Ch14 - နံပါတ် ၅ရေ ,နံပါတ် ခြောက်က မင်းကို မင်းသမီးလေးလို ပွေ့ချီတာကို လက်ခံရမယ်

11K 1.8K 9
                                    

Zawgyi

What Should I Do if the School Bully is Interested in Me




လက်ခံရမယ်

သူတို့နှစ်ယောက်က တက္ကစီ ငှားလိုက်တယ်။ ဟယ်ချန်းမင်က အဲဒီနေရာနဲ့ အကျွမ်းတဝင် ရှိတာကြောင့် သူက ဒရိုက်ဘာ ကို အမြန်ပဲ လမ်းညွှန်ပေးလိုက်နိုင်တယ်။

သူတို့ အခန်းတံခါးကို တွန်းဖွင့် ဝင်လိုက်တော့ နားကွဲလုမတက် ကျယ်လောင်တဲ့ သီချင်းသံတွေနဲ့ ပြိုးပြိုးပြက်ပြက် အလင်းရောင်တွေက ကျိလျောင်ကို ပြာဝေ မတက်တောင် ဖစ်သွားစေတယ်။

သူက ဟယ်ချန်းမင် နောက်ကနေ လိုက်ဝင်လာတယ်။ သူတို့အထဲရောက်တာနဲ့ လင်းကျန် က စိတ်မရှည်စွာနဲ့ နှုတ်ဆက်တော့တာပဲ။

"ကျိလျောင်၊ မင်ကော ဒီကိုလာကြ!"

သူစကားပြောပြီးပြီးချင်းပဲ လူတိုင်းရဲ့အကြည့်က သူတို့ဆီ ရောက်လာတယ်။ သီချင်းဆိုနေတဲ့သူတွေတောင် ရပ်သွားကြလို့ တီးလုံးသံ တစ်ခုတည်းသာ ထွက်ပေါ်နေတယ်။ ကျိလျောင်က မသိလိုက်မသိဖာသာပဲ ခေါင်းကြီးငုံ့သွားတယ်။

ဒီလို အာရုံစိုက်ခံရတာမျိုးနဲ့ သူ အသားမကျသေးဘူးလေ။

ဒါပေမဲ့ ဟယ်ချန်းမင်အတွက်ကတော့ ကိစ္စ မရှိလေဘူး။ ဂုဏ်ရှိန်ဂုဏ်ဝါရှိသူတို့ ပုံစံမျိုးနဲ့ပဲ သူက ခြေလှမ်းကျဲကျဲ နဲ့လျောက်သွားရင်း အလယ်မှာ ဝင်ထိုင်လိုက်တယ်။

ကျိလျောင်က အနားရောက်မှ ကုမင်းရန်လည်း ရှိနေတယ်ဆိုတာ သတိပြုမိတယ်။ သူ့ရဲ့ ရှည်လျားတဲ့ခြေထောက်တွေက တစ်ခုပေါ်တစ်ခု ကန့်လန့်ဖြတ် တင်ထားပြီးတော့ မထီတထီ ပုံစံနဲ့ ဆိုဖာပေါ်မှီရင်း ဆေးလိပ်သောက်နေလေတယ်။သူ့အပြုအမူတွေက ကျင့်သားရနေတဲ့ လူဟောင်းတစ်ယောက်အတိုင်းပဲ။

ကျိလျောင်က အံ့သြသွားမိတယ်။ ကုမင်းရန် လို တည်ကြည်တဲ့လူက တကယ်တမ်းကျ ဆိုရှယ်ကျတယ် ဆိုတာ သူမမျှော်လင့်ထားမိဘူး။ တကယ်ပဲ လူတွေကို အပြင်ပန်းပုံစံကြည့်ပြီး ကောက်ချက် ချလို့မရဘူးပဲ။

ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]Where stories live. Discover now