Part_30 ( Unicode )

3.6K 445 13
                                    

"ညီညီ နေကောင်းလား"

"ဟုတ်ကဲ့ ကောင်းပါတယ်၊ ကိုကြီးတို့ရော "

"အင်း ကောင်းပါတယ်၊ မေမေကတော့ သိပ်နေမကောင်းဘူး "

ထိုစကားကို ကြားသော အခါတွင်တော့ မြတ်ဝန်းညီသည် စိတ်ထဲ မကောင်းပေ။ ကျောင်းကိစ္စ ကို အကြောင်းပြကာ အိမ်မှ ထွက်လာခဲ့‌သေည်လည်း မိသားစုဝင်များကတော့ ရိအ်မိလောက်ပါသည်။

" ဘယ်တော့ အိမ်ပြန်လာမှာလဲ"

မြတ်ဝန်းညီသည် သက်ပြင်းချလိုက်မိသည်။

"မသိသေးဘူး ကိုကြီး၊ မေမေ့ကိုပဲ ဂရုစိုက်လိုက်ပါ "

**********

နှစ်ယောက် ထပ်ဆုံနိုင်မည်ကို ခန့်မှန်းမရသော်လည်း တစ်စုံတစ်ယောက်က ဖန်တီးပါက ဆုံနိုင်ခြင်းကို မျှော်လင့်ခွင့်ရှိနိုင်သည်။

မြတ်ဝန်းညီသည် လင်းနှင့်တွေ့ခဲ့သော စာအုပ်ဆိုင်တွင် ‌နေ့တိုင်း သွားစောင့်နေသည်မှာ လနှင့်ပင် ချီလာသော်လည်း လင်းကိုမတွေ့သေးပေ။

မြတ်ဝန်းညီသည် စာအုပ်စင် များကြားတွင် သွားနေရင်း ဖက်ရှင် ဒီဇိုင်းများနှင့် ပတ်သတ်သော စာအုပ်များကြား ရောက်လာသည်။

လင်းကို သတိရမိသွားသော အခါ  ထို စာအုပ်များ ရှိရာသို့ ဝင်လာလိုက်သည်။ ရုတ်တရက် တွေ့လိုက်ရသည့်သူသည် လင်း ။

လင်းသည် မြတ်ဝန်းညီအား သတိထားမိပုံ မရဘဲ  စိတ်ဝင်တစားပင် စာအုပ်ရွေးနေသည်။

"လင်း"

မြတ်ဝန်းညီသည် ပြေးသွားလိုက်ချင်သော်လည်း စိတ်ထိန်းလိုက်ရသည်။ လင်းသည် ထွက်ပြေးသွားနိုင်သည်။

မြတ်ဝန်းညီသည် လင်းကို ကြည့်ကာ ပြုံးမိသည်။ စာအုပ်ကို တစ်အုပ်ချင်းရွေးနေသော လင်းဆီသို့ လျှောက်သွားသော်လည်း လင်းက သတိပြုမိဟန်မတူပေ။

"လင်း.."

မျက်မှောင်တွန့်ချိုးကာ လှည့်ကြည့်လာသော လင်းက မြတ်ဝန်းညီကို တွေ့သော အခါ  မျက်လုံးအဝိုင်းသား ဖြင့် နောက်သို့ တစ်လှမ်း ဆုတ်လိုက်သည်။

ဝေးသည်ဖြစ်စေ နီးသည်ဖြစ်စေ  (Completed)Where stories live. Discover now