကိုကြည့်ပြီး ရယ်ချင်ပက်ကျိဖြစ်မိသေး၏ ။
မရှိရှိတာ ၊ မရရတာကိုများ ဆွဲယူရည်းစားတော်ထား
ကြသလား မှတ်ရသည် ။ ကင်ဂျုံအင်တို့က ထိုသို့
မဟုတ်ပါ ။တွေ့ရာကောက်ယူ ရည်းစားတော်ပစ်တဲ့
အထဲ မပါချင်ပါ ။ ဒီရုပ်ဒီရည်လေးအတွက် ပြိုင်ပွဲကြီး
တောင် ကျင်းပပြီး မိန်းကလေးတွေ ယှဉ်ပြိုင်ကြသင့်
သည် ။ ထိုမျှလောက်ထိ ယုံကြည်မှု့ ကသူ့တွင်ရှိပါ၏။

" အတွဲတွေကိုမြင်နေရတာက ပိုးဟပ်နှစ်ကောင် ချစ်
ကြည်နှုးနေတာကို တွေ့ရတဲ့အတိုင်းပဲ အား ရွံ စရာ
ကောင်းလိုက်တာ "

ကင်ဂျုံအင်တစ်ယောက် ကြက်သီးတွေ တဖြန်းဖြန်း
ထ,သွားသည့်နှယ် ခန္ဓာကိုယ်ကို ခါယမ်းတုန်ရီ ပြ
လိုက်ကာ ၊ မျက်နှာကလဲ ရွံစရာတစ်ခုခုကို တွေ့ရ
လိုက်သည့်နှယ် ။ ဒီကောင်လေးက ငနှောက်ကောင်
လေး ။ အတွဲတွေနှင့်ပတ်သက်ရင် သူ၏မုန်းတီးခြင်း
က မိုးအထိမြင့်မားသည် ။

" မနက်စောစောစီးစီး ခွေးချီးပုံတက်နင်းမိတာပဲကွာ"

ကင်ဂျုံအင်တစ်ယောက် ခပ်လှမ်းလှမ်းမှာ ချစ်ကြည်
နှုး တစ်တစ်တူးနေပါသော သူ့အကိုတို့စုံတွဲနှင့် တန်း
တိုးတော့သည် ။ ခြေလှမ်းတွေ တန့်ခနဲ ရပ်တန့်သွား
ပြီး ၊ ရှေ့နားမှာ ပါးလေးကိုင် ၊မေးလေးကိုင် လုပ်နေ
ကြတဲ့ အတွဲကို ဘုကြည့်,ကြည့်လိုက်ကာ နီးစပ်ရာက
တွေ့ ရာ ခဲလုံးတစ်လုံးကို ကောက်ကိုင်လိုက်ကာ ,
စိတ်ပေါက်ပေါက်နှင့် လမ်းဘေးတွင် အိပ်နေတဲ့ ခွေး
ကြီးဆီ  ကောက်ပေါက်ပစ်လိုက်တော့သည် ။

Blue 💙Where stories live. Discover now