[အပိုင်း ၆]

1.5K 268 17
                                    

Uni Code

ပန်းပွင့်လေးတွေကြွေရင် ဝမ်းနည်းစရာကောင်းတယ်လို့ တွေးခေါ်တတ်တဲ့သူရဲ့စိတ်ဟာ သိပ်ကိုနူးညံ့တယ်လို့ထင်သလား။

မရည်ရွယ်ပါဘဲ လူတစ်ဖက်သားကို ဘယ်အတိုင်းအတာထိ နာကျင်အောင်လုပ်လို့ရသလဲ။ ကိုယ်တိုင်တောင်မသိဘဲ၊ သတိတောင်မထားမိဘဲ။

ဆူးလ်ဂီဟာ ပန်းပွင့်လေးတွေထိခိုက်မှာကို စိုးရိမ်တတ်သူဖြစ်ပြီး သူမကိုလည်း စိတ်ရောကိုယ်ပါ ဒဏ်ရာမရစေလိုကြောင်း ဘတ်စ်ကားအတူစီးတုန်းကမြင်ခဲ့ရတဲ့ ခိုငှက်ကလေးကိုတိုင်တည်ပြီး ဆုတောင်းပေးဖူးသည်။

* * *

"ဂျူဟျွန်း အိမ်မပြန်ဘူးလား"

"နင်ဘယ်သွားမှာလဲ"

"အလုပ်"

"ငါလည်းလိုက်မယ်"

"မင်ဟော့ကရော"

"​သူ့သူငယ်ချင်းတွေနဲ့ ချိန်းထားတယ်ဆိုလားပဲ အတန်းမပြီးခင်က ငါ့ကိုစာပို့ထားတယ်"

"သြော်"

ဆူးလ်ဂီက ခြေလှမ်းတွေကို အရှိန်လျှော့လျှောက်ရင်း သူမကိုစောင့်တယ်။ ကုတ်အင်္ကျီရှည်ရဲ့အိတ်ကပ်ထဲ လက်နှစ်ဖက်ကိုထည့်ထားပြီး အအေးဒဏ်ကြောင့် နှာခေါင်းတွေဟာနီရဲရဲ။

"လမ်းလျှောက်သွားမှာလား "

"ဘတ်စ်ကားစီးမှာ"

ဂျူဟျွန်းခေါင်းငြိမ့်ပြလိုက်ရင်း အအေးဒဏ်ကြောင့် ကိုယ်ကိုကျုံ့လိုက်မိသည်။

"မအေးဘူးလား ဆူးလ်ဂီ"

"အေးတယ်"

"ဒါဆိုဘာလို့မာဖလာတို့ လက်အိတ်တို့ ယူမလာတာလဲ"

"ဒီတိုင်း "

"ဒီတိုင်း?"

"ဒီတိုင်းအလုပ်ရှုပ်လို့"

အဖြေကြောင့် ဂျူဟျွန်းခေါင်းတခါခါလုပ်မိတော့ ဆူးလ်ဂီကဘာမှမပြော။ နေမကောင်းဖြစ်ပြီး လည်ပင်းတွေနာလိမ့်မယ်လို့ သတိပေးဖို့စဥ်းစားမိပေမယ့် ပါးစပ်ကမပြောဖြစ်။

Simply YoursTempat cerita menjadi hidup. Temukan sekarang