Extra 5(Gu❤️Lin)

4K 540 4
                                    

Unicode

What Should I Do if the School Bully is Interested in Me

Ch124 - Extra 5 - During the Wedding 1 (Gu Ming Ren x Lin Jiang)

လင်းကျန် ဆိုဖာပေါ်မှာခြေချိတ်ထိုင်နေကာ လက်ရှိမှာတော့ သူ့မိဘတွေနဲ့ ဗွီဒီယိုကောလ် ပြောနေလေတယ်။

"ကျွန်တော်ကဖြင့် လက်ထပ်တော့မှာကို မားတို့က မလာကြဘူးပေါ့လေ!"

လင်းကျန် ငှက်ပျောသီးကိုစိတ်ဆိုးမာန်ဆိုး အခွံနွှာရင်း ကြောက်စရာကောင်းအောင် ကိုက်ချလိုက်တယ်။

ဗွီဒီယိုထဲမှာတော့ သူ့ဖခင်ဟာ မျက်နှာပေါ်မှာ မသက်မသာအမူအရာတို့ရှိနေလေတယ်။ သူ့မိခင်ကတော့ ခေါင်းပေါ်မှာ အဖြူရောင်ခေါင်းစည်းရှိလို့နေတယ်။ နှစ်ယောက်သားက ဒူဘိုင်းမှာ ပျော်ပျော်ကြီးကို အလည်ထွက်နေကြတာဖြစ်တယ်။

"ဒီလိုလုပ်ရင်ရော။ သားအတွက် ပန်းကြဲပေးဖို့ စီစီကို ပြန်လာခိုင်းလိုက်မယ်လေ"

သူ့ဖခင်က တွန့်ဆုတ်စွာ ဆိုလိုက်တယ်။

လင်းစီစီက သူ့မိဘတွေ နိုင်ငံခြားမှာရောက်နေတုန်းရခဲ့တဲ့ ညီမလေးပဲ ဖြစ်တယ်။ သူမက ၆နှစ်ပဲ ရှိပြီးတော့ အရမ်းချစ်စရာကောင်းတယ်။ဒါပေမယ့် သူ့အမေက ၄၅နှစ်ပဲရှိနေပြီလေ။ သူမ ဘယ်လိုလုပ် ကလေးရသွားတာတုန်းဆိုတာ သူ့ကို တစ်ယောက်ယောက် လာရှင်းပြကြပါလား။

အဲ့ဒါထက် ဒီမိဘနှစ်ယောက်က ဘာဖြစ်နေကြတာတုန်း! ။အဲ့ဒီနှစ်က သူတို့တွေ နိုင်ငံကနေ ထွက်ပြေးတိမ်းရှောင်ရုံလေးပဲရှိသေးတာလေ။ အဲ့ဒါကိုတောင် အသက်သေးသေးလေး(လင်းစီရန်)ကို မွေးထုတ်ဖို့ စိတ်အားထက်သန်နေကြတုန်းတဲ့လား။

"ညီမလေးက အခု မင်းအဖေရဲ့အသည်းကျော် ဖြစ်နေပြီနော်။ မင်း သူ့ကိုစောင့်ရှောက်ရမယ်နော် ကြားလား"

ခဏတွေးလိုက်ပြီးနောက် သူ့အမေက သူဟာ ယုံစရာမကောင်းဘူးရယ်လို့တွေးမိသွားတယ်။

"ထားလိုက်ပါလေ။ နောက်မှပဲ မင်းရန်ကို ထပ်ပြောလိုက်မယ်။ မင်းကိုယ်မင်း ဂရုစိုက်နိုင်ရင်ပဲ တော်လှပါပြီ"

လင်းကျန်ဒေါပွသွားတယ်။

"ကျွန်တော်က ဘာလို့ ကလေးတစ်ယောက်ကို မစောင့်ရှောက်နိုင်ရမှာလဲ။ ကျွန်တော့်ကို အထင်မသေးစမ်းပါနဲ့!"

ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]Where stories live. Discover now