Part 10

2K 164 3
                                    

အချိန်စက္ကန့်တွေကျော်လွန်ပြီးတစ်ရက်ပြီးတစ်ရက်ရောက်လာခဲ့သည်။
ရက်တွေလစားဖြင့်အခု ၃လမြောက်အဖြစ်ရောက်ရှိခဲ့ပြီ။

ယခု၃လအတွင်းဒယ်ဂူက စက်ရုံလဲဆောက်လုပ်လို့အကုန်ပြီးနေပြီဖြစ်သည်။
ဒယ်ဂူသွားရင်းလမ်းက ဆင်းရဲချို့တဲ့သည့် ရွာများကိုလဲဝင်ရောက်လှူဒါန်းရန်သွားရောက်မည်ဖြစ်သည်။

*မနက်အစောကြီးထရအုံးမှာပဲ
အခုအိပ်တော့မယ်*

ဂျီမင်သူ့စိတ်ကူးနဲ့သူအိပ်ရန်ပြင်ဆင်နေ၏။

"Savage love did somebody.. did somebody break your heart looking like a angle.... "

*အိပ်ခါနီးဆိုလာပြီဖုန်းက*

"Hello"
"ဂျီမနက်ဖြန်လှူရင်ယူသွားရမယ့်ပစ္စည်းတွေရဲ့စာရင်းနဲ့ထုပ်ပိုးထားပုံပို့ထားတယ်ကြည့်လိုက်အုံး"
"အင်းဖုန်းခဏကိုင်ထားနော်ဟေး"

ဂျီမင်းဖုန်းကိုင်လျက်သားပင် ကွန်ပျူတာဖွင့်ကာအမြန်စစ်ဆေးလိုက်ရသည်။

"အင်းစုံတယ်ဟေး"
"ဟုတ်ပြီ ဂျီ ဒါဆိုမနက်မှတွေ့မယ်နော်"
"ဟုတ်ဟေး..good night"
"good night ဂျီ"

ဂျီမင်းမနက်ကတစ်နေကုန် ပင်ပန်းထားသည်မို့ ခေါင်းအုံးပေါ်ခေါင်းချလိုက်သည်နှင့်တစ်ပြိုင်နက် အိပ်ပျော်သွားတော့သည်။

at the next morning....

မနက်ခင်းနေရောင်ခြည်နုနုလေးပြတင်းပေါက်ခန်းစီးလိုက်ကာအဖြူရောင်လေးကနေဖြတ်ကာ မျက်နှာပေါ်သို့ကျရောက်ခဲ့သည်။

*ဘယ်ချိန်ရှိပြီလဲ... what...၇နာရီထိုးနေပြီ..၈နာရီကားထွက်မယ်ပြောထားတာကို*

ဂျီမင်တစ်ယောက်အမြန်ထ ရေမိုးချိုးကာ ပြင်ဆင်ပြီး companyသို့တာအမြန်လာခဲ့ရတော့သည်။ဂျီမင်တို့သည်ကား၂စီးဖြင့်သွားရန်စီစဥ်ထားသည်။

ဂျီမင်းတို့သူငယ်ချင်းအုပ်စုက mini busနဲ့ သွားရန်စီစဥ်ထားပြီး ကူလုပ်ပေးဖို့ company တစ်ခုကနေဝန်ထမ်း ၃ဦးစီ မဲနှိုက်ကာရွေးချယ်ခဲ့သည်။ company 7ခုမို့ ဝန်ထမ်း ၂၁ယောက်နှင့်လှူဒါန်းရန်ပစ္စည်းများက နောက်က Express Busနဲ့လိုက်လာမည်ဖြစ်သည်။

*ဝန်ထမ်းတွေပဲရောက်သေးတာလား*

Company အောက်ရောက်တော့ Taehyung တို့မတွေ့ရပဲ ဝန်ထမ်းများသာရှိနေသည်။ထို့ကြောင့်အိတ်ထဲဖုန်းထုတ်ကာ...

But I love you || Completed ||Where stories live. Discover now