[အပိုင်း ၁၄]

1K 189 10
                                    

Uni Code

"မင်္ဂလာပါ ဒီနေ့တင်ဆက်ပေးမှာကတော့ မြင့်တက်လာသည့် ကုန်စျေးနှုန်းများအကြောင်းပဲဖြစ်ပါတယ် အစီအစဥ်မှာ ပါဝင်တင်ဆက်ပေးဖို့ ကျွမ်းကျင်ပစ္စည်းရောင်းချသူ ဂန်ဆူးလ်ဂီကို ဖိတ်ခေါ်လိုက်ရအောင် "

အနွေးထည်၏ ကြိုးနှစ်စကို နက်တိုင်ကြိုးလိုဆွဲရင်း ဂျူဟျွန်းချောင်းဟန့်လိုက်သည်။ ထိုအခါ ကောင်တာနောက်တွင် ပစ္စည်းများစစ်နေသောဆူးလ်ဂီက အရှေ့လှည့်လာလေသည်။

"မင်္ဂလာပါ ဂန်ဆူးလ်ဂီပါ "

"ဟုတ်ကဲ့ ဆူးလ်ဂီ တွေ့ရတာဝမ်းသာပါတယ် မြင့်တက်လာတဲ့ ကုန်စျေးနှုန်းနဲ့ပါတ်သတ်ပြီး မေးခွန်းလေးအချို့ မေးမြန်းချင်ပါတယ်ရှင့် "

"တဆိတ်လောက် "

ဆူးလ်ဂီက လက်ဖြန့်ပြီးတားသည်။ သူဘာလုပ်မလဲ ဂျူဟျွန်းစောင့်ကြည့်နေတုန်း ဗီဒီယိုရိုက်နေသည့်ဖုန်းကိုယူကာ မှတ်သားဖွယ်စကားများကို ပြောချလေသည်။

"ကုန်စျေးနှုန်းတက်လာပါတယ် ဒါပေမယ့် တက်လာတဲ့ကုန်စျေးနှုန်းနဲ့အညီ လိုက်မနေနိုင်တဲ့ ကိုယ့်ဘဝကို အရင်တိုးတက်အောင်လုပ်ပါ ဒါပါပဲ "

"အာ.. ဆူးလ်ဂီရား "

ဖုန်းပြန်ယူရင်း ဂျူဟျွန်းဗီဒီယိုရိုက်တာကို ရပ်လိုက်သည်။ ဆူးလ်ဂီက ခေါင်းတခါခါဖြင့် လုပ်လက်စကို ဆက်လုပ်နေလေသည်။

"အမှတ်တရရိုက်နေတာကို အဲ့လိုကြီးမဖျက်နဲ့လေကွာ "

"ငါမဖျက်ဘူးလေ ဒီတိုင်းအမှန်တရားကိုပြောပြတာ "

သူ့စတိုးဆိုင်စီစီတီဗီပျက်နေတာကို အခွင့်ကောင်းယူကာ ဂျူဟျွန်းနှင့်အတူ အလုပ်လုပ်လိုက် စကားများလိုက်ဖြင့် ဆူးလ်ဂီဟန်ကျနေသည်။ သူနှင့်အတူရှိနေရ၍ ဂျူဟျွန်းလည်းပျော်သည်။

"ဒါပေမယ့်နင်ကလည်း "

"နင်ကမလည်းနဲ့ ခဏနေရင် အထက်လူကြီးလာမှာ အဆင်သင့်ပြင်ထားဦး "

Simply Yoursحيث تعيش القصص. اكتشف الآن