"တတ်လည်း တတ်နိုင်တယ်"

*******

မြတ်ဝန်းညီ သည် လင်း၏ အိမ်ကို တစ်ကြိမ်သာ ရောက်ဖူးသော်လည်း အတိအကျပင် မှတ်မိပါသည်။

ခရမ်းရောင် ဧည့်ခန်းသည် မီးကြိုးများဖြင့် တလက်လက်တောက်နေသည်။ ဧည့်ခန်းတွင် ရောင်စုံ မီးသီး အသေးများ စီတန်းကာ မီးရောင်တို့ကလည်း စုံလင်နေသည်။  စားပွဲ အနိမ့်ပေါ်တွင်တော့ ဝိုင်ပုလင်းများနှင့်အကင်များ၊ စားသောက်စရာများက က တန်းစီကာရှိနေသည်။

လင်းသည် ဆိုဖာပေါ်တွင်မထိုင်ဘဲ ကြမ်းပြင်ပေါ်တွင် ထိုင်လိုက်သည်။

"လင်း ဘာလို့လဲ"

"စိတ်လွတ်ကိုယ်လွတ် ထိုင်ချင်လို့လေ"

ထိုအခါမှ မြတ်ဝန်းညီလည်း ခေါင်းညိတ်ကာ ကြမ်းပေါ်တွင် ထိုင်ချလိုက်သည်။

ခွက်ချင်း တိုက်ကာ အောင်ပွဲခံနေသော လင်းသည် ကလေးတစ်ယောက်ကဲ့သို့ပင် ပျော်ရွှင်နေသည်။

မြတ်ဝန်းညီသည် သောက်လေ့သောက်ထ မရှိသောသူဖြစ်၍ အနည်းငယ်သောက်ရုံမျှဖြင့်ပင် မူးတတ်သည်။ သို့သော် ထိုအကြောင်းကို လင်းအား မပြောပြမိပေ။ လင်း၏ ပျော်ပွဲတွင် အတားအဆီး ဖြစ်မည် စိုးရိမ်သောကြောင့် လင်းနှင့် အတူ ဆက်တိုက်သောက်ပေးနေသည်။

မြတ်ဝန်းညီသည် လင်းကို ကြည့်ကာ ရယ်သည်။

"လင်းက ထူးဆန်းတယ်"

"ဘာလို့လဲ"

"ပြိုင်ပွဲမှာ ပထမ မရတာကို အောင်ပွဲခံတယ်"

"မဟုတ်ဘူး၊ ဒါက ကိုယ့်ကိုယ်ကို ဂုဏ်ပြုပေးတာ လို့ခေါ်တယ်၊ နေ့နေ့ ညည ကြိုးစားထားတဲ့ အတွက် လင်းကိုယ်လင်း ဂုဏ်ပြုတာ"

လင်း အသံသည်လည်း ပုံမှန်နဲ့ မတူဘဲ နူးညံ့နေသည်။ ပုံမှန်တွေ့ရတတ်သော လင်းနှင့် ယခု လင်း၏  ပုံစံသည်အတော်ကလေးပင် ကွာခြားနေသည်။

ရယ်ရယ်မောမော စကားပြောနေရင်းမှ ရီဝေဝေဖြစ်လာသော မြတ်ဝန်းညီသည် လင်းကို ကြည့်သည်။ ထို့နောက် ရယ်သည်။ ထို့နောက် ဘေးမှ ခွက်ကို မော့ကာ သောက်သည်။

မြတ်ဝန်းညီ၏ အမြင်တွင် ပေါ့ပေါ့ပါးပါး ဖြင့် ကလေးတစ်ယောက်ကဲ့သို့ ရယ်မောနေပုံသည် ချစ်စရာကောင်းနေသကဲ့သို့ အမူအရာတို့ကလည်းနူးညံ့နေသည်။ မူးနေချိန်တွင် အတော်ကလေး ချစ်စရာကောင်းသည်ကို သတိထားမိသွားသော မြတ်ဝန်းညီသည် လင်းကို စူးစိုက်ကာ ကြည့်လိုက်ရင်း နှစ်နှစ်ကာကာပင် ပြုံးလိုက်သည်။

"အဟင်း"

ထိုအပြုံး၏ နောက်တွင် လင်း ဟု ခေါ်သံက တွဲလျက်ပါလာသည်။

"လင်း"

"ဟင်"

"လင်းက ချစ်စရာလေးကွာ "

မြတ်ဝန်းညီသည် ရုတ်တရက် ခေါင်းပေါ်သို့ကျလာသော အရာကြောင့် မျက်လုံးများပင် ပြာကာ ကမ္ဘာတစ်ခုလုံး မှောင်ကျသွားရသည်။

လင်းသည် အလန့်တကြားပင် ဘေးမှ ပုလင်းဖြင့် ထုချလိုက်ပြီးမှ ထိုပုလင်းကို လွှတ်ချပစ်လိုက်သည်။ 

"ညီညီ "

လင်းသည် မြတ်ဝန်းညီ၏ ပုခုံးကို လှုပ်ကာ ခေါ်သည်။ မြတ်ဝန်းညီသည် နိုးမလာတော့ပေ။

ခေါင်းကွဲသွားသည် အထင်ဖြင့် အသေအချာ ကြည့်မိသော အခါတွင်လည်း ထိုသို့သော ဒဏ်ရာမရှိ။

"မြတ်ဝန်းညီ"

အဆက်မပြတ်ခေါ်သော်လည်း နိုးမလာသော မြတ်ဝန်းညီကို ကြည့်ကာ  လင်း က စိတ်ပူလာသည်။

"သေသွားပြီလားမသိဘူး"

လင်းသည် မြတ်ဝန်းညီအား ထပ်၍ခေါ်ပြန်သည်။

"ဖြည်းဖြည်းလေးရိုက်မိတာကို‌လေ"


17/11/2020

ဝေးသည်ဖြစ်စေ နီးသည်ဖြစ်စေ  (Completed)Where stories live. Discover now