Y 9

158 25 0
                                    

Episode – 9 [Yoon: အမှုမှန်ပေါ်ပေါက်]

မနက်စောစောစီးစီး ဖုန်းလာသဖြင့် ခန့်မှူးနိုင် အိပ်ချင်မူးတူးဖြင့် ဖုန်းကိုင်လိုက်သောလည်း တစ်ဖက်မှ ပြောကြားလာသော သတင်းများ ကြောင့် ချက်ချင်းပင် မျက်လုံး ပြူးသွားရသည်။

ယွန်းငယ် ပျောက်ဆုံးနေသော အမှုသည် လူပျောက်မှု မဟုတ်ဘဲ ပြန်ပေးဆွဲမှု ဖြစ်ကြောင်း အမှုမှန် ပေါ်လေပြီ။ ယွန်းငယ်သည် ချောက် ကမ်းပါးမှ ပစ်ချခံရကာ သေဆုံးသွားကြောင်း။ တရားခံသည် ယွန်းငယ်၏ မိထွေးဖြစ်ကြောင်း။ ပြန်ပေးသမားသည် ကိုယ်တိုင် လာရောက် အဖမ်းခံ ကြောင်း။ သိပြီးသား အကြောင်းအရာများ ဖြစ်သော်လည်း သည်လို လွယ်လွယ် ကူကူနှင့် အမြန်ဆုံး အမှုမှန်ပေါ်မည်ဟု မထင်ထားခဲ့။

“မုန်းမာန်! မုန်းမာန်”

ဘေးနားတွင် အိပ်ပျော်နေသော ကောင်လေးကို လှုပ်နှိုးမိတော့ စိတ်မကြည်သည့် ပုံစံဖြင့် ထထိုင်လေသည်။

“ဘာလဲဗျာ အိပ်နေတာကို”

“အမှုမှန်ပေါ်ပြီတဲ့”

“ကျစ်! ဘာများလဲလို့”

“ဒီလောက် လွယ်တယ်လား၊ ကျွန်တော်ဖြင့် ဘယ်ကနေ ဘယ်လို စုံစမ်းပြီး ဖမ်းရမလဲ စဉ်းစားနေတုန်း ရှိသေးတယ်”

“၁၀ သိန်းပေးတော့”

“ဟမ် … ဒါက ပြန်ပေးသမားက သူ့ဘာသာ ၀န်ခံတာလေ၊ မင်းနဲ့မှ မဆိုင်တာ”

“ဘာဗျ! ဆိုင်တာပေါ့။ အဲ့လို ၀န်ခံအောင် သွားခြိမ်းခြောက် ထားရတာ”

“ဘယ်တုန်းကလဲ”

“ညက”

“ဘယ်လိုလုပ်ပြီး”

“နားငြီးတယ်ဗျာ၊ သိချင်ရင် ယွန်းငယ်ကို မေးလိုက်တော့ အိပ်ပြီ”

အိပ်ရေးမ၀သော မုန်းမာန်သည် ဆောင်ခြုံကာ ပြန်အိပ်သွားလေ သဖြင့် ခန့်မှူးနိုင် မြေအောက်ခန်းကို ပြေးဆင်းလာကာ ယွန်းငယ်ကို ရှာရ တော့သည်။ အကြောင်းစုံ မေးမြန်းလေတော့ ယွန်းငယ်သည် “လပြည့်ဝန်း” သည် အဓိက ကူညီပေးထားကြောင်း အသေးစိတ် ပြောပြလိုက်လေသည်။

*-*

ညသန်းခေါင်ယံတွင် သချိင်္ုင်းကို လာရသည်မှာ နည်းနည်းတော့ ကြောက်ဖို့ကောင်းသော်လည်း ခန့်မှူးနိုင် သတ္တိမွေးကာ လိုက်လာရသည်။

“လပြည့် …”

“အစ်ကို ! ကျွန်တော့်ဆီ လာတာလား”

“အင်း”

မုန်းမာန် အုတ်ဂူ တစ်ခုပေါ် ၀င်ထိုင်ရင်း ခေါင်းညိတ်ပြလိုက်သည်။ ယွန်းငယ်ကတော့ ပျော်ရွှင်နေပုံရပြီး လျှောက်ပြေးနေသည်။ ခန့်မှူးနိုင်သည် မည်သူမှ မရှိသော်လည်း စကားပြောနေသည့် မုန်းမာန်ကြောင့် တစ်ကိုယ် လုံး တုန်ရီနေပြီ ဖြစ်သည်။

“မင်း ငါ့ကို အကူအညီတောင်းလို့ ရပြီ”

“ဗျာ! တကယ်လား အစ်ကို”

“အင်း မင်းအတွက် ဒီလူ… ကိုခန့်မှူးနိုင်က ပိုက်ဆံ ပေးမယ်တဲ့”

“ကျေးဇူးတင်ပါတယ်လို့ ပြောပေးပါဗျာ”

“မလိုဘူး၊ သူကလည်း မင်း ယွန်းငယ်ကို ကူညီလို့ ပြန်ကူညီတာ”

“ဟုတ်ကဲ့”

“စဉ်းစားပြီးရင် မနက်ဖြန်မှ လာခဲ့၊ ဒီနေ့တော့ ပြန်ပြီး ဒီလူနဲ့ စာရင်း ရှင်းလိုက်ဦးမယ်”

“ကျွန်တော် စဉ်းစားပြီးသား အစ်ကို”

“ဟမ် မြန်လှချည်လား၊ ပြော ငါ ဘာလုပ်ပေးရမလဲ”

“ကျွန်တော် အစ်ကို့ အိမ်မှာ နေချင်တာ”

“မင်း ဆန္ဒက အဲ့တာလား”

“ဟုတ်ကဲ့”

“ကောင်းပြီ လိုက်ခဲ့၊ ငါတို့ ပြန်ကြစို့”

အကြောက်လွန်နေသော လူကြီးသည် “ပြန်မည့်” အသံ ကြားတော့ မျက်နှာက ၀င်းပ လာလေသည်။

October 31Onde histórias criam vida. Descubra agora