Blue - Two

6.2K 1.3K 101
                                    

💌 ဒိုင်ခံငြင်းမဲ့ မင်းရဲ့ကိုကြီး

ညနေပိုင်း ။ ပျင်းပျင်းရှိတာနဲ့ပဲ ဂျုံအင်တို့အိမ်ဘက်
ကူးသွားတော့ ငပျင်းကောင်က ဘောလုံးသွားကန်
နေပါသည်တဲ့ ။ အရင်ကဆို ဘောလုံးကန်ဖို့လူစုမိ
တာနဲ့ ကိုယ့်ကို လာခေါ်နေကျပါ ။ဒီနေတော့ ထူး
ဆန်းလိုက်တာ ။ဘောလုံးကန်ဖို့ရှိတာ ငါမသိရပါ
လား ။ကင်ဂျုံအင်က ဒီလိုတွေတောင် စောက်ကျင့်
ယုတ်တတ်နေပြီလား ။ အင်္ကျီပွပွ ဘောင်းဘီပွပွနှင့်
အိမ်စီးကွင်းထိုးဖိနပ်နဲ့ပဲ သူ ဘောလုံးကွင်းဘက် ဦး
လှည့်လိုက်သည် ။ ရေချိုးပြီးသွားပြီမို့ ဝင်တော့မကန်
ပေမဲ့ ကွင်းဘေးကနေ ရေဘူးဆိုင်းတီးပြီး ထိုင်ဆဲပါ
မည် ။

ဘောလုံးကွင်းဘေးရောက်သွားတော့ အကြိတ် အ
နယ်ပဲ ကန်နေကြတာ လောင်းကြေးကောင်းပုံရ၏ ။
ကွင်းဘေးမှာကြည့်နေတဲ့ လူတွေလဲရှိသည် ။ ညီမ
ဝမ်းကွဲလေး ဒီဒီဆို  စက်ဘီးလေးရပ်ပြီး အားပေး
နေတာမှ  အကြိတ်အနှယ် ပျစ်နှစ်နေရောပဲ ။တော်
တော်လေးလဲ အသံအောင်တာမို့ ကွင်းထဲက ဂျုံအင်
တစ်ယောက်  သွေးတက်နေလောက်ပြီထင်သည် ။

"  အား   ကင်ဂျုံအင် နင်အရူးလား စောက်သုံးမကျ
ရင် ကန်မနေတော့နဲ့ ထွက်ခဲ့ လာခဲ့ အရူးရဲ့ "

ဒီဒီက ဘတ်ဟျွန်း၊ဂျုံအင်တို့ရဲ့ တဝမ်းကွဲ ညီမ အ
ငယ်ဆုံးလေး။ ညီမလေးတစ်ဦးထဲမို့ အလိုလဲမလိုက်
နိုင်ပါဘူး ။အခုတောင် ဒီလောက်ဖြစ်နေတာ အလို
သာလိုက်ရရင် လည်ပင်းတက်ညှစ်နိုင်ပါသည်။ဘတ်
ဟျွန်း  ရယ်ချင်ချင်နဲ့ပဲ ရေသန့်ဘူး အလွတ်နှစ်ဘူး
ကို သွားကောက်လိုက်ပြီး ဒီဒီ ဆဲသံဆိုသံလေးကို
ဆိုင်းသံဗုံသံလေးနဲ့ ဖြည့်တင်းပေးလိုက်ပါတော့၏ ။

ဘတ်ဟျွန်း   : ဒုန်းဒုန်း  ! ကင်ဂျုံအင်

ဒီဒီ            : စောက်သုံးမကျဘူး ထွက်လာခဲ့

ဘတ်ဟျွန်း   : ဒုန်းဒုန်း!  ကင်ဂျုံအင်

ဒီဒီ            : ဘယ်လောက်ကန်ကန် မဂိုးပါ

ဘတ်ဟျွန်းက ရေသန့်ဘူးကို နှစ်ချက်ဆင့်တီးကာ
ရှေ့ကနေ ကင်ဂျုံအင်လို့ တိုင်ပေးတော့ ဒီဒီကနောက်
ကနေ သံချပ်လိုက်သည် ။ ဘေးလူတွေလဲ ရယ်ကြ ၊
ကွင်းထဲမှာ ကန်နေတဲ့လူတွေလဲ ရယ်ကြ ၊ ဂျုံအင်
ကတော့  မျက်နှာကြီးမည်းကြီး ဆဲတော့တာမှမွှန်ထူ
နေတာပါပဲ  ။ ချွေးတဒီးဒီးနဲ့ အားကြိုးမာန်တက်ကန်
နေပေမဲ့ သူပြန်ရတဲ့ သံချပ်ကြောင့် ဒေါသတွေ အ
ချောင်းလိုက် အတစ်လိုက်ထွက်ပြီးသွေးတက်နေပြီ ။

Blue 💙Tahanan ng mga kuwento. Tumuklas ngayon