Part 9

2.1K 192 17
                                    

ဒီနေ့သတင်းစာရှင်းလင်းပွဲရှိတာမို့ ကျွန်တော်တို့သူငယ်ချင်းတွေအားလုံးဆုံနေကြတယ်။

Someone. "ဟုတ်ကဲ့ ကျွန်တော်တို့ သတင်းစာရှင်းလင်းပွဲစတင်ပါမယ်ခင်ဗျ"

ကြေငြာသံဆုံးသည်နှင့်သတင်းထောက်များနှင့်ကင်မရာမန်းများပြိုင်တူနေရာယူကြသည်။

"ကျွန်တော်တို့သတင်းစာရှင်းလင်းပွဲဆိုပြီးခေါ်လိုက်ရတဲ့အရင်ဆုံးတောင်းပန်ပါတယ် သတင်းထောက်တွေတွေးနေမှာပေါ့ ဘာကိစ္စရှိနေလို့ ရှင်းလင်းချင်တာလဲဆိုပြီး ဒီပွဲက သတင်းစာရှင်းလင်းပွဲထက် ကျွန်တော်တို့ကြေငြာစရာရှိလို့ပါ "

"အဲ့တာက ကျွန်တော်တို့ အသင့်စားဆောက်သောက်ကုန်လုပ်ငန်းစုဖြစ်တဲ့ Kim Groupကနေပြီးတော့ ဒယ်ဂူမှာ စက်ရုံတည်ထောင်ပြီး ပြည်သူတွေဆီက ထွက်ကုန်တွေနဲ့အသင့်စားပစ္စည်းထုတ်လုပ်မယ်ဆိုတာပါပဲ ကျွန်တော်တို့မကြာခင် စက်ရုံစဆောက်တော့မှာဖြစ်တဲ့အတွက် ​ကြောငြာလိုက်တာပါ"

"နောက်တစ်ခုကတော့ ကျွန်တော်တို့ ထုတ်လိုက်တဲ့အသင့်စား စားသောက်ကုန်ကို ဒီမှာထိုင်နေတဲ့လုပ်ငန်းရှင်များရဲ့ လုပ်ကန်းနယ်ပယ်အသီးသီးမှာပါအသုံးပြုသွားမှာပါ"

"ဒီကိစ္စအတွက်မေးခွန်းရှိရင်မေးလို့ရပါတယ်ခင်ဗျ"

"ဘယ်တော့လောက်စက်ရုံဆောက်ဖြစ်မလဲဗျ..ပြီးတော့ ပြည်သူတွေဆီကရောစျေးဘယ်လောက်နဲ့ဝယ်မှာလဲဗျ"

"ဆောက်ရုံကတော့ မြန်နိုင်သလောက်မြန်အောင်ဆောက်ဖို့စီစဥ်ထားပါတယ်.. ပြည်သူတွေဆီကဝယ်ယူတဲ့စျေးကတော့ ကျွန်နော့်ဘက်က စျေးလုံးဝစစ်မှာမဟုတ်ပါဘူး ခုကုန်စျေးအတိုင်းပေးသွားဖို့စီစဥ်ထားပါတယ်"

"မေးစရာမရှိတော့ရင် ကျွန်တော်တို့နောက်တစ်ခုကြောငြာစရာရှိပါတယ်"

"နောက်တစ်ခုက ကျွန်တော်တို့ "မျှော်လင့်ခြင်းရောင်ခြည်"ဆိုတဲ့ ပရဟိတ အသင်းတည်ထောင်ဖို့ရှိပါတယ်"

"အခုလဲ ပရဟိတအတွက် ကျွန်တော်တို့ ဘဏ်အကောင့်သက်သက်ဖွင့်ထားပြီးပါပြီ
လိုအပ်နေတဲ့နေရာတွေရှိရင် 'မျှော်လင့်ခြင်းရောင်ခြည်' home pageမှာလာရောက်ပြောကြားနိုင်ပါတယ် ကျွန်တော်တို့ဘက်ကတတ်နိုင်သလောက်လှူဒါန်းပေးသွားမှာပါ"

But I love you || Completed ||Where stories live. Discover now