Part 13

1.8K 137 9
                                    

ကျွန်တော်နဲ့ဟေးကိုမိဘတွေကလက်ထပ်စေချင်တယ်။

ဒီနေ့အလုပ်ပိတ်ရက်မို့ ဟေးကျွန်တော့်အိမ်မှာသောင်တင်နေတယ်။(ဂျီမင်းကမိဘတွေတူတူမနေပါဘူးနော် မနေ့ကအပိုင်းမှာ ဂျီနဲ့ဟေးက မိဘတွေရဲ့အိမ်ကိုခေါ်သွားတာပါ)

"ဂျီ လက်ထပ်ဖို့ကိစ္စဘယ်လိုသဘောရလဲ ကိုယ်ကတော့ ဂျီကိုလက်ထပ်ချင်တယ်"

"ဂျီမင်္ဂလာပွဲကိုလက်ခံပါတယ်"

"ဂျီ...ဂျီတကယ်ပြောတာနော်"

"အင်းတကယ်"

"ချစ်တယ်ဂျီရယ်... ဂျီရောဟင်"

"...."

"ဂျီဖြေစရာမရှိရင်မဖြေပါနဲ့ ကိုယ် အတင်းမမေးပါဘူး ကိုယ်နားလည်ပါတယ်"

"နားလည်ပေးလို့ကျေးဇူးပါဟေး"

"ရပါတယ်ဂျီရယ် ဂျီကိုယ့်အနားမှာရှိနေတာနဲ့ကိုယ်ကျေနပ်ပါပြီ"

*ငါမင်းကိုချစ်လာနိုင်အောင်ကြိုးစားပေးပါ့မယ်ဟေးရယ်*

*ဂျီကိုယ့်ကိုလက်ထပ်တာဟာ ဂျောင်ဂုကိုတမင်နာကျင်အောင်လုပ်ချင်လို့လား အဲ့လိုဆိုလဲကိုယ်အဆင်ပြေပါတယ်ဂျီ *

ကောင်လေးနှစ်ယောက်ဟာအပြင်ပန်းမှာသာပြုံးနေကြတယ်ဆိုပေမယ့် သူတို့ရဲ့စိတ်ထဲမှာတော့ တစ်စုံတစ်ရာကိုတွေးပြီးစိုးရိမ်နေကြတယ်ဆိုတာသူတို့ကိုယ်တိုင်လွဲပြီးမည်သူမျှသိမည်မဟုတ်။

အချစ်ဆိုတဲ့အရာက တစ်စုံတစ်ယောက်အတွက်ကောင်းတဲ့အရာဖြစ်သလို တစ်စုံတစ်ယောက်အတွက်တော့ဆိုးတဲ့အရာဖြစ်တယ်။

အချစ်က တစ်စုံတစ်ယောက်ကိုပျော်ရွှင်စေသလို တစ်စုံတစ်ယောက်ကို အထီးကျန်ဝမ်းနည်းစေတယ်။

Flash Back....

အဲ့နေ့ကျွန်တော်နဲ့ဂျွန်ရဲ့မင်္ဂလာနှစ်ပတ်လည်နေ့မို့လိုလ ကျွန်တော်အိမ်မှာ party လုပ်ရန် လိုအပ်သည့်ပစ္စည်းများဝယ်ရန် shopping mall သို့ထွက်ခဲ့တယ်။

*ဟင် အမှတ်တရပစ္စည်းဆိုင်အသစ်ဖွင့်ထားတာလား ဂျွန်နဲ့ဆင်တူ ပစ္စည်းတစ်ခုလောက်ဝင်ဝယ်လိုက်အုံးမယ်*

But I love you || Completed ||Where stories live. Discover now