Side Story 17 (Gu❤️Lin)

4.6K 952 39
                                    

Unicode

What Should I Do if the School Bully is Interested in Me

Ch107 - Side Story 17 – I’m Leaving You Now (Gu Ming Ren x Lin Jiang)

သူစကားပြောလို့ပြီးသွားတော့ ပြန်ဖို့ပြင်လိုက်ပေမယ့် ကုမင်းရန်က သူ့လက်တွေကို ခပ်ကြမ်းကြမ်း ဆောင့်ဆွဲလိုက်တယ်။

"ထပ်ပြောရဲ ပြောကြည့်စမ်း!!"

ကုမင်းရန် မျက်လုံးတွေက ရဲရဲနီနေတယ်။ သူ့နှလုံးသားကတော့ လက်တစ်ဖက်နဲ့ တင်းတင်းကြပ်ကြပ်ဆွဲညှစ်တာကိုခံနေရတဲ့အတိုင်းပဲ။ အရမ်းနာကျင်လွန်းလို့ သူ အသက်တောင်ရှုမရတော့ဘူး။ အရင်တုန်းကတော့ သူတို့တွေအားတွေမဆုတ်ယုတ်သေးဘူးဆိုရင် လမ်းမခွဲကြဘူးလို့ ကတိပေးထားခဲ့ကြတာလေ။ကြည့်ရတာ ဒီခွေးမသားလေးကို သင်ခန်းစာပေးရတော့မယ့်ပုံပဲ။

သူ့ရဲ့ထိန်းမနိုင်သိမ်းမရ ဒေါသတွေက သူ့ဦးနှောက်ကို ဖရိုဖရဲရှုပ်ထွေးသွားစေတယ်။ သူဟာ တစ်ဖက်လူရဲ့နှုတ်ခမ်းကို အတင်းအကြပ် ဆွဲညှစ်ကာ လင်းကျန်ရဲ့ ငြင်းဆန်ခုခံမှုကိုရော၊ ဆူညံယောက်ယပ်ခတ်နေတဲ့လူအုပ်ကြီးကိုပါ လျစ်လျူရှုပြီးတော့ ခါးသီးမှုတွေနဲ့အတူ သူ့နှုတ်ခမ်းကို အကြမ်းပတမ်းနမ်းပြီး အပြစ်ပေးလိုက်တယ်။

သူက ဘာလို့ သူ့ကိုထားခဲ့ချင်ရတာလဲ။ ဘာလို့များ နည်းနည်းလောက် ထပ်စောင့်မပေးနိုင်ရတာလဲ။

"မအေ...."

လင်းကျန် လက်ကောက်ဝတ်က အနောက်ဘက်မှာ အချုပ်ခံထားရတယ်။ သူ့အနေနဲ့ ကုမင်းရန်ရဲ့ အားအပျော့ဆုံးနေရာကို ဒူးနဲ့တိုက်လို့ရတယ်ဆိုပေမယ့် ကုမင်းရန်အသေးစားလေး နာကျင်သွားမှာကို စိုးရွံ့မိပြန်တယ်။

ဒီတော့ သူဟာ ထိုးဖောက်ဝင်လာတဲ့လျှာကို ကိုက်ပစ်ဖို့ပဲ စောင့်နေလိုက်တယ်။ သူ့ရဲ့ ချွန်ထက်လှတဲ့ သွားစွယ်တွေက နူးညံ့တဲ့အရေပြားကို ထိုးစိုက်သွားကာ နှစ်ဦးလုံးခံတွင်းက သွေးနံ့တွေနဲ့ ပြည့်သွားတယ်။

ကုမင်းရန် မျက်လုံးတွေကို မှိတ်ချလိုက်တယ်။ဒီခံစားချက်က အရမ်းကိုရင်းနှီးနေလွန်းတယ်__အထက်တန်းကျောင်းတုန်းကလိုမျိုးပဲ...တစ်ဖက်လူရဲ့ အလိုမတူမှုတွေ ရွံရှာမှုတွေနဲ့ ငြင်းပယ်မှုတွေကို သူပြန်လည်မြင်ယောင်လာမိတယ်။

ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]Where stories live. Discover now