[အပိုင်း ၄]

1.4K 259 11
                                    

Uni Code

တစ်ချို့များတွင် အလုပ်ဆင်းတာ နောက်ကျတတ်သည်။ သို့သော် လူရှုပ်နေဆဲလမ်းမပေါ်တွင် ညဥ့်နက်နေပြီဟု ထင်သည့်သူကခပ်ရှားရှား။

ထိုအခါမျိုးတွင် ဂျူဟျွန်းအထီးကျန်တတ်သည်။ ဘေးမှာတစ်ယောက်ယောက်ပါလျှင် အတော်လေးကောင်းမှာပဲဟုလည်း တွေးဖြစ်သည်။

စိတ်ထဲကလည်း လူတစ်ယောက်ကို တောင့်တလေ့ရှိသည်။ တစ်ခါတစ်လေ ပင်ပန်းနေချိန်မျိုးဆို ကိုယ့်ကိုကိုယ်လည်း အပြစ်တင်တတ်သည်။

ဒီထက်ပိုပြီး စိတ်ရှည်သည်းခံခဲ့လျှင် အခုလိုအခြေအနေမျိုးတွေ ရင်ဆိုင်ရပါ့မလား။ ဒီထက်ပိုပြီး နားလည်ပေးဖို့ကြိုးစားခဲ့လျှင် ဆူးလ်ဂီသည် သူမထံမှာ ပို၍ကြာကြာနေခဲ့ပါမည်လော။

ဂျူဟျွန်းမသိ။

အတိတ်ကဂျူဟျွန်းတွင် စိတ်ရှည်သည်းခံမှုနည်းပါးသော ချစ်ခြင်းသာရှိခဲ့သည်။

* * *

"မင်ဟော့ကပြောတယ် နေ့လည်စာကိုပုံမှန်စားပါတဲ့ "

ဂျူဟျွန်းကျောင်းထဲဝင်နေတုန်း ဘေးကစကားသံကြောင့် နားကြပ်ဖြုတ်ပြီး လှည့်ကြည့်မိလိုက်သည်။

"ဆူးလ်ဂီ? မင်ဟော့ရော ကျောင်းမလာဘူးလား"

"အင်း ပျင်းလို့တဲ့"

ဆူးလ်ဂီကြည့်ရတာ နေပြန်ကောင်းနေပြီထင်။ လူကခပ်လန်းလန်းဖြစ်နေသည်။ သို့သော် သူ့တစ်ယောက်မှာသာရှိသော အေးချမ်းမှုကလေးကလည်း အမြစ်တွယ်နေဆဲ။

"သြော်.. ဒါဆိိုဒီနေ့ နေ့လည်စာအတူစားကြမလား"

ဂျူဟျွန်းဘက်ကအရင် စခေါ်လိုက်တာမို့ ဆူးလ်ဂီက စဥ်းစားနေပုံပေါ်ပြီး ခဏအကြာတွင် ခေါင်းငြိမ့်ပြလေသည်။

"နှစ်ယောက်တည်းလား"

"အင်း ဘာဖြစ်လို့လဲ"

"မေးကြည့်တာ"

"သူငယ်ချင်းတွေ ခေါ်လာလည်းရတယ်လေ ငါလည်းသူငယ်ချင်းတွေ ခေါ်လာလိုက်မယ်"

Simply YoursWhere stories live. Discover now