[အပိုင်း ၈]

1.4K 265 19
                                    

Uni Code

အမှတ်တရတွေကို မေ့ပစ်ဖို့အတွက် အချိန်ဘယ်လောက်ယူတတ်လဲ ဂျူဟျွန်းမသိ။ တစ်ယောက်တည်းရှိချိန်တွေမှာ ဘေးကကိုယ်ငွေ့ကို တောင်းတတ်သည်။

၃လဟု ခေါင်းစဥ်တပ်ထားသည့်စာကို အိတ်ထဲပြန်ထည့်ပြီး စားပွဲပေါ်တင်ထားလိုက်သည်။ စာထဲတွင် သူမကိုဘယ်လောက်ထိ သဘောကျကြောင်းနှင့် သူမလိုလူမျိုးကို ဘယ်တော့မှထပ်ရှာတွေ့တော့မှာမဟုတ်ကြောင်း စီကာပတ်ကုံးရေးထားသည်။

ထိုစာခေါက်ကလေးကို အကြိမ်ကြိမ်ပြန်ဖတ်ပြီး ကြည်နူးခဲ့ဖူးသောကောင်မလေးက အခုတော့ လူရှုပ်ထွေးသည့်လမ်းကိုကြည့်ရင်း မှိုင်တွေနေတတ်လေပြီ။

ရင်ဘတ်ထဲမယ် နာမည်တပ်မရသည့် ဝေဒနာဟောင်းလောင်းပေါက်ကြီး။ တစ်ခုခုနှင့် ပိတ်ဆို့ထားချင်သည့်တိုင် မည်သို့လုပ်ရမည်မှန်း သူမမသိ။

ဖုန်းမြည်လာသည်။

"ဟယ်လို"

"ဂျူဟျွန်း "

* * *

"ဘေဘီ ကိုယ်တောင်းပန်ပါတယ် ဘေဘီ"

မင်ဟော့က သူမနောက်ကို တကောက်ကောက်နှင့်လိုက်သည်။ ဖြတ်သွားဖြတ်လာတိုင်း လည်ပြန်ကြည့်သည်အထိ ရုပ်ပျက်ဆင်းပျက်။

"ဘေဘီ"

"တော်တော့မင်ဟော့ ကိုယ့်လမ်းကိုယ်သွားလို့ မရဘူးလား"

"ကိုယ့်ကိုတစ်ကြိမ်လောက် အခွင့်အရေးထပ်ပေးပါ "

ဂျူဟျွန်း မင်ဟော့နှင့်မျက်နှာချင်းဆိုင်ရပ်လိုက်သည်။ အလိုမကျမှုကြောင့် မျက်မှောင်ကုတ်နေသောသူမကို မင်ဟော့ကအသနားခံသည့်အကြည့်တို့ဖြင့် ထိန်းချုပ်ထားသည်။

"ဘာလို့အဲ့လိုလုပ်ခဲ့တာလဲ"

သေချာပေါက်ဒီအဖြေဟာ မင်ဟော့ကို ပြန်တွဲသင့်မသင့် အဆုံးအဖြတ်ပေးလိမ့်မည်။ မင်ဟော့က..

"ကိုယ်မှားသွားခဲ့တာပါ အသိစိတ်လွတ်သွားတာပါ"

"ဘာလို့အဲ့လိုလုပ်ခဲ့တာလဲ "

Simply YoursWhere stories live. Discover now