Blue - Three

5.5K 1.2K 47
                                    

ဘလူးကိုလား  ခေါင်းပြာလေးကိုလား 💭

ချန်းယောလ်တစ်ယောက် အတွေးရခက်နေတော့
သည် ။ အရင်ကတော့  ဘလူးဆိုတဲ့ အကောင့်လေး
ကြောင့် သူ ပြုံးမိပြီး ၊ လာဖွင့်ပြောတိုင်း ငြင်းပါတယ်
ခင်ဗျ တခွန်းထဲနဲ့ပဲ ပြန်စ,တတ်သည်။ ဒါပေမဲ့ ဟို
ရက်ပိုင်းလောက်က ဆံပင်အပြာလေးနဲ့ကောင်လေး
ကြောင့် သူ ပြုံးမိပြန်သည် ။သူ လူနှစ်ယောက်ကြောင့်
ပြုံးတတ်လာခဲ့သည် ။ သူ အခု ဘယ်သူ့ကို သဘော
ကျနေမိတာလဲ ။ ဘလူးကိုလား ခေါင်းပြာလေးကိုလား ။ သူ တကယ် မရွေးတတ်တော့ဘူး ။ ဘလူးကို
ပြန်စနောက်ရတာကိုလဲ သူ သဘောကျပြီး ၊ခေါင်းပြာ
လေးကိုလဲ  လိုက်ကြည့်ရတာ သဘောကျသည် ။
ဘယ်သူမှန်ဘယ်ဝါမှန်းမသိပေမဲ့လဲ ဘလူးကို သူ
တိတ်တခိုးလေး  လိုက်ရှာကြည့်နေမိပေမဲ့ အစအန
တောင် မသိရပါဘူး ။ဘလူးလေးက ခြေရာလက်ရာ
ဖျောက် ကျွမ်းကျင်သည် ။

" ကိုကိုနော်  ဒီဒီ့ကိုလာမပြောနဲ့ ဘလူးကိုပြော "

ရုတ်တရတ်ကြီး ဘလူးလို့ သူကြားလိုက်ရတယ်  ။
အထက်တန်းကျောင်းသား ညီလေးတစ်ယောက်ကို
လာကြိုတာမို့ ကျောင်းရှေ့ကနေ ကားရပ်ပြီးစောင့်
နေတုန်း  ထွက်လာတဲ့ ကျောင်းသားကျောင်းသူအုပ်
ထဲကနေ ဘလူးဆိုတဲ့နာမည်လေးကို ခေါ်သံကြား
လိုက်ရတာမို့ ကျီးကန်းတောင်မှောက် ရှာမိပေမဲ့
ဘယ်သူမှန်း  မတွေ့ရ ။ ကလေးတွေက ကျောင်းဝန်း
ထဲကနေ ထွက်လာတာ တစုစုတရုန်းရုန်း ။ပြောလိုက်
တာမှ  မိန်းကလေးအသံဖြစ်ပေမဲ့ ကလေးမလေး
တွေကလဲ  များတာမို့ ဘယ်သူမှန်းမတွေ့လိုက်ရ ။

"  သွားမယ်လေ အိမ်တန်းမပြန်သေးဘူးနော်
ဗိုက်ဆာတယ်   မေမေ့ဆိုင်ကိုဝင်ကြမယ်နော်  "

" အေးပါကွာ အေးပါ  "

ဝမ်းကွဲညီတော်ကြောင့် သူ့မှာကားထဲဝင်ခါနီးတောင်
လည်တဆန့်ဆန့်နဲ့ ဟိုရှာဒီရှာလုပ်ကြည့်ပါသေးတယ်၊

ဒီဒီတယောက်  ကျောင်းရှေ့ငုတ်တုတ်ထိုင်စောင့်နေ
ရင်း  ကိုကိုနဲ့ဘလူးကို ပါးစပ်ကလဲ ပွစိပွစိလုပ် ။
ကြည့်ဦး  အကုန်လုံး ပြန်ကုန်ကြတာတောင် သူတို့
နှစ်ယောက်က လာမကြိုကြသေးဘူး ။အကို နှစ်
ယောက်ရှိပြီး သုံးစားလို့ကိုမရဘူး ။ ခဏကြာတော့
ပေါ်တော်မူလာကြပါတယ် ။

Blue 💙Where stories live. Discover now