Side Story 2 (Gu❤️Lin)

5.5K 1K 84
                                    

Zawgyi

What Should I Do if the School Bully is Interested in Me

Ch92 - Side Story 2 – Completely Aloof Today (Gu Ming Ren x Lin Jiang)


ကုမင်းရန်က အဖြူရောင်ရှပ်အင်္ကျီနဲ့ ပေါ့ပေါ့ပါးပါးဘောင်းဘီရှည်တစ်ထည်ကို ဝတ်ဆင်ထားကာ ညာဘက်လက်မှာ စာအုပ်တစ်အုပ်ကိုကိုင်ရင်း သူ့ဆီကို အေးစက်စွာ လျှောက်လှမ်းလာလေတယ်။

လင်းကျန်က အဲ့ဒီမျက်နှာပေါ်က ကိုယ့်ကိုကိုယ်ထိန်းချုပ်ထားတဲ့အမူအရာတွေကိုစိုက်ကြည့်နေတယ်။သူ့ခေါင်းထဲမှာ ထိုသူက သူ့ကိုယ်ထဲ မရပ်မနားထိုးဆောင့်နေတဲ့ပုံရိပ်တွေနဲ့ ပြည့်လာရင်း သူ့ရဲ့အနည်းအကျဉ်းသော ဝေါဟာရတွေထဲကနေ စကားလုံးတစ်လုံးပေါ်လာတယ်။

ဘီလူးကောင်။

ထိုကိစ္စတွေပြီးချိန်မှာ ကုမင်းရန်က ပျောက်သွားလိုက်တာ ခုနေ့ထိ ပေါ်မလာခဲ့ဘူး။ဒါကြောင့် ကျောင်းမှာဆိုရင် သူတို့ဆက်ဆံရေးကို ဘယ်လိုသတ်မှတ်မှာလဲဆိုတာ မေးဖို့ သူ့မှာ အခွင့်အရေး မရလိုက်လေဘူး။

သူတို့က ဒီလို မျက်နှာချင်းဆိုင်ကြီး တွေ့လိုက်ရတော့..တစ်ယောက်နဲ့တစ်ယောက်နှုတ်ဆက်လိုက်ရမလား။ဒါမှမဟုတ် မသိချင်ယောင်ဆောင်ရမှာလား။

ဘာပဲဖြစ်ဖြစ် သူကသာ ခန္ဓာကိုယ်ရောင်းစားခဲ့တဲ့လူဆိုတော့ ကုမင်းရန်လို A-list နတ်ဘုရားကြီးရှေ့မှာ နာမည်ခေါ်ဖို့ထိုက်တန်တဲ့လူတစ်ယောက်မှ မဟုတ်ပဲလေ။

သို့သော်လည်း သူမေးမှာကို စောင့်မနေပဲ ကုမင်းရန်ဟာ သူ့အပြုအမူတွေနဲ့ အဖြေပေးသွားတယ်။ မျက်နှာသေနဲ့ပဲ သူဟာ လင်းကျန်ပခုံးကို တိုက်ချသွားတယ်။ တစ်ချက်လေးတောင် လှည့်ကြည့်မသွားဘူး။

လင်းကျန်ခန္ဓာကိုယ်က ခဏလောက် တောင့်ခဲသွားတယ်။ပြီးမှ သူဟာ ချွန်ထက်လှတဲ့ကျားသွားစွယ်နှစ်ချောင်းပေါ်အောင် နှုတ်ခမ်းတွေကိုဆွဲဆန့်ပြုံးလိုက်တယ်။

ကောင်းပြီ။ သူသဘောပေါက်လိုက်ပြီ။

လင်းကျန်က ခုံလွတ်တစ်ခုံရှာပြီး ထိုင်ချလိုက်တော့တယ်။

အတန်းစချိန်မှာ တက်ရောက်သူစာရင်းကိုစခေါ်တော့တယ်။ အသက်ကြီးကြီးပရော်ဖက်ဆာက နှစ်လိုဖွယ်ရာကောင်းပြီးတော့ ဟာသဥာဏ်လည်းရှိတယ်။သူက စာရင်းကိုလှန်လှောကြည့်လိုက်ရင်း ဆိုတယ်။

ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]Where stories live. Discover now