[အပိုင်း ၃]

1.5K 267 9
                                    

Uni Code

ဖန်ခွက်ချင်းထိခတ်သံ၊ စကားစမြည်တိုးတိုးပြောသံတစ်ချို့၊ ဝါကျင့်ကျင့်မီးလုံးများနှင့် ခပ်ငြိမ့်ငြိမ့်ကြားနေရသည့် တေးဂီတသံချိုချိုများ။

ဂျူဟျွန်းရယ်မောနေသည်။ စားပွဲဝိုင်းကို ဆိုဖာတွေက ဝန်းရံထားတာကြောင့် သူမအနားတွင် သူငယ်ချင်းများ ဝန်းရံထားသလိုဖြစ်နေသည်။

နေရာဒေသအလိုက် ပြောင်းလဲသွားတတ်သော အရက်တစ်ချို့၏ အရသာကိုလည်း သတိထားမိသည်။ သိပြီးသားဖြစ်သော ​ရှေးဟောင်းနှောင်းဖြစ်များအား ပြောပြရတာလည်း ကောင်းသောခံစားချက်မှန်းသိသည်။

ဟယ်ယောင်းတစ်ယောက် ပူပူနွေးနွေး သူ့အိမ်ထောင်ရေးအကြောင်းကို အကျယ်တဝင့်ပြောပြနေသည်။ ဂျူဟျွန်းအတွက်တော့ အိမ်ထောင်ပြုဖို့ရာ စောသေးသလိုလို။

သေချာစဥ်းစားကြည့်လျှင် သူမမှာ တစ်နေ့အိမ်ထောင်ပြုမည်ဟု ကြိုတင်စဥ်းစားထားသော အနာဂတ်မျိုးမရှိ။ စိတ်မကောင်းစရာ။

"ဂျူဟျွန်းကစကားတောင် သေချာမပြောပါလား"

"နင်တို့ပြောသမျှကို နားထောင်နေရတာနဲ့ ပြောချိန်တောင်မရဘဲနဲ့များ"

"ပြောဦးဟဲ့ ဂျပန်မှာရည်းစားဘယ်နှစ်ယောက်တောင်ရခဲ့လဲ "

ဖန်ခွက်သေးသေးလေးထဲက အကြည်ရောင်အရည်တွေကို မော့ချပြီးမှ ဂျူဟျွန်းခေါင်းခါပြလိုက်သည်။ အကုန်လုံးကမယုံနိုင်။

"လေးနှစ်အတွင်း ရည်းစားတစ်ယောက်တောင် မထားခဲ့ဘူးလား"

"အလုပ်ကိစ္စအတွက်သွားတာလေ ရည်းစားထားဖို့သွားတာမှမဟုတ်တာ"

"ဒါပေမယ့်ဟာ.. "

အကုန်လုံးက ဂျူဟျွန်းကိုအားမလိုအားမရဖြင့်ကြည့်သည်။ ဘာမှမတတ်နိုင်တာကြောင့် ပုခုံးသာပြန်တွန့်ပြနိုင်သည်။

"ကဲ ငါပြန်တော့မယ် မနက်ဖြန်အလုပ်ရှိသေးတယ်"

"ကိုးနာရီပဲရှိသေးတယ်လေဟယ် "

Simply YoursWhere stories live. Discover now