Blue - Nine

5.9K 1.2K 214
                                    

ကင်ဂျုံအင်က ဘာကောင်မို့လို့လဲ! 🔥

" ကင်ဂျုံအင်  အဲ့ဒီကောင်  ဘာကောင်လဲ "

သူ့မယ် ရင်ခွင်လေးထဲထည့် အရဲစွန့်ကာကလေးဘဝ
ထဲကအစ စုဆောင်းထားတဲ့ သတ္တိတွေကိုတစ်နေရာ
ထဲမှာတင် အားသွန်ခွန်စိုက် ကြိုးကြိုးစားစား ဖွင့်ပြော
မယ် ကြံစည်ကာမှ သူ့အပြာရောင်လေးကကင်ဂျုံအင်
ဆိုတဲ့တစ်ယောက်ရဲ့ လက်ထဲ ယက်ကန်ယက်ကန်
လေးနဲ့ ပါသွားရှာတော့၏ ။ သတ္တိလေးတွေက မီး
ညွှန့်မီးတောက်လေးတွေကို  အရှိန်အားကောင်းလာ
ပြီး  မီးညွှန့်တလူလူနဲ့ တဝုန်းဝုန်းထတောက်ခါနီးမှ
ကင်ဂျုံအင်က မီးသတ်ပိုက်နဲ့ ထိုးချသွားသလိုပဲ  ။

ထင်းမီးပုံလေးကို ရေနဲ့ပတ် ၊သေးနဲ့ပေါက်သွားသလို
ရှဲခနဲ ရှဲခနဲ အသံပေးပြီး သေ,သွားသလိုမျိုး ။

ရှဲခနဲ  ရှဲခနဲ  သူ့သတ္တိလေးတွေ !!

" အား   ! ငါ တကယ်ဖွင့်ပြောနိုင်ခဲ့တာပဲကွ ဟေ့
ကောင်  ဟွန်ဆောင်း ငါ့သူငယ်ချင်း ငါ့ကိုကြည့်ပါဦး
ငါ တကယ်ပဲ ဒီလက်တွေနဲ့ ဘလူးကို တင်းတင်းကြပ်
ကြပ်ဖက်ပြီး ဟော့ဒီရင်ခွင်ထဲ ဆွဲသွင်းပစ်ခဲ့တာ အား
ငါ တကယ် လုပ်နိုင်ခဲ့တာပဲ  ငါ ဝါး တကယ်ပဲကွာ "

ချန်းယောလ်ကာ ချက်ချင်းပဲ သူဖွင့်ပြောနိုင်ခဲ့တာကို
သတိရချင်းချင်းပဲ  သူ့လက်နှစ်ဖက်ကို ရှေ့ထုတ်ပြီး
ဖြန့်ကာဖြန့်ကာနှင့် တန်ဖိုးကြီးအရာနှင့် ထိတွေ့နိုင်ခဲ့
သလိုမျိုး ၊ ဖြစ်နိုင်ရင် ရေချိုးတဲ့အခါမှာတောင် လက်
နှစ်ဖက်မြှောက်ထားပြီး ချိုးမည့်ပုံစံမျိုး ၊ သူ့လက်တွေ
ကို  ဖြန့်ကားကာ တအံ့တသြနှင့် မင်သက်နေတော့
တယ် ။ ဘလူးလေးကို ဆွဲသွင်းခဲ့တဲ့ ရင်ခွင်ကျယ်ကြီး
ကို လက်နဲ့တဖုန်းဖုန်းထုကာထုကာ လုပ်ပြန်တာ
ကြောင့်  ကြည့်နေရတဲ့ ဟွန်ဆောင်းတောင် အသက်
ရှူမချောင်ချင်တော့ဘူး ။

" အဖြေမရဘဲ အသက်ပါ ပါတော့မယ်ထင်တယ် "

ဟွန်ဆောင်းတစ်ယောက် ချန်းယောလ်ကို ကြည့်ကာ
ကြည့်ကာနှင့် တိတ်တခိုး အတင်းအဖျင်းဆိုရသေး
တယ် ။ သူကိုယ့်သူတောင် နည်းနည်းဂုဏ်ယူမိသား၊
အချစ်ရေးအချစ်ရာနဲ့ပတ်သက်ရင် သုညအဆင့်သာ
ရှိတဲ့ငတုံးကို  ဒီလောက်ထိ လုပ်ပေးနိုင်တာ အရည်
အချင်းရှိလို့ပဲ ဖြစ်ရမယ် ။

Blue 💙Where stories live. Discover now