Y 7

166 24 0
                                    

Episode _7 [Yoon: ၁၀သိန်း တောင်းလေပြီ]

“လေးငယ် …”

ယွန်းငယ်က ကျွန်တော့် ရှေ့တွင် ရှိနေပြီး ခပ်တိုးတိုး ခေါ်နေသည်။

“သမီး … ယွန်းလေး၊ ဘယ်လို ရောက်လာတာလဲ၊ ဘယ်တွေ သွားနေတာလဲ”

“လေးငယ်  … အူးဝါး ”

ရုတ်တရက် ထငိုသဖြင့် တူမလေးကို ချော့မော့ရန် အနားကပ်ကာ ထိုင်ချလိုက်တော့ ယွန်းငယ်က လာဖက်သည်။ သို့သော် အေးစက်နေသော လေထုကိုသာ ခံစားလိုက်ရသည်။

ထိလို့ မရဘူး။

“ဒါ …. ဒါ ဘယ်လို ဖြစ်တာလဲ၊ သမီးကို ဘာလို့ ထိလို့ မရတာလဲ”

“သမီးက သေသွားပြီလေ”

“ဘာ”

“သမီးက ၀ိဥာဉ်ပါ”

ယွန်းငယ်၏ စကားအဆုံးမှာ ခန့်မှူးနိုင် အကြောက်လွန်ပြီး မေ့လဲ သွားလေသည်။ မုန်းမာန် ထိုလူ သတိရသည်အထိ စိတ်ရှည်ရှည်နှင့် ရပ်စောင့်ပေးနေလိုက်သည်။ သတိရလာရင် ၁၀ သိန်းရမည်ဟု တွေးကာ ပျော်မြူးနေတော့သည်။

“လေးငယ် နိုးပြီလား”

“အား … သရဲ”

သတိရလာသော ခန့်မှူးနိုင် ပြန်ပြီး မေ့လဲမလို ဖြစ်သွားသဖြင့် မုန်းမာန် ယွန်းငယ်ကို ခပ်မြန်မြန်ပင် ဂုတ်က ကိုင်မကာ ခပ်ဝေးဝေးကို ထားလိုက်ရသည်။

“ခင်များ ကြောက်မနေနဲ့၊ လူကောင်ကြီးက ကြီးပြီးတော့များ”

“မင်းက သူ့ကို ထိလို့ရတယ်။ မင်းလည်း သရဲပဲလား”

လန့်နေသည့် အမူအယာဖြင့် ခန့်မှူးနိုင် အနောက်ဆုတ်လိုက်တော့ လူငယ်က စိတ်ရှုပ်စွာ ကြည့်လာလေသည်။

“လူဗျ၊ ဝေ့လည်ကြောင်ပတ် မလုပ်နဲ့ ပိုက်ဆံပေး”

“နေဦး … ငါ့တူမလေးကို မင်းသတ်လိုက်တာလား”

“ဘာဗျ။ ဟေ့ ယွန်းငယ် မင်းဘာသာ လာပြောလိုက်… နေဦး ခပ်ဝေးဝေးကနေ ပြောဦး။ မင်း လေးငယ်က ငကြောက်ကြီး”

“ကျွန်တော် သရဲကလွဲရင် ကျန်တာ မကြောက်ပါဘူး”

ယွန်းငယ်က တခစ်ခစ် ရယ်ရင်း ဖြစ်သမျှ ပြောပြလေတော့သည်။ နောက်ဆုံး ၁၀ သိန်း အကြောင်းပါ ထည့်ကာ သေချာ ပြောပြနေသည်မို့ မုန်းမာန် ကျေနပ်သွားရသည်။

ဒီလိုတော့လည်း ဒီ ကလေးမက တော်သားပဲ။

အံ့သြနေသော ခန့်မှူးပိုင်သည် ၅မိနစ်လောက် စကား မပြော နိုင်သေးပေ။ မုန်းမာန် ကြာတော့ သိပ်ပြီး စိတ်မရှည်ဖြစ်လာသည်။

“ခင်များ ကြောက်နေတာ မပြီးသေးဘူးလား၊ သိပြီဆိုရင်လည်း ပိုက်ဆံ ပေးတော့လေ”

“နေပါဦး ဒါဆို ဟိုကောင်မက ငါ့ တူမလေးကို သတ်ခိုင်းတာပေါ့”

ယွန်းငယ် အဖေ၏ နောက်မိန်းမကို ဆိုလိုမှန်း သဘောပေါက် သဖြင့် ယွန်းငယ်ရော မုန်းမာန်ပါ ခေါင်းညိတ်လိုက်ကြသည်။

“ဒါဆို ဒင်းကို ထောင်ထဲ ထည့်ရမှာပေါ့”

“ပိုက်ဆံ”

“အခု ၁ သိန်း ပေးထားမယ်လေ၊ ကျန်တာ အမှုဖြေရှင်းနိုင်မှ ဆက်ပြောတာပေါ့”

“ခင်များပြောတော့ ယွန်းငယ်ကို တွေ့ရင် ပေးမယ်ဆို”

“ကျွန်တော် ဘယ်လောက် ပေးမယ် မပြောခဲ့ဘူးနော်၊ ပြီးတော့ ဘယ်ချိန် ပေးမယ်လို့လဲ မပြောခဲ့ဘူးလေ”

“ခင်များ! ရတယ်လေ၊ အမှုပေါ်ရင် ပေးမယ်မလား”

“စိတ်ချ”

“ကောင်းပြီ၊ ခင်များ ပြန်လိုက်တော့”

“ကျွန်တော် မပြန်နိုင်ဘူး”

“ဘာပြောတယ်”

“မင်း အိမ်လိုက်ခဲ့မယ်၊ ကျွန်တော့် တူမလေးက မင်းဆီမှာ ရှိနေတာ လေ၊ ကျွန်တော် မင်း အိမ်မှာ တည်းလိုက်မယ်”
“တည်းခိုခ တစ်ည ၂သောင်း”

“အင်းအင်း၊ အကြွေးစာရင်းထဲ ပေါင်းလိုက်”

ဦးလေး မုန်းမာန်က မယုံသလို ကြည့်နေသော်လည်း နောက်ဆုံး ခေါင်းညိတ်လိုက်လေသည်။ ယွန်းငယ်ကတော့ ဦးလေးတို့ နှစ်ယောက်ကို ကြည့်ပြီး ကြိတ်ပြုံးလိုက်မိသည်။ လေးငယ်လို ကပ်စေးနဲကြီးက အကြွေးကို နှစ်ချီပြီး ဆပ်နေမှာ ယွန်း သေချာပေါက် ပြောရဲသည်။

“မင်း နာမည် ဘယ်သူလဲ၊ အသက်ကရော”

“မုန်းမာန်၊ ၂၈”

“ကျွန်တော်က ၃၅ ကျော်နေပြီ၊ ကျွန်တော်က မင်းထက် အသက် ပိုကြီးတာပဲ”

မုန်းမာန်ကမူ စကားပြောချင်စိတ် မရှိ။ အကြွေးစာရင်း လုပ်လိုက် သဖြင့် မကျေမနပ်ဖြစ်ကာ စိတ်တိုနေလေသည်။

“ဝေးသေးလား”

“ဝေးတယ်”

တောထဲမှာ မှောင်မည်းပြီး ခြောက်ခြားစရာ ဖြစ်နေသော်လည်း ခန့်မှူးနိုင် ကြောက်ရွံ့ခြင်း မရှိ။ ဘေးနားတွင် လူတစ်ယောက် ရှိနေသည်မို့။ တဖြည်းဖြည်း လျှောက်လာရင်း သချိင်္ုင်းနား ရောက်လာတော့ နည်းနည်း တော့ ကျောရိုးထဲ စိမ့်သွားသည်။

“အခုလိုကျ တောထဲမှာ တစ္ဆေ၊သရဲတွေ မရှိပါလား၊ ကျွန်တော်က တောထဲမှာ များမယ် ထင်နေတာ”

“ရှိတယ်။ ခင်များ မမြင်ရတာ။ ယွန်းငယ် တစ်ယောက်ကိုပဲ မြင်အောင် လုပ်ပေးထားလို့”

ကြက်သီးထသွားကာ မုန်းမာန်အနား မသိမသာလေး တိုးကပ်ပြီး တိတ်တဆိတ် လျှောက်နေလိုက်တော့သည်။ အတော်လေး လမ်းလျှောက် ပြီးတော့မှ ခြံဝင်းကျယ်ကြီး တစ်ခုကို မြင်လိုက်ရသည်။ ရေနံချေးများ သုတ်ထားသဖြင့် အိမ်ကြီး တစ်အိမ်လုံး နက်မှောင်နေသော်လည်း မီးပုံး ရောင်စံများကို တစ်ခြံလုံး ချိတ်ဆွဲထားသဖြင့် လင်းထိန်ကာ လှပနေသည်။

“မီးပုံးတွေ အများကြီးပဲ”

“သီတင်းကျွတ်မို့ ချိတ်ထားတာ”

ခြံထဲတွင် ရေကန်ကြီး တစ်ကန်ရှိပြီး ရေကန်ထဲတွင် ကြာပန်းများ ပွင့်နေလေသည်။ သစ်တုံးကြီး တစ်တုံးလည်း မျောနေသေးသည်။

“သစ်တုံးကြီး ရေထဲ မျောနေတယ်”

“အဲ့တာ သစ်တုံး မဟုတ်ဘူး။ မိချောင်း”

“ဘာ! ဘာလို့ မိချောင်းရှိနေတာလဲ”

“တောထဲမှာ မိချောင်းရှိတာ ဆန်းလား”

“မင်း မကြောက်ဘူးလား၊ ရေကန်က မင်းခြံထဲမှာလေ”

“သြော် တမင် မွေးထားတာလေ၊ ဒီရေကန်ပါအောင် ခက်ခက်ခဲခဲ ခြံခတ်ထားရတာ”

အံ့သြလွန်းလို့ ခန့်မှူးနိုင် စကားပင် ဆက်မပြောနိုင်တော့ပေ။ ခြံထဲတွင် သစ်ပင်ကြီးများလည်း ပေါက်နေသော်လည်း ဒါက သိပ်ပြီး အထူးအဆန်း မဟုတ်။

October 31Where stories live. Discover now