Part 6

2.4K 209 10
                                    

jimin အိမ်သို့ပြန်ရောက်နေသည်နှင့် စိတ်ရှုပ်စွာအော်လိုက်မိသည်။

"အား....ဘာကြောင့်ငါ့မှာမှဒီလိုတွေဖြစ်နေရတာလဲ လွန်ခဲ့တဲ့၂နှစ်ကနာကျင်မှုကလဲအရှင်းပျောက်သွားတာမဟုတ်သေးဘူးလေ ဘာကြောင့်လဲ"

Jiminအသံကုန်အော်ဟစ်ကာ မျက်ရည်များတာကျိုးသလိုကျနေလေသည်။jimin ဆရာဝန်ပြောသောစကားတွေနဲ့သူ့ရောဂါအကြောင်းသာစဥ်းစားနေမိတော့သည်။

Flash Blak

"ဟုတ်ကဲ့... ဒီက CEO Parkမှာ အသည်းကင်ဆာဖြစ်နေပါတယ်"

ဆရာဝန်စကားကြားကြားပြီးချင်း jimin မျက်လုံးများပြူးလာရသည်။ သူ့စိတ်ထဲတွင်လဲ အားမက် မက်နေတာလားဟုထင်နေမိသည်။အိမ်မက် မက်နေတာဆိုရင်လဲအမြန်ပင်နိုးထချင်မိတယ်။ ထို့နောက်ဆရာဝန်ကပဲဆက်ပြီး...

"အဆင့်က လေးဆင့်ရှိပါတယ်
အခုလာစစ်လိုက်တာမှန်သွားပါတယ် အခုမှအဆင့်၁ပဲဲရှိသေးတာမို့ကုလို့ရပါတယ်"

jiminထိုစကားကြားတော့မှသက်ပြင်းကျနိုင်တော့သည်။သို့သော်သူ၏စိတ်ချမှုကကြာရှည်မခံပါ...

"သို့ပေမယ့် CEOရဲ့ နှလုံးကလဲထိခိုက်ထားတာတွေ့ရပါတယ်"

ထိုစကားကြားတော့ jimin ပို၍အံ့သြရသည်။ဘာကြောင့်လဲဆိုတော့..သူဟာ အရက်ကိုစွဲစွဲလမ်းသောက်တတ်သူမဟုတ်...ရံဖန်ရံခါသာ စိတ်အလွန်ရှုပ်နေသောအချိန်မှသာ သောက်ခြင်းဖြစ်သည်။

"ကျွန်တော် အရက်တွေလဲအဲ့လောက်မသောက်ရပါဘူးဗျာ"

"အရက်ကစွဲစွဲလမ်းလမ်းသောက်တာနဲ့မဆိုင်ပါဘူးဗျ..အရက်အပြင်းစားတွေသောက်လို့ဖြစ်တာပါ ပြီးတော့ ခံစားချက်တွေကိုအရမ်းလျစ်လျူပြီးနေတတ်တာကြောင့်ပါ..တစ်ခါတစ်လေ စိတ်ရဲ့စေခိုင်းမှုတိုင်းလုပ်ပေးစေချင်ပါတယ် နှလုံးသားက အနည်းငယ်ပျက်စီးနေတာကြောင့်ရော အသည်းကောင်ဆာကြောင့်ရောဆို ဆေးအရမ်းပြင်းသွားပါလိမ့်မယ် ဒါကြောင့် အစားအသောက် အသုံးဆောင် အနေအထိုင်ဆင်ခြင်ပါတယ် အရက်တွေ ဆေးလိပ်တွေတော့ ဖြစ်နိုင်ရင်လုံးဝမသောက်စေချင်ဘူး"

"ကျွန်တော်နားလည်ပါပြီ"

"ကျွန်တော်ဆေးစာရေးပေးလိုက်ပါမယ်
ကောင်တာမှာဆေးဝယ်လိုက်ပါ"

But I love you || Completed ||Where stories live. Discover now