Y 2

240 27 0
                                    

Episode _ 2 [Yoon: မုန်းမာန်က လူအစစ်လား?]

မုန်းမာန်။

အင်အား အလွန်နည်းသော တစ္ဆေလေးများအတွက် မုန်းမာန်သည် နတ်ဆိုး တစ်ပါးလိုပင် ဖြစ်နေသည်။ မုန်းမာန်သည် လူစင်စစ်ပင် ဖြစ်သော် လည်း ထူးခြားသော အစွမ်းအများ ရှိသည်။ အစွမ်းမည်မျှ ရှိသည်ကို မည်သူမှ တိတိကျကျ မသိကြသလို ခန့်မှန်းကြည့်ရန်ပင် မ၀ံ့ရဲကြပေ။ မကောင်းဆိုးရွားကြီးများကိုပင် လက်စတုံးကာ အပျောက်ရှင်းနိုင်စွမ်း ရှိသ ဖြင့် မည်သူမှ မုန်းမာန်ကို မဆန့်ကျင်ရဲ။ ဆန့်ကျင်ဘက် မဖြစ်မိစေရန်လည်း ကြိတ်ပြီး ဆုတောင်း တတ်ကြသည်။

မုန်းမာန်နှင့် ဆန့်ကျင်ဘက် မဖြစ်ရေး သူတို့အရေးပဲ။

မုန်းမာန်က လူတွေဘက်မှာ နေသည်လား၊ ပရလောက ဘက်မှာ ရပ်တည်သလား မေးကြရင် အဖြေက တစ်ခုတည်းသာ။ မုန်းမာန်သည် အမြဲတမ်း ငွေရှိသည့်ဘက်တွင် ရပ်ပါသည်။ ငွေမျက်နှာ တစ်ကမ္ဘာ ထင်သော အကျင့်မကောင်းသည့် လူသားပင် ဖြစ်သည်။

မုန်းမာန်ကို ပိုက်ဆံသာ ပေးနိုင်မည်ဆိုရင် အကူအညီ မှန်သမျှ လက်ခံသည်။ မကျွတ်မလွတ် ဖြစ်နေသူများ၏ ဆန္ဒကို ဖြည့်ဆည်းပေးကာ ထိုသူထံမှ ငွေယူသည်။ တစ်ချို့က မသေခင် ဖွက်ထားခဲ့သော အဖိုးတန် ပစ္စည်းများကို နေရာပြောပြကာ တောင်းဆိုချက်နှင့် လဲလှယ်ကြသည်။ တစ်ချို့က မြှုပ်နှံထားသည့် ရတနာများကို တူးဖော်ပေးကာ သဘော တူညီချက် လုပ်ကြရသည်။ လူတွေဘက်မှလည်း ငွေသာပေးလျှင် သောင်းကျန်းနေသော မကောင်းဆိုးရွား မှန်သမျှ ရှင်းပေးသည်။

သရဲတွေကို သတ်ရန်လည်း တခြား လက်နက် မလိုအပ်။ သူ၏ လက်နှစ်ဖက်ကိုက လက်နက်တစ်ခုလို အစွမ်းရှိသည်။ လက်ဖ၀ါးများဖြင့် သာ စိတ်ရှိသလို ကိုင်ပေါက်၊ ဖြတ်ရိုက်လေ့ရှိသည်။ ပြီးတော့ မုန်းမာန်က မကောင်းဆိုးရွား မိချောင်း တစ်ကောင်လည်း မွေးထားသေးသည်။ ထို မိချောင်းကြီးက သူ့သခင် စကားကို သိပ်ပြီး နာခံတတ်သေးသည်။

သို့သော် ထိုမျှ အစွမ်းရှိသော မုန်းမာန်သည် ကံကောင်းသည့် လူတစ်ယောက်တော့ မဖြစ်ခဲ့ပါ။ မည်သူမှ မသိသည့် အကြောင်းမှာ ဒီလောကသည် အစစ်အမှန် မဟုတ်ဘဲ ၀တ္တု တစ်ပုဒ်သာ ဖြစ်ခဲ့သည့် အကြောင်းပင်။ အမှန်ပင် မုန်းမာန်သည် ထူးခြားမှု မရှိဘဲ တွေ့နေကျ ဖြစ်သည့် သာမန် ၀တ္တု တစ်ပုဒ်ထဲသို့ ၀ိဥာဉ် ဆွဲသွင်းခြင်း ခံခဲ့ရသည်။

မူလ ၀တ္တု ဇာတ်ကြောင်းမှာ သည်လို ဖြစ်သည်။

မုန်းမာန်ကို အောက်တိုဘာ ၃၁ ရက်၊ မိုးများသည်းထန်စွာ ရွာသွန်း နေသည့် ညဘက်အချိန်တွင် မွေးဖွားခဲ့ပြီး မုန်းမာန်အား မွေးပြီး မကြာခင် ထိုနေ့ညတွင်ပဲ တစ်ရွာလုံး မီးလောင်မှု ဖြစ်ပွားခဲ့သည်။ မိုးသည်းနေအောင် ရွာနေသည့်ကြားမှ မီးလျှံများမှာ အရှိန်အဟုန်ဖြင့် တောက်လောင်နေသဖြင့် တစ်ရွာလုံး ရဲရဲနီနေသည်။ တစ်ရွာလုံး အသက်ရှင်ကျန်ရစ်ခဲ့သူမှာ မွေးခါစ ကလေးဖြစ်သည့် မုန်းမာန် တစ်ယောက်သာ ရှိသဖြင့် မြို့မှ ဆွေးမျိုးများ အားလုံးသည် “မုန်းမာန်ဟာ လူမဖြစ်နိုင်ဘူး၊” ဟု ထင်ကြေးပေးကြ လေသည်။ ချက်ချင်း မြို့သို့ လာခေါ်သွားကြသော်လည်း ဆွေမျိုးများသည် အိမ်မှာ မထားလိုကြပေ။

ရွာရှိ မိဘပိုင် လယ်ဧကများသည်လည်း ရုတ်တရက် မီးလောင်ကာ ပျက်စီးသွားခဲ့သည်။ ပွဲရုံများလည်း မုန်းမာန် မွေးပြီး သိပ်မကြာခင် အရှုံး ပေါ်ခဲ့သည်။ စီးပွားပျက်သည်အထိ ကံဆိုး မိုးမှောင် ကျသွားပြီး မုန်းမာန်၏ အဘိုး၊အဘွားများသည်လည်း အိပ်ယာထဲ လဲသွားလေသည်။

ကံဆိုးမှုများသာ သယ်ဆောင် လာသော မုန်းမာန်သည် နေရင်း ထိုင်ရင်းပင် “မကောင်းဆိုးရွား” နာမည် တပ်ခံရတော့သည်။ မွေးလာသည့် နေ့မှာပင် အဖေ၊အမေ သေဆုံးသွားသည့် ကလေးများကို နိမိတ် မကောင်း ဟု စွပ်စွဲကြသည်မှာ လူသားတွေ အတွက် ပုံမှန် ကိစ္စ တစ်ခုလိုပင် ဖြစ်နေလေပြီ။ အခု သေဆုံးသွားသည်မှာ တစ်ရွာလုံး ဖြစ်နေတော့ ပိုဆိုးလေသည်။ နောက်ဆုံးမှာတော့ ဆွေမျိုးများ သည် အိမ်ပေါ်က နှင်ချ သည် အထိပင်။ ပိုဆိုးသည်က သူမွေးခဲ့သည့် အောက်တိုဘာ ၃၁ ရက်နေ့ သည် Halloween ဖြစ်နေသည်။

မုန်းမာန် မွေးပြီး ၄လ အကြာတွင် တိုက်တိုက်ဆိုင်ဆိုင်ပင် အဒေါ်ငယ်သည် သမီးလေး တစ်ဦး မွေးဖွားခဲ့သည်။ “ချစ်ခွန်းသာ” မွေးဖွား သည့် အချိန်တွင် စီးပွားပြန်တက်ခဲ့ပြီး တစ်မျိုးလုံးက ကံကောင်းသည့် နတ်မိမယ်လေးသဖွယ် ချီးကျူးကြလေသည်။ မုန်းမာန်ကိုတော့ မိဘမဲ့ ဂေဟာတွင် နေစေသည်။ အိမ်နှင့် မပက်သတ်စေရန် ရည်ရွယ်ချက်ဖြင့် ထောက်ပံ့ကြေး ပေးသည်။ အိမ်မှာ ထားရင် ထပ်ပြီး ကံဆိုးမည်ကို စိုးရိမ်ကြသဖြင့်။

သို့ဖြင့် မုန်းမာန် အသက်ကြီးလာသော အခါ ရှိနေသည့် အစွမ်းများ ဖြင့် ပရလောကသားတွေကို ကယ်ဆယ်လေတော့သည်။

သည်လို ၀တ္တုမျိုးကို အချိန်ကုန်ခံပြီး ဖတ်ခဲ့သည်ကို နောင်တရလို့ မဆုံးပေ။ သောက်ကျိုးနည်း ပေါက်ကရတွေ လျှောက်ရေးထားသည် မဟုတ်လား။

၀ိဥာဉ် ကူးပြောင်းလာသော မုန်းမာန်သည် အသက်အရွယ်  ကြီးလာတော့ မူလဇာတ်ကြောင်းကို သွေဖယ်ကာ စီးပွားသာ နင်းကန် ရှာလေတော့သည်။ ရရှိနေသည့် အစွမ်းများကို ငွေရရန်အတွက်သာ ထုတ်သုံးလေတော့သည်။ အခု လက်ရှိတွင် မုန်းမာန်သည် တောထဲတွင် ခမ်းနားလှသည့် အိမ်ကြီး တစ်အိမ် ဆောက်ထားကာ တစ်ယောက်တည်း နေထိုင်လေသည်။

တစ်ဘ၀လုံး ပိုက်ဆံကို သိမ်းကြုံး ရှာထားသဖြင့် ပိုင်ဆိုင်သော လယ်ဧက များသည် လက်ညှိုးထိုး မလွဲပင်။ မြို့မှာ နေထိုင်ကြသည့် ဆွေမျိုး များနှင့်လည်း ပက်သတ်ခြင်း မရှိ။ ထောက်ပံ့ခဲ့သည့် ငွေကြေးများကို ပြန်လည် ပေးအပ်ပြီး အဆက်ဖြတ်လိုက်တော့သည်။ လူများနှင့် ဆက်စပ်မှု မရှိလေ၊ မုန်းမာန် အလုပ်သည်လည်း အဆင်ပြေလေ ဖြစ်သည်မလား။ များသော အားဖြင့် သေဆုံးပြီးသား ၀ိဥာဉ်များ၏ ဆန္ဒကိုဖြည့်ဆည်းပေးကာ ပိုက်ဆံ ရှာဖြစ်သည်က များသည်။

အလကားတော့ လုံးဝ မကူညီပါ။ ပိုက်ဆံ မပေးရင် လုံးဝ၊ လုံးဝ မကူညီပါ။
ထူးခြားသည်က အသက် ၂၈ နှစ် ရှိပြီ ဖြစ်သော်လည်း မုန်းမာန် တွင် သူငယ်ချင်း မရှိ။

၀တ္တုထဲတွင် အလိုက်သင့်လေး အဆင်ပြေသလိုသာ နေထိုင်နေရ သည်။ ၀တ္တုထဲက ထွက်ရန်လည်း စိတ်မကူးရဲပေ။ မူလ ကမ္ဘာ အစစ်တွင်  မုန်းမာန်သည် ကားတိုက်ကာ သေဆုံးပြီးသား လူ တစ်ယောက် ဖြစ်နေ သည်မို့။ သေပြီးသည့် အချိန်တွင် ငရဲ ရောက်ရမည့်အစား ဖတ်ခဲ့ဖူးသည့် ၀တ္တုမှ မုန်းမာန်နှင့် နာမည်တူ ဇာတ်ကောင်ကိုယ်ထဲ ဘာကြောင့် ရောက်ရှိ လာသည်မသိ။ အစွမ်းရှိသော မုန်းမာန်နေရာမှာ ၀င်ရင်း သေမထူး၊ နေမထူးမို့ စိတ်ထင်တိုင်း ကြဲနေတော့သည်။

*-*

“မုန်းမာန် ထွက်လာပြီ ပုန်းကြဟေ့”

အိပ်မပျော်သဖြင့် ပြတင်းပေါက် ဘောင်ပေါ် ထွက်ထိုင်မိတော့ ၃စက္ကန့်အတွင်း အပြေးအလွှား ပုန်းကြသော အရိပ်မည်းများ။ သည်လောက် ထိ ကြောက်ပြနေကြတာတော့ လွန်ပြီ ထင်သည်။

“ငါ ပိုက်ဆံမရဘဲ အကြောင်းမဲ့ မင်းတို့ကို မသတ်ပါဘူးဟာ”

ခပ်တိုးတိုး ပြောလိုက်သော်လည်း မည်သူမှ အဖက်မလုပ်။ ညသန်းခေါင်မို့ တိတ်ဆိတ်နေပြီး တိုက်ခတ်နေသည့် လေများကလည်း အေးမြသည်။ ရုတ်တရက် သစ်ပင်ပေါ် တက်ထိုင်ချင်သွားသဖြင့် ပြတင်း ပေါက်နှင့် မျက်နှာချင်းဆိုင်ရှိ သစ်ကိုင်းပေါ် ခုန်ကူးလိုက်သည်။ ညဉ့်ငှက် များက ခပ်စူးစူးအော်ဟစ်ကာ ပျံပြေးလေသည်။

“ဦးလေး”

သစ်ပင်အောက်မှ မော့ကြည့်နေသော ယွန်းငယ်။ တဖြည်းဖြည်း ၀ိဥာဉ်လေးသည် သစ်ပင်ပေါ်ထိ လွင့်လာပြီး ကျွန်တော့် ဘေးတွင် လာထိုင် လေသည်။ ရုတ်တရက် လေထုသည် ချမ်းစိမ့်သွားလေသည်။

“လေးငယ်ကို ရှာလို့တွေ့ပါ့မလား”

“ရအောင် ရှာပေးမယ်”

ယွန်းငယ်က ကျေနပ်သွားဟန်ဖြင့် ခေါင်းကို ညိတ်ပြလေသည်။ မုန်းမာန် စိတ်ထဲတွင် တွေးနေသည်က …. “သေချာပေါက် ရအောင် ရှာရမှာပေါ့၊ ငါ သူ့ဆီက ပိုက်ဆံတောင်းရမယ်လေ” ဟု ဖြစ်လေသည်။

*-*




Episode _ 2 [Yoon: မုန္းမာန္က လူအစစ္လား?]

မုန္းမာန္။

အင္အား အလြန္နည္းေသာ တေစၦေလးမ်ားအတြက္ မုန္းမာန္သည္ နတ္ဆိုး တစ္ပါးလိုပင္ ျဖစ္ေနသည္။ မုန္းမာန္သည္ လူစင္စစ္ပင္ ျဖစ္ေသာ္ လည္း ထူးျခားေသာ အစြမ္းအမ်ား ရွိသည္။ အစြမ္းမည္မွ် ရွိသည္ကို မည္သူမွ တိတိက်က် မသိၾကသလို ခန့္မွန္းၾကည့္ရန္ပင္ မ၀ံ့ရဲၾကေပ။ မေကာင္းဆိုးရြားၾကီးမ်ားကိုပင္ လက္စတံုးကာ အေပ်ာက္ရွင္းနိုင္စြမ္း ရွိသ ျဖင့္ မည္သူမွ မုန္းမာန္ကို မဆန့္က်င္ရဲ။ ဆန့္က်င္ဘက္ မျဖစ္မိေစရန္လည္း ၾကိတ္ျပီး ဆုေတာင္း တတ္ၾကသည္။

မုန္းမာန္နွင့္ ဆန့္က်င္ဘက္ မျဖစ္ေရး သူတို့အေရးပဲ။

မုန္းမာန္က လူေတြဘက္မွာ ေနသည္လား၊ ပရေလာက ဘက္မွာ ရပ္တည္သလား ေမးၾကရင္ အေျဖက တစ္ခုတည္းသာ။ မုန္းမာန္သည္ အျမဲတမ္း ေငြရွိသည့္ဘက္တြင္ ရပ္ပါသည္။ ေငြမ်က္နွာ တစ္ကမာၻ ထင္ေသာ အက်င့္မေကာင္းသည့္ လူသားပင္ ျဖစ္သည္။

မုန္းမာန္ကို ပိုက္ဆံသာ ေပးနိုင္မည္ဆိုရင္ အကူအညီ မွန္သမွ် လက္ခံသည္။ မကြ်တ္မလြတ္ ျဖစ္ေနသူမ်ား၏ ဆႏၵကို ျဖည့္ဆည္းေပးကာ ထိုသူထံမွ ေငြယူသည္။ တစ္ခ်ိဳ့က မေသခင္ ဖြက္ထားခဲ့ေသာ အဖိုးတန္ ပစၥည္းမ်ားကို ေနရာေျပာျပကာ ေတာင္းဆိုခ်က္နွင့္ လဲလွယ္ၾကသည္။ တစ္ခ်ိဳ့က ျမွဳပ္နွံထားသည့္ ရတနာမ်ားကို တူးေဖာ္ေပးကာ သေဘာ တူညီခ်က္ လုပ္ၾကရသည္။ လူေတြဘက္မွလည္း ေငြသာေပးလွ်င္ ေသာင္းက်န္းေနေသာ မေကာင္းဆိုးရြား မွန္သမွ် ရွင္းေပးသည္။

သရဲေတြကို သတ္ရန္လည္း တျခား လက္နက္ မလိုအပ္။ သူ၏ လက္နွစ္ဖက္ကိုက လက္နက္တစ္ခုလို အစြမ္းရွိသည္။ လက္ဖ၀ါးမ်ားျဖင့္ သာ စိတ္ရွိသလို ကိုင္ေပါက္၊ ျဖတ္ရိုက္ေလ့ရွိသည္။ ျပီးေတာ့ မုန္းမာန္က မေကာင္းဆိုးရြား မိေခ်ာင္း တစ္ေကာင္လည္း ေမြးထားေသးသည္။ ထို မိေခ်ာင္းၾကီးက သူ့သခင္ စကားကို သိပ္ျပီး နာခံတတ္ေသးသည္။

သို့ေသာ္ ထိုမွ် အစြမ္းရွိေသာ မုန္းမာန္သည္ ကံေကာင္းသည့္ လူတစ္ေယာက္ေတာ့ မျဖစ္ခဲ့ပါ။ မည္သူမွ မသိသည့္ အေၾကာင္းမွာ ဒီေလာကသည္ အစစ္အမွန္ မဟုတ္ဘဲ ၀တၱဳ တစ္ပုဒ္သာ ျဖစ္ခဲ့သည့္ အေၾကာင္းပင္။ အမွန္ပင္ မုန္းမာန္သည္ ထူးျခားမႈ မရွိဘဲ ေတြ႕ေနက် ျဖစ္သည့္ သာမန္ ၀တၱဳ တစ္ပုဒ္ထဲသို့ ၀ိဥာဥ္ ဆြဲသြင္းျခင္း ခံခဲ့ရသည္။

မူလ ၀တၱဳ ဇာတ္ေၾကာင္းမွာ သည္လို ျဖစ္သည္။

မုန္းမာန္ကို ေအာက္တိုဘာ ၃၁ ရက္၊ မိုးမ်ားသည္းထန္စြာ ရြာသြန္း ေနသည့္ ညဘက္အခ်ိန္တြင္ ေမြးဖြားခဲ့ျပီး မုန္းမာန္အား ေမြးျပီး မၾကာခင္ ထုိေန့ညတြင္ပဲ တစ္ရြာလံုး မီးေလာင္မႈ ျဖစ္ပြားခဲ့သည္။ မိုးသည္းေနေအာင္ ရြာေနသည့္ၾကားမွ မီးလွ်ံမ်ားမွာ အရွိန္အဟုန္ျဖင့္ ေတာက္ေလာင္ေနသျဖင့္ တစ္ရြာလံုး ရဲရဲနီေနသည္။ တစ္ရြာလံုး အသက္ရွင္က်န္ရစ္ခဲ့သူမွာ ေမြးခါစ ကေလးျဖစ္သည့္ မုန္းမာန္ တစ္ေယာက္သာ ရွိသျဖင့္ ျမိဳ့မွ ေဆြးမ်ိဳးမ်ား အားလံုးသည္ “မုန္းမာန္ဟာ လူမျဖစ္နိုင္ဘူး၊” ဟု ထင္ေၾကးေပးၾက ေလသည္။ ခ်က္ခ်င္း ျမိဳ့သို့ လာေခၚသြားၾကေသာ္လည္း ေဆြမ်ိဳးမ်ားသည္ အိမ္မွာ မထားလိုၾကေပ။

ရြာရွိ မိဘပိုင္ လယ္ဧကမ်ားသည္လည္း ရုတ္တရက္ မီးေလာင္ကာ ပ်က္စီးသြားခဲ့သည္။ ပြဲရံုမ်ားလည္း မုန္းမာန္ ေမြးျပီး သိပ္မၾကာခင္ အရႈံး ေပၚခဲ့သည္။ စီးပြားပ်က္သည္အထိ ကံဆိုး မိုးေမွာင္ က်သြားျပီး မုန္းမာန္၏ အဘိုး၊အဘြားမ်ားသည္လည္း အိပ္ယာထဲ လဲသြားေလသည္။

ကံဆိုးမႈမ်ားသာ သယ္ေဆာင္ လာေသာ မုန္းမာန္သည္ ေနရင္း ထိုင္ရင္းပင္ “မေကာင္းဆိုးရြား” နာမည္ တပ္ခံရေတာ့သည္။ ေမြးလာသည့္ ေန့မွာပင္ အေဖ၊အေမ ေသဆံုးသြားသည့္ ကေလးမ်ားကို နိမိတ္ မေကာင္း ဟု စြပ္စြဲၾကသည္မွာ လူသားေတြ အတြက္ ပံုမွန္ ကိစၥ တစ္ခုလိုပင္ ျဖစ္ေနေလျပီ။ အခု ေသဆံုးသြားသည္မွာ တစ္ရြာလံုး ျဖစ္ေနေတာ့ ပိုဆိုးေလသည္။ ေနာက္ဆံုးမွာေတာ့ ေဆြမ်ိဳးမ်ား သည္ အိမ္ေပၚက နွင္ခ် သည္ အထိပင္။ ပိုဆိုးသည္က သူေမြးခဲ့သည့္ ေအာက္တိုဘာ ၃၁ ရက္ေန့ သည္ Halloween ျဖစ္ေနသည္။

မုန္းမာန္ ေမြးျပီး ၄လ အၾကာတြင္ တိုက္တိုက္ဆိုင္ဆိုင္ပင္ အေဒၚငယ္သည္ သမီးေလး တစ္ဦး ေမြးဖြားခဲ့သည္။ “ခ်စ္ခြန္းသာ” ေမြးဖြား သည့္ အခ်ိန္တြင္ စီးပြားျပန္တက္ခဲ့ျပီး တစ္မ်ိဳးလံုးက ကံေကာင္းသည့္ နတ္မိမယ္ေလးသဖြယ္ ခ်ီးက်ဴးၾကေလသည္။ မုန္းမာန္ကိုေတာ့ မိဘမဲ့ ေဂဟာတြင္ ေနေစသည္။ အိမ္နွင့္ မပက္သတ္ေစရန္ ရည္ရြယ္ခ်က္ျဖင့္ ေထာက္ပံ့ေၾကး ေပးသည္။ အိမ္မွာ ထားရင္ ထပ္ျပီး ကံဆိုးမည္ကို စိုးရိမ္ၾကသျဖင့္။

သို့ျဖင့္ မုန္းမာန္ အသက္ၾကီးလာေသာ အခါ ရွိေနသည့္ အစြမ္းမ်ား ျဖင့္ ပရေလာကသားေတြကို ကယ္ဆယ္ေလေတာ့သည္။

သည္လို ၀တၱဳမ်ိဳးကုိ အခ်ိန္ကုန္ခံျပီး ဖတ္ခဲ့သည္ကို ေနာင္တရလို့ မဆံုးေပ။ ေသာက္က်ိဳးနည္း ေပါက္ကရေတြ ေလွ်ာက္ေရးထားသည္ မဟုတ္လား။

၀ိဥာဥ္ ကူးေျပာင္းလာေသာ မုန္းမာန္သည္ အသက္အရြယ္  ၾကီးလာေတာ့ မူလဇာတ္ေၾကာင္းကို ေသြဖယ္ကာ စီးပြားသာ နင္းကန္ ရွာေလေတာ့သည္။ ရရွိေနသည့္ အစြမ္းမ်ားကို ေငြရရန္အတြက္သာ ထုတ္သံုးေလေတာ့သည္။ အခု လက္ရွိတြင္ မုန္းမာန္သည္ ေတာထဲတြင္ ခမ္းနားလွသည့္ အိမ္ၾကီး တစ္အိမ္ ေဆာက္ထားကာ တစ္ေယာက္တည္း ေနထိုင္ေလသည္။

တစ္ဘ၀လံုး ပိုက္ဆံကို သိမ္းၾကံဳး ရွာထားသျဖင့္ ပိုင္ဆိုင္ေသာ လယ္ဧက မ်ားသည္ လက္ညွိဳးထိုး မလြဲပင္။ ျမိဳ့မွာ ေနထိုင္ၾကသည့္ ေဆြမ်ိဳး မ်ားနွင့္လည္း ပက္သတ္ျခင္း မရွိ။ ေထာက္ပံ့ခဲ့သည့္ ေငြေၾကးမ်ားကို ျပန္လည္ ေပးအပ္ျပီး အဆက္ျဖတ္လိုက္ေတာ့သည္။ လူမ်ားနွင့္ ဆက္စပ္မႈ မရွိေလ၊ မုန္းမာန္ အလုပ္သည္လည္း အဆင္ေျပေလ ျဖစ္သည္မလား။ မ်ားေသာ အားျဖင့္ ေသဆံုးျပီးသား ၀ိဥာဥ္မ်ား၏ ဆႏၵကိုျဖည့္ဆည္းေပးကာ ပိုက္ဆံ ရွာျဖစ္သည္က မ်ားသည္။

အလကားေတာ့ လံုး၀ မကူညီပါ။ ပိုက္ဆံ မေပးရင္ လံုး၀၊ လံုး၀ မကူညီပါ။
ထူးျခားသည္က အသက္ ၂၈ နွစ္ ရွိျပီ ျဖစ္ေသာ္လည္း မုန္းမာန္ တြင္ သူငယ္ခ်င္း မရွိ။

၀တၱဳထဲတြင္ အလိုက္သင့္ေလး အဆင္ေျပသလိုသာ ေနထိုင္ေနရ သည္။ ၀တၱဳထဲက ထြက္ရန္လည္း စိတ္မကူးရဲေပ။ မူလ ကမာၻ အစစ္တြင္  မုန္းမာန္သည္ ကားတိုက္ကာ ေသဆံုးျပီးသား လူ တစ္ေယာက္ ျဖစ္ေန သည္မို့။ ေသျပီးသည့္ အခ်ိန္တြင္ ငရဲ ေရာက္ရမည့္အစား ဖတ္ခဲ့ဖူးသည့္ ၀တၱဳမွ မုန္းမာန္နွင့္ နာမည္တူ ဇာတ္ေကာင္ကိုယ္ထဲ ဘာေၾကာင့္ ေရာက္ရွိ လာသည္မသိ။ အစြမ္းရွိေသာ မုန္းမာန္ေနရာမွာ ၀င္ရင္း ေသမထူး၊ ေနမထူးမို့ စိတ္ထင္တိုင္း ၾကဲေနေတာ့သည္။

*-*

“မုန္းမာန္ ထြက္လာျပီ ပုန္းၾကေဟ့”

အိပ္မေပ်ာ္သျဖင့္ ျပတင္းေပါက္ ေဘာင္ေပၚ ထြက္ထိုင္မိေတာ့ ၃စကၠန့္အတြင္း အေျပးအလႊား ပုန္းၾကေသာ အရိပ္မည္းမ်ား။ သည္ေလာက္ ထိ ေၾကာက္ျပေနၾကတာေတာ့ လြန္ျပီ ထင္သည္။

“ငါ ပိုက္ဆံမရဘဲ အေၾကာင္းမဲ့ မင္းတို့ကို မသတ္ပါဘူးဟာ”

ခပ္တိုးတိုး ေျပာလိုက္ေသာ္လည္း မည္သူမွ အဖက္မလုပ္။ ညသန္းေခါင္မို့ တိတ္ဆိတ္ေနျပီး တိုက္ခတ္ေနသည့္ ေလမ်ားကလည္း ေအးျမသည္။ ရုတ္တရက္ သစ္ပင္ေပၚ တက္ထိုင္ခ်င္သြားသျဖင့္ ျပတင္း ေပါက္နွင့္ မ်က္နွာခ်င္းဆိုင္ရွိ သစ္ကိုင္းေပၚ ခုန္ကူးလိုက္သည္။ ညဥ့္ငွက္ မ်ားက ခပ္စူးစူးေအာ္ဟစ္ကာ ပ်ံေျပးေလသည္။

“ဦးေလး”

သစ္ပင္ေအာက္မွ ေမာ့ၾကည့္ေနေသာ ယြန္းငယ္။ တျဖည္းျဖည္း ၀ိဥာဥ္ေလးသည္ သစ္ပင္ေပၚထိ လြင့္လာျပီး ကြ်န္ေတာ့္ ေဘးတြင္ လာထိုင္ ေလသည္။ ရုတ္တရက္ ေလထုသည္ ခ်မ္းစိမ့္သြားေလသည္။

“ေလးငယ္ကို ရွာလို့ေတြ႕ပါ့မလား”

“ရေအာင္ ရွာေပးမယ္”

ယြန္းငယ္က ေက်နပ္သြားဟန္ျဖင့္ ေခါင္းကို ညိတ္ျပေလသည္။ မုန္းမာန္ စိတ္ထဲတြင္ ေတြးေနသည္က …. “ေသခ်ာေပါက္ ရေအာင္ ရွာရမွာေပါ့၊ ငါ သူ့ဆီက ပိုက္ဆံေတာင္းရမယ္ေလ” ဟု ျဖစ္ေလသည္။

*-*




October 31Onde histórias criam vida. Descubra agora