Ch89 - Extra 2 - Indulging in Pleasure Without a Thought for Anything Else

6.5K 1.2K 54
                                    

Zawgyi

What Should I Do if the School Bully is Interested in Me

Ch89 - Extra 2 – Indulging in Pleasure Without a Thought for Anything Else

အဲ့ဒီတော့ ဘာဖြစ်? သူက ဝမ်းမြောက်ဂုဏ်ယူပေးရမှာလား။ မျက်ရည်တွေအပြည့်နဲ့ ဒူးထောက်ပြီး ရိုသေခယ ပေးရမှာလား။

ဟယ်ချန်းမင်က ဂရုမစိုက်စွာနဲ့ မျက်လွှာအောက်စိုက်ရင်း သူ့နှုတ်ခမ်းထောင့်စွန်းတို့ကတော့ လှောင်ပြောင်လိုမှုတို့နဲ့ ကော့တက်နေတယ်။

ဟယ်ယွဲ့ကျင်းဟာ စီးပွားရေးသမားကောင်းတစ်ယောက် ဖြစ်ရင်ဖြစ်လိမ့်မယ်။ဒါပေမဲ့ သူဟာ လင်ကောင်းတစ်ယောက်မဟုတ်သလို အဖေကောင်းတစ်ယောက်လည်း မဟုတ်ခဲ့ဘူး။

သူဟာ ကျောက်မိန်လန်အပေါ် ဘာတာဝန်ဝတ္တရားမှ မကျေပွန်ခဲ့သလို ဟယ်ချန်းမင်အပေါ်လည်း ဘာဖခင်မေတ္တာမှ မပေးခဲ့ဖူးဘူး။

ကျောက်မိန်လန်က အလျော့ပေးဖို့သဘောတူပေမယ့် သူကတော့ သဘောမတူဘူး။

"ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော် ဘာမှ မလုပ်ချင်ဘူး။ ခင်ဗျားပြန်လိုက်ပါတော့"

သူနဲ့ဟယ်ယွဲ့ကျင်းကြားက ယိုယွင်းနေတဲ့ ဆက်ဆံရေးက တစ်ရက် နှစ်ရက်လောက်ပဲရှိနေတာမျိုးမှ မဟုတ်ပဲ။ ခုချိန်မှ အိမ်ပြန်လည်း မထူးတော့ဘူး။ တရုတ်နှစ်ကူးအတွက်ကတော့ အဲ့ဒီအချိန်ရောက်မှ စဉ်းစားကြည့်တာပေါ့။

ကျောက်မိန်လန်ရဲ့ စိတ်ထဲမှာ"ယောကျာ်းသည်သာအရာရာ"ဆိုတဲ့အတွေးအခေါ်က နက်နက်ရှိုင်းရှိုင်းကို အမြစ်တွယ်နေခဲ့ပြီဖြစ်တယ်။ သူ့ရဲ့ ဝတ်ကြေတမ်းကြေစကားတွေကိုကြားတော့ သူမက ဒေါသနဲ့ခြေဆောင့်လိုက်ရင်းမှ ကျိလျောင်ဘက်ကိုလှည့်လို့ စိတိဓာတ်ကျစွာ စကားဆိုလာတယ်။

"ကျိလျောင်ရယ် သူလုပ်တာမှန်တယ်လို့မင်းထင်လား။ အန်တီကိုကူညီပြီး သူ့ကိုဖျောင်းဖျပေးပါဦးကွယ်"

ကျိလျောင်က သူ့နာမည်ခေါ်သံကြားတော့ တုန်ယင်သွားတယ်။အရင်တုန်းက ကျောက်မိန်လန်ဟာ သူ့ကို ချက်လက်မှတ်ပေးပြီး ဘယ်လိုနှိမ် ဘယ်လိုအရှက်ခွဲခဲ့လဲဆိုတာ သူမမေ့သေးဘူး။ဒါပေမဲ့ ခုချိန်မှာတော့ သူမရဲ့အသံတိုးဖွဖွနဲ့မာန်စွယ်ချထားတဲ့အပြုအမူက သူ့နှလုံးသားလေးကို အနည်းငယ်နူးညံ့သွားစေရတယ်။ဘာပဲဖြစ်ဖြစ် သူမဟာ ဟယ်ချန်းမင်ရဲ့အမေရင်းပဲလေ။

ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]Where stories live. Discover now