Blue - One

10.2K 1.4K 94
                                    


ဘလူး 💭 ငြင်းနိုင်သမျှတော့ ငြင်းထားပါ

ခေါင်းတခုလုံးက အပြာရောင် ။ လွယ်ထားတဲ့ လွယ်
အိတ်က အပြာရောင် ၊ ဖိနပ်အထိ အပြာရောင်။လက်
ညိုးထိပ်မှာ ကွင်းလေးစွပ်ပြီး လှည့်နေတဲ့ ကားသော့
မှာ ချိတ်ဆွဲထားတဲ့ အရုပ်ကလေးကတောင် အပြာ
ရောင် ။ ဖြူဖြူဖွေးဖွေး အသားအရည်ပေါ်မှာ ပတ်
ထားတဲ့  နာရီကြိုးကတောင် နက်ပြာပြာလေး ။
ဘောင်းဘီအိတ်ထဲ ထိုးထည့်ထားလို့ တဝက်လောက်
နီးပါးပေါ်နေတဲ့ ဖုန်းလေးရဲ့ကာဗာကလဲ အပြာရောင်၊
ယုတ်စွအဆုံး  စီးတဲ့ကားတောင် ပြာနေတာ ။
နာမည်ကိုတောင်  ဖြစ်နိုင်ရင် ဘလူးလို့ ပြောင်းချင်
ရင် ပြောင်းနေဦးမှာ ငတိလေးက ။ တဟီးဟီးနဲ့ရယ်
ပြလာတော့  ပါးနှစ်ဖက်က မို့်တက်လာပြီး သွားညီညီ
လေးတွေက စီခနဲ ပေါ်လာတယ် ။

"ငါ မနေ့ကအကြိမ် ၅၀မြောက် အငြင်းခံခဲ့ရတယ်  "

"   ဘာ  ! "

ဂျုံအင်အသံကြောင့်  လျှောက်လမ်းအလယ်ခေါင်မှာ
ရန်ဖြစ်နေတဲ့  အတွဲတစ်တွဲက လိပ်ပြာတွေ လွင့် မ
တတ် ထအော်ကြတော့တယ်  ။ အကိုကြီးက သူ့
ရည်းစားလေး လိပ်ပြာလွင့်သွားလို့ ကပြာကယာ ရေ
တဘူး ဖွင့်တိုက်နေတာ တဘူးလုံး ကုန်မတတ်ပဲ  ။
ရှေ့က အပြာရောင်လေးကတော့ ခေါင်းကို နောက်
လှန်ချပြီး အူတက်နေသလို  ရယ်မဆုံးတော့ဘူး ။
ဂျုံအင်မှာ အံ့သြလွန်းလို့ ပြောစရာစကား မရှိတော့
ဘူး  ။ ရှိလို့ပြောရင်တောင် ဒင်းက ဂရုစိုက်မှာမှ မ
ဟုတ်တာ  ။ ပြောလွန်းလို့လဲ ပါးစပ်က အမြုပ်တစီစီ
ထွက်ခဲ့ရဖူးပါတယ် ။ ဒင်းလေးက စောက်ဂရုမစိုက်
ပြန်ပါဘူး ။

"  ထပ်ပြီး   အကောင့်တုနဲ့ပဲလား  "

"  အင်း  ဘလူးလေးနဲ့လေ "

ဂျုံအင် သက်ပြင်းတချက်ချလိုက်တာ ပါးရည်တွေပါ
တွန့်သွားသလို ခံစားလိုက်ရတယ် ။ ဒင်းက လွန်ခဲ့တဲ့
သုံးနှစ်က ( အထက်တန်း)တုန်းက ကျောင်းက အကို
ကြီးတယောက်ကို သဘောကျလှပါတယ်ဆိုပြီး လာ
တိုင်ပင်ဖူးတယ်  ။ ဖွင့်ပြောကွာဆိုပြီး မြှောက်ပေး
လိုက်တာ  ကျွန်တော့်အမှားပါ ။ အဲ့ဒီ သုံးနှစ်အတွင်း
အဲ့ကောင် သွားဖွင့်ပြောတာ အကြိမ် ၅၀ ရှိပြီ ။ ဘု
ရားစူး ကြားကြားချင်း တကယ် လန့်ခဲ့ရပါတယ် ။ ဖြစ်
နိုင်ရင် လွန်ခဲ့တဲ့ သုံးနှစ်ကို ပြန်သွားပြီ ဖွင့်ပြောကွာ
ဆိုပြီး မြှောက်ပေးခဲ့တဲ့ ကိုယ့်ကိုကိုယ် လက်သီးနဲ့ အ
ချက်တစ်ရာလောက် ထိုးပစ်ချင်ပါတယ် ။မသေမချင်း
ဓားနဲ့ ထိုးသတ်ပစ်ချင်လှပါတယ် ။

Blue 💙Where stories live. Discover now