Blue - Four

5.4K 1.1K 77
                                    


မင်းတို့ကိုကြီ လူမှားသွားပြီတဲ့ ✨

[ Blue ] ချစ်တယ်ခင်ဗျ

ငြင်းပါမယ်ခင်ဗျ [ တဖက်လူ]

ဘတ်ဟျွန်း တစ်ယောက် သဘောတကျ ရယ်လိုက်မိ
၏ ။ သူ့မှာတော့ဖြင့် ငြင်းပါမယ်ခင်ဗျ ဆိုသည်ကို သ
ဘောခွြေ့ပီး ကျေနပ်နေမိပြီ ။အငြင်းခံရတာကိုတောင်
ပျော်နေမိသလိုလို ၊ ကြည်နှုးနေမိသလိုလို ၊ ပျော်ဝင်
နေမိသလိုလို ။ အငြင်းခံရတာကို ဝမ်းနည်းရမဲ့ ငြင်းပါတယ်ခင်ဗျ ဆိုတာကိုတောင် ရီပလိုင်းမလာမှာကို
ကြောက်နေမိပြန်တယ်။ဒီလူက ရုပ်ကလေးနဲ့ရီပလိုင်း
ပြန်ပုံလေး လိုက်ဖက်လှပါတယ် ။ ချစ်မိပြန်တော့လဲ
အငြင်းခံရတာတောင် ငြင်းတဲ့ပုံလေးက ချစ်စရာလေး
လို့ သဘောခွေ့ရပြန်တယ် ။ ဂျုံအင်ပြောသလိုများ သူ
ရူးများရူးသွားပြီလားတောင် မသိတော့ဘူးနော် ။

ဒီနေ့ ကင်ဂျုံအင်က နေ့တဝက်မှ ကျောင်းလာမှာမို့ သူ
တစ်​ယောက်ထဲ ကျောင်းကို ချီတက်လာရင်း ချန်း
ယောလ်နဲ့တွေ့ပြီး ပရုတ်သုတ်ခမကျခင် အရင်သွား
ဖွင့်ထားလိုက်တာ ။ချက်ချင်းကို ရီပလိုင်းလေးက ပြန်
လာတာပါဗျ ။ အချိန်ပြည့် အားယားနေသလားလို့မေးလိုက်ချင်ပေမဲ့  နောက်ခါတွေ ရီပလိုင်းမလာတော့ရင်
ဘယ်လိုလုပ်မလဲ ။

"  အမလေးဗျ!  "

ခေါင်းငုံ့ပြီး ဖုန်းကိုအကြည့်များတော့ တဖက်ကလာ
နေတဲ့လူနဲ့ တည့်တည့်ဝင်တိုးတော့တာပဲ ။  ကိုယ်က
အ့ခနဲအော်တော့ တဖက်လူက အမလေးဗျတဲ့ ။ထင်
သည့်အတို်င်းပဲ တဖက်လူဟာ ပတ်ချန်းယောလ် ။

" နာသွားလား  ကိုယ်က ဖုန်းကိုပဲ အကြည့်များပြီး "

ဒီလူက အားနာပါးနဲ့ သူ့လက်ထဲက ဖုန်းကို ကပြာက
ယာပိတ်ပြီး လွယ်အိတ်ထဲ ထိုးထည့်လိုက်တယ်။
ကြည့်ဦး  တိုက်ဆိုင်လိုက်တာများ အခုပဲ ရီပလိုင်းပြန်
ပြီး အခုချက်ချင်း လူချင်းဝင်တိုက်တယ် ။ဘတ်ဟျွန်း
လည်းပဲ ဖုန်းကိုပိတ်လိုက်ပြီး ဘောင်းဘီအိတ်ကပ်ထဲ
ထိုးထည့်ပစ်လိုက်တယ် ။

Blue 💙Where stories live. Discover now