"မမလင်း"
လင်းကို မြင်သော ငြိမ်းငြိမ်းနဲ့ ကျော့ကျော့ဝေက က အသံကျယ်ကျယ်ဖြင့် အနားရောက်လာသည်။
"ဟုတ်သားပဲ၊ ငြိမ်းငြိမ်း တို့ ပြန်နားတော့မလား"
"မပြန်သေးပါဘူး၊ အခုမှ ညနေ ပဲရှိသေးတာ"
"ဟယ် ဆရာ"
ကျော့ကျော့ဝေ က တအံ့တဩ ရေရွတ်သည်။ မြတ်ဝန်းညီသည် ကျော့ကျော့ဝေကို နှုတ်ဆက်လိုက်ပြီး လင်း၏ ပစ္စည်းတို့ကို ကူသယ်ပေးရန်ကြိုးစားနေသည်။
"မပြန်သေးရင် တစ်ခုခု သွားစားရအောင်လေ၊ ဒီနေ့ လင်း ကျွေးပါ့မယ်"
လင်းသည် တောင်ကုန်းတစ်ခုပေါ်တွင်ရှိသော ဆိုင်သို့။ ထိုဆိုင်က လူရှင်းသည့်အပြင် တိတ်ဆိတ်နေသည်။ တောင်ကုန်းပေါ်တွင်ရှိသောကြောင့် အေးဆေးကာ လေတို့ကလည်း အေးစိမ့်နေသည်။
လင်းက အအေးခွက်ကို ဖြည်းဖြည်းချင်းသောက်ရင်း ပတ်ဝန်းကျင်ကို ငေးကြည့်သည်။ လင်း၏ ပုံစံသည် အလုပ်တစ်ခု ပြီးမြောက်သွားသူက စိတ်အေးလက်အေး အနားယူနေသည့် ပုံစံပင်။
"ခုနကလေ မမလင်းကို ပြောနေကြတာသိလား"
"အေး ငါလည်း ကြားတယ် "
မမလင်းဟူသော အသံကြောင့် လင်းက ငြိမ်းငြိမ်းတို့ကို ကြည့်လာသည်။
"ဘာဖြစ်တာလဲ"
"မဟုတ်ပါဘူး မမလင်းကို အတင်းပြောနေကြလို့ "
"ဪ.."
လင်းက တစ်ဖက်သို့ ပြန်လှည့်ကာ ပုံမှန်အတိုင်းပင်အအေးဆက်သောက်နေသည်။
" ဘာဖြစ်ကြတာလဲ"
မြတ်ဝန်းညီက ဝင်မေးလိုက် သော အခါ ငြိမ်းငြိမ်း က စကားပြန်စသည်။
"မမလင်းကို ပြောတာလေ၊ အခြောက်တွေ လို့လည်းပြောတယ်၊ သိက္ခာမရှိဘူးတွေရော၊ ရွံစရာတွေရော စုံနေတာပဲ .. ငြိမ်းတို့လေ စိတ်တွေတိုလိုက်တာ၊ မမလင်းက ဘယ်သူဘာပြောပြော ပြန်မပြောနဲ့ဆိုလို့သာ"
မြတ်ဝန်းညီက လင်းကို ကြည့်လိုက်သော အခါ လင်းက ဂရုမစိုက်သည့်ပုံဖြင့် အအေးခွက်ကို လှုပ်ကာနေသည်။
Part_15 ( Unicode)
Start from the beginning