Side Story 25 (Gu❤️Lin)

5.9K 1K 44
                                    

Unicode

What Should I Do if the School Bully is Interested in Me

Ch115 - Side Story 25 – Son of a Bitch Who Damages a Country and Causes Suffering to the People (Gu Ming Ren x Lin Jiang)

သူ နိုးလာတဲ့အခါ အတော်နေမြင့်နေပြီ ဖြစ်လေတယ်။
 
လင်းကျန် မျက်လုံးတွေဖွင့်လိုက်တော့ သူဟာ ကိုယ်လုံးတီးဖြစ်နေပြီးတော့ ကုမင်းရန်ရဲ့ သန်မာလှတဲ့ရင်အုပ်ကြားမှာ အချုပ်ခံထားရတာကို သတိပြုမိသွားတယ်။

သူလှုပ်ဖို့ကြိုးစားလိုက်တော့ ချက်ချင်းပဲ ခန္ဓာကိုယ်ကနေ နာကျင်ခြင်းကို ခံစားလိုက်ရတယ်။လင်းကျန် လေအေးတစ်ချက်ကိုရှုသွင်းပြီး စုတ်သပ်လိုက်ချိန်မှာ သူ့ခေါင်းအထက်ကနေ သိမ်မွေ့တဲ့အသံတစ်သံကိုကြားလိုက်ရတယ်။

"နိုးပြီလား"

လင်းကျန်ရဲ့ကျောပြင်ပေါ် ကျရောက်နေတဲ့ကုမင်းရန်ရဲ့ လက်တွေက သူ့ပခုံးပြင်တွေဆီကနေ ခါးဆီကိုရွေ့လျားလာတယ်။ အဲ့ဒီနောက်မှာတော့ သူ့တင်ပါးလေးရဲ့အက်ကွဲကြောင်းကို ခပ်ဖွဖွ ပွတ်သပ်နေတော့တယ်။

"ငါ -ိုး ရပ်တော့!

ကုန်းပေါ်အတင်ခံလိုက်ရတဲ့ ငါးတစ်ကောင်အလား လင်းကျန်ဟာ နှစ်ခါလောက်တွန့်လိမ်လိုက်ပြီးတော့ ကုမင်းရန်လက်ကို ဖိကိုင်ကာ တစ်နေ့တာရဲ့စောစောစီးစီးအချိန်ခါမှာ ဖောင်းဒိုင်းလုပ်ခံရမယ့်အရေးကို တားမြစ်လိုက်တယ်။

ကုမင်းရန်က ရိုးသားရှာပါတယ်။ တကယ်တမ်းတော့ သူဟာ လင်းကျန်ဖင်ကို ဆွဲပဲဆွဲဆိတ်ချင်တာလေ။

နွေးထွေးလှတဲ့ ဆောင်းတွင်းနေရောင်ခြည်က မှန်ပြတင်းပေါက်ကိုဖြတ်ကာ ကုတင်ပေါ်မှာ တောက်ပထိန်လင်းနေတာကြောင့် လင်းကျန်ရဲ့ ခြေသလုံးသားတစ်ဝက်လောက်ကိုပါ အလင်းရောင်ပေးသလိုဖြစ်နေတယ်။ အခန်းကလည်း အပူပေးထားတာကြောင့် သူ အေးတယ်လို့တောင်မခံစားရဘူး။

"မင်း ဒီနေ့ အတန်းတက်စရာ မရှိဘူးလား"

လင်းကျန် ဒူးထောက်ထိုင်ရင်း သူ့ခါးသူ နှိပ်နယ်လိုက်တယ်။ အဝတ်အစားတွေနဲ့အတွင်းခံတွေက အခန်းရဲ့ကြမ်းပြင်တစ်ခုလုံးမှာ ရှုပ်ပွစွာပြန့်ကြဲနေတာကိုမြင်လိုက်ရတော့ သူ တိတ်ဆိတ်သွားတယ်။ အဲ့ဒီနောက် သူ ရှုးပေါက်ဖို့ရာ ရေချိုးခန်းဆီ သွားလိုက်လေတယ်။

ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]Where stories live. Discover now