Ch21 -အနမ်းကနူးညံ့ပြီး ချိုမြိန်တယ်

11.7K 1.8K 8
                                    

Zawgyi

What Should I Do if the School Bully is Interested in Me




သူ ခံစားရတာတွေ သက်သာသွားတော့ ဗိုက်က ဆာလာရော။
 
သူတို့နှစ်ယောက်က ကန်တင်းကို မသွားတော့ပဲ ကျောင်းကထွက်လာခဲ့ပြီးတော့ ကျောင်းနားက နာမည်ကြီးတဲ့ ပုဂ္ဂလိက စားသောက်ဆိုင်ဆီ သွားခဲ့ကြတယ်

ကျိလျောင်က ယွီကျင်းနဲ့ ဒီကိုတစ်ခါလာစားဖူးတယ်။ အစားအသောက်တွေက ကောင်းပေမဲ့ ဈေးကတော့ အတော်ကြီးတယ်။ အဲဒီတော့ သူတို့တွေ ဘယ်တော့မှ ထပ်လာမစားတော့ဘူး။ ဒါပေမဲ့လည်း ဟယ်ချန်းမင်ပုံစံကတော့ ပုံမှန်ဖောက်သည်လိုပဲ။ ဘော့စ်က သူ့ကိုမြင်တော့ နွေးနွေးထွေးထွေး ကြိုဆိုရင်း မေးတယ်။

"အရင်လိုပဲ စားမှာလား"

ဟယ်ချန်းမင်က "အရင်လိုပဲ" လို့ဖြေရင်း ကျိလျောင်ကို ဖက်ထားရာက လွှတ်ပေးရင်း ထိုင်ဖို့နေရာ ရှာလိုက်တယ်။

ဝိတ်တာလေးက သူတို့ကို ရေဖန်ခွက်နှစ်ခွက် လာချပေးတော့ ကျိလျောင်က တစ်ငုံယူသောက်လိုက်တယ်။ သူ့ခေါင်းထဲမှာတော့ ကုန်ကျစားရိတ်ကို မျှရှင်းဖို့ မုန့်ဖိုးအလုံအလောက်ပါရဲ့လားဆိုတာကို တွက်ချက်နေလေတယ်။

"ကိုယ့်အစ်ကိုက ဒီစားသောက်ဆိုင်မှာဟရှယ်ယာပါတယ်။ ဒီတော့ စိုးရိမ်မနေနဲ့။ မင်းစားချင်တာသာစား"

ဟယ်ချန်းမင်က သူ့အတွေးတွေကို သိနေသလိုမျိုးနဲ့ ပြောပြလိုက်တယ်။

ကျိလျောင်က သူ့မျက်နှာပေါ်က အတွေးတွေကို အမိခံလိုက်ရတော့ ရှက်ရဲရဲဖြစ်သွားတယ်။ သူက တုံ့ဆိုင်းသွားပြီးမှ ခေါင်းစဉ်ပြောင်းပစ်လိုက်တယ်။

"မင်းမှာ အစ်ကို ရှိတယ်လား"

"အင်း အဖေတူ အမေကွဲ အစ်ကိုလေ။ သူကမှ စစ်မှန်တဲ့ မင်းသားလေးပေါ့။ ကိုယ်က ဘာကောင်မှ မဟုတ်ပါဘူး"

ဟယ်ချန်းမင်က အဲ့စကားကို စိတ်စနိုးစနောင့် ဖြစ်ခြင်းမရှိပဲ ပြောလိုက်တယ်။ ပန်းကန်တွေ ရောက်လာတော့ သူက မတ်တပ်ရပ်ရင်း ကျိလျောင်အတွက် ပန်းကန်လုံးနဲ့ တူ ကို ယူပေးလိုက်တယ်။

ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]Where stories live. Discover now