Part 4

2.6K 251 15
                                    

စီးပွားရေးလုပ်ငန်းရှင်တွေတက်ရောက်ရတဲ့ဆုပေးပွဲတစ်ခု။

Mc. "ကြွရောက်လာကြသော ဂုဏ်သရေရှိလူကြီးမင်းများအားလုံးမင်္ဂလာပါလို့ရှေးဦးစွာနှုတ်ခွန်းဆက်သပါရစေ အခုကျွန်တော်တို့ ​ဖျော်ဖြေပွဲလေးနဲ့အရင် ပွဲကိုစတင်ပါရစေ ဖျော်ဖြေပွဲပြီးရင်တော့ အားလုံးသိချင်နေကြတဲ့ ဆုတွေကိုချီးမြှင့်မှာဖြစ်ပါတယ်"

ဖျော်ဖြေပွဲလုပ်နေရင်း ကျွန်တော့်ဘေးကဝိုင်းတစ်ဝိုင်းကိုလှည့်အကြည့်...
ကျွန်တော်အရမ်းတွေ့ချင်နေရတဲ့ မင်
အရင်လိုမျက်လုံးမှေးမှေး ပါးဖောင်းဖောင်း နှုတ်ခမ်းထူထူလေးတွေကတော့မပြောင်းလဲသေး
အရင်က Free style ဝတ်တဲ့မင်ဟာ အခုတော့ Gentleman style နဲ့
အရင်လိုနှာဖူးပေါ်ဝဲကြည့်နေတဲ့ဆံပင်တွေက အခုတော့ လှန်တင်ထားတယ်
အရင်ကကျွန်တော်ကိုင်ခဲ့တဲ့လက်တစ်ဆုံဟာ
အခုတော့အရက်ခွက်ကိုင်ထားလေရဲ့
"အရက်တွေတောင်သောက်တတ်နေပြီလား မင်"

အခုသူမြင်နေရတဲ့မင်ဟာ အရင်က မင် နဲ့လုံးဝ မသက်ဆိုင်တော့....

Mc. "အခု ဆုချီးမြှင့်မယ့်အချိန်ရောက်လာပါပြီ"

mcရဲ့အသံကြားမှ ကျွန်တော်သူ့ကိုငေးနေရာကနေ သတိပြန်ဝင်လာခဲ့တယ်။

mc. "အခုချီးမြှင့်မယ့်ဆုကတော့ တစ်နှစ်တာခရီးသည်(company ကနေဆက်သွယ်ပြီး ခရီးသွားလာသူ)အများဆုံးဆုပါ ဒီဆုကိုရရှိသွားတဲ့ company ကတော့..........Park ခရီးသွားလုပ်ငန်းဆုဖြစ်ပါတယ်"

ကျွန်တော်သူဆုတက်ယူတာကို ငေးကြည့်နေမိပြန်တယ်။

Mc. "နောက်တစ်ဆုကတော့ ဒီနှစ်စီးပွားရေးလောက ကို လွှမ်းမိုးနိုင်ဆုံးဆုပါ...ဒီဆုကိုရရှိသွားတဲ့သူကတော့..."

ကျွန်တော်ကိုယ်တိုင်တကယ်ရင်ခုန်နေမိတယ်။ဘာလို့ဆို ကျွန်တော်လဲ ဇကာတင်စာရင်းထဲပါလို့လေ...

Mc. "Jung စီးပွားရေးလုပ်ငန်းစုမှဖြစ်ပါတယ်"

ကျွန်တော် မရလို့ စိတ်ရှုပ်မိပေမယ့် ကျွန်တော့်သူငယ်ချင်းရတာမို့ သူ့ကိုစိတ်ရင်းနဲ့ဂုဏ်ပြုချင်မိတယ်။ ဆုတွေလဲအားလုံးပေးပြီးသွားတာမို့ ပါတီပွဲထဲမှာ စားသောက်ပြီး လူတွေတစ်စုတစ်စုနဲ့စကားပြောနေကြတယ်။
ကျွန်တော်လဲဂုဏ်ပြုပေးချင်တာမို့ မင်တို့နားသွားကာ

But I love you || Completed ||Where stories live. Discover now