Part 18

1.9K 131 13
                                    

ဗီလိန်...
ခင်ဗျားတို့ပြောပြောနေတဲ့ ဗီလိန်ဆိုတဲ့အဓိပ္ပါယ်ကိုသိကြလား...
ခင်ဗျားတို့က တစ်ခုခုဆို ဗီလိန်မကောင်းတာပဲမြင်ကြတယ်...
ဗီလိန်တစ်ယောက်ရဲ့ခံစားချက်ကိုမမြင်ကြဘူး...
သူ့ရဲ့လုပ်ရပ်နဲ့တစ်ခြားသူရဲ့လုပ်ရပ်ဟာထပ်တူကျနေရင်တောင် ဗီလိန်ကိုပဲမုန်းကြတယ်...ဘာကြောင့်လဲ...

ဥပမာ... မင်းသားကငယ်ငယ်ကစိတ်ဒဏ်ရာတွေနဲ့ရှင်သန်ခဲ့ရလို့ လက်စားချေခဲ့ရင် ခင်ဗျားတို့ဘယ်လိုတွေးလဲ..
"ငယ်ငယ်ကတည်းကခံစားလာရတာ ဒီလောက်လေးတော့သူတို့ခံစားရတာအသေးအဖွဲ့ပေါ့" အဲ့လိုတွေးကြတယ်မလား..ဒါမဟုတ်ရင်လည်း သူ့ကိုအားပေးကြတယ်မလား...
သူ့နေရာမှာဗီလိန်တစ်ယောက်ဆိုရင်ရော?
ဗီလိနိသာအဲ့နေရာမှာဆို ခင်ဗျားတို့ဘာပြောမလဲ...
"ဒီကောင်ကတော်တော်ရုတ်မာတာပဲ...
ကြည့်လို့ကိုမရဘူး..အကုသိုလ်ကောင်"အစရှိသဖြင့်ပေါ့...
ဘာကြောင့်လဲ...ခံစားခဲ့ရတာခြင်းအတူတူ..လုပ်တဲ့လုပ်ရပ်ခြင်းအတူတူတောင် ဘာကြောင့်ခင်ဗျားအမြင်တွေမတူရတာလဲ..
အမည်နာမတစ်ခုကြောင့်ပါပဲ...
မင်းသား(သို့မဟုတ်)အဓိကဇာတ်ကောင်လို့ပြောလိုက်တာနဲဲ့ ခင်ဗျားတို့အမြင်မှာသူဘာလုပ်မှန်တယ် ချစ်ဖို့ကောင်းတယ်ဖြစ်ရော..

ဗီလိန်ဆိုတာနဲ့သူ့လုပ်ရပ်သူ့ဘဝဇာတ်ကြောင်းဘာတွေပဲဖြစ်နေပါစေ...သူ့ကိုမလိုမုန်းတီးကြတယ်...

ဗီလိန်တိုင်းကခင်ဗျားတို့ထင်သလို ယုတ်မာတဲ့သူတွေမဟုတ်သလို အဓိကဇာတ်ကောင်တိုင်းကလဲခင်ဗျားတို့ထင်သလိုမဖြူစင်ကြဘူး...

တစ်ချို့ဗီလိန်တွေဆို...သူတို့ရဲ့အချစ်ဟာ သူတို့ချစ်ရတဲ့အရှေ့မှာတင်...ရက်ရက်စက်မြေခခဲ့ရတာတွေရှိတယ်ဆိုတာ ခင်ဗျားတို့မေ့နေရော့လား.....

______________________________________

"အာ..."

"စားကောင်းလားမင်"

"အင်း..ကောင်းတယ်ဂျွန်"

ကျွန်တော့်ရှေ့ကလူသားလေးဟာ..အရင်လိုကုတင်ပေါ်မှာသတိလစ်မေ့မျောနေခြင်းမရှိပဲကျွန်တော်နဲ့စကားတွေပြောပြီး ကျွန်တော်ခွံကျွေးတဲ့အသီးတွေစားနေလေပြီ။ပြန်နိုးထလာပေးလို့ကျေးဇူးပါမင်...

But I love you || Completed ||Where stories live. Discover now