"ကိုကို့အတွက် ကလေးငယ် ဘာမှ ပြောင်းလဲပေးစရာမလိုဘူး၊ အရှိတိုင်းသာနေပါ ကလေးငယ်၊ ဒါ ကိုကို့ရဲ့ တောင်းဆိုချက်ဆိုတာ ပိုမှန်မယ်၊တခြား ဘယ်အရာမှမလိုဘူး ကလေးငယ်နဲ့ တူတူ ရှိနေရရင် တော်ပြီ၊ ကိုကို့အတွက် ဘာကိုပဲ စွန့်လွှတ်ရ စွန့်လွှတ်ရ ကလေးငယ်ကိုတော့ မစွန့်လွှတ်နိုင်ဘူး"
"..........."
"နာကျင်စရာတွေကို မေ့လိုက်ပါ ကလေးငယ်၊ကိုကိုက ကလေးငယ်ဘက်မှာ ရှိနေတယ်၊ ကိုကိုကလည်း ဘယ်သူ့ကိုမှ ဂရုစိုက်နေမှာ မဟုတ်တဲ့သူ၊ ဒါကြောင့် ကလေးငယ်က ကိုကိုနဲ့ တူတူ ပျော်ပျော်ရွှင်ရွှင်လေးသာ နေပေး၊ ကျန်တာ ကိုကို့ကိစမို့ ကလေးငယ် စိတ်မညစ်ပါနဲ့ ဝမ်းလည်းမနည်းပါနဲ့"
"သားနဲ့ ကိုကို့နဲ့ကို ခွဲဖို့ လူတွေ ရှိလာခဲ့ရင်ရော၊ အဲ့လူတွေက ကိုကို့ကို တနည်းနည်းနဲ့ ခေါ်သွားရင်ရော"
ဒီစကားအတွက် ကလေးငယ်ဟာ အားယူပြောနေရမှန်း သိသာသည်။ တုန်ယင်နေသော အသံကို ထိန်းချုပ်ပြီး အဆုံးနားရောက်တော့ တိမ်ဝင်သွားတဲ့အသံနဲ့အတူ ကျဆင်းလာတဲ့ မျက်ဝန်းထဲက မျက်ရည်
တခြားသူအတွက်တော့ မသိ၊ ထို မျက်ရည်ဟာ ကျွန်တော့်အတွက် တန်ဖိုးရှိလှသည်။ ကျွန်တော့်ရဲ့ နှလုံးသားကိုပင် နာကျင်သွားအောင် လုပ်နိုင်တဲ့ မျက်ရည်၊ တခြားသူကြောင့် မနာကျင်ရပေမယ့် ကလေးငယ်ကြောင့် ကျွန်တော် နာကျင်ရသည်။
"ကဲ ဘာလို့ တွေးနေတာတုန်းကလေးငယ်ရဲ့၊ ကိုကိုနဲ့ ကလေးငယ်ကို ဘယ်သူက လာခွဲရဲမှာလဲ၊ ကိုကို့ကို ယုံ၊ ကလေးငယ်ကော ကိုကို့ကိုရော ဘယ်သူ့ကိုမှ လာမထိစေရဘူး"
*ဘာလို့ဆို လာထိတာနဲ့ အားလုံးကို သတ်ပစ်မှာမို့*
ဝမ်းနည်းနေတဲ့ ကလေးငယ်အား ဘာမှ မပြောပေမယ့် ကျွန်တော့်ကို မှီကာ မျက်လုံးကို မှိတ်ထားသည်။
"ကလေးငယ် လိမ်မာပါတယ် ကိုကို ဆေးထည့်ပေးမယ်နော်"
ကလေးငယ်ရဲ့ ဒဏ်ရာတွေအား ဆေးထည့်ပေးကာ စပ်နေမှာစိုးတာကြောင့် လေအေးနဲ့ မှုတ်ပေးလိုက်သည်
"အရမ်း မစပ်တော့ဘူးမလား"ဆိုတော့ ခေါင်းလေးတော့ ညိမ့်ပြသည်။
YOU ARE READING
To Love❤(Complete)
Romanceမမြင်မတွေ့ဖူးကြတဲ့ လူသားနှစ်ယောက် ဘိုးဘွားတို့ရဲ့ ကတိတွေကြောင့် လက်ထပ်ဖို့ရန် အကြောင်းဖန်လာသောအခါ
Part 40*
Start from the beginning