အပိုင်း [၁]

4.9K 325 13
                                    

Uni Code

"လမ်းခွဲရအောင်"

ဝတ္ထုတွေ၊ ရုပ်ရှင်တွေထဲကလိုပဲ။
ဇာတ်သိမ်းခန်းက အရမ်းပုံမှန်ဆန်လွန်းတယ်။ ထိုင်နေကြဆိုင်၊ သောက်နေကြကော်ဖီ၊ အတူရှိနေကြလူနဲ့ပဲ ဇာတ်တစ်ခုဟာသိမ်းတယ်။ ငိုသံမရှိ၊ တောင်းပန်သံမရှိ၊ ဘာလို့လဲနဲ့အစချီတဲ့ မေးခွန်းထုတ်သံတွေမရှိ။

"အင်း သဘောလေ"

ဂန်ဆူးလ်ဂီဆီက ဘာကိုမျှော်လင့်လို့ရမှာလဲ။ ဒီစကားမျိုးပဲကြားရမယ်လို့ ဂျူဟျွန်းသိနှင့်ပြီးသားပဲ။

"ငါသွားတော့မယ်"

"အင်း ဂရုစိုက်သွား"

ဆူးလ်ဂီမျက်နှာကိုမကြည့်၊ ကော်ဖီတွေလည်း ကုန်အောင်မသောက်ဘဲ ဆိုင်ထဲကနေ ဂျူဟျွန်းထွက်လာသည်။ အပြင်ကိုခြေချထားပေမယ့် ချက်ချင်းထွက်မသွားနိုင်သေး။ ရင်ဘတ်ထဲကနေ တစ်စုံတစ်ခုဟာ တဆစ်ဆစ်နာကျင်နေသည်။

"လမ်းခွဲလိုက်တာပဲကောင်းပါတယ်"

တိုးတိုးရေရွတ်ပြီးနောက် ထိုနေရာမှဂျူဟျွန်းခွာတော့သည်။ ဆိုင်ထဲတွင် ဆူးလ်ဂီတစ်ယောက် အဆင်ပြေပြေကျန်ခဲ့မယ်လို့လည်း ယုံကြည်သည်။ သူဟာ တစ်ယောက်တည်းလည်း အမြဲအဆင်ပြေတယ်ဆိုတာ ဂျူဟျွန်းသိထားပြီးသားပဲ။

ထိုသို့ဖြင့် သူတို့နှစ်ယောက်၏ အချစ်ဇာတ်လမ်းလေးမှာ တစ်ခန်းရပ်သွားတော့သည်။

* * *

လေးနှစ်ကြာပြီးနောက်

"ဂျူဟျွန်း အစည်းအဝေးခန်းထဲမှာ ဒါလေးတွေအသင့်ပြင်ထားပါ"

"ဟုတ်ကဲ့"

ဒုဥက္ကဌလက်ထဲက စာရွက်စာတမ်းတွေကိုယူပြီး အစည်းအဝေးခန်းဘက် ဂျူဟျွန်းထွက်လာခဲ့သည်။ နောက်နှစ်နာရီမှစမည့်အစည်းအဝေးအတွက် အခုကတည်းကကြိုတင်ပြင်ဆင်ထားရခြင်း။

"ဂျူဟျွန်း စာရွက်တွေစီပြီးရင် နားနေခန်းကိုလာခဲ့လေ ကျွန်တော်တို့တစ်တွေကော်ဖီလေးဘာလေးသောက်ရင်း ခဏနားကြတာပေါ့"

Simply YoursWhere stories live. Discover now