Y 1

440 35 1
                                    

Episode _ 1 [Yoon: တွေ့ဆုံခြင်း]

“မကောင်းဆိုးရွားလေး မွေးထားတာ”

“သူ့ကြောင့် သူ့အမေ သေတာလေ”

“သူမွေးပြီးကတည်းက တစ်အိမ်လုံး ကံဆိုးတော့တ ာပဲ”

“မုန်းမာန် အိမ်က ထွက်သွား”

ထွက်ပြေးမိသည်။ လူတွေနှင့် အဝေးဆုံးကို ပြေးထွက်ရင်းဖြင့် အရာရာက မှုန်ဝါးလာသည်။ နောက်ဆုံးတော့ မုန်းမာန် မောဟိုက်စွာဖြင့် အိပ်နေရာမှ လန့်နိုးလာ လေသည်။

“သြော်၊ အိပ်မက်ဆိုး မက်ပြန်ပြီပဲ”

ငယ်စဉ်က အဖြစ်အပျက်တွေဟာ အခုတော့လည်း ရယ်စရာ တစ်ခုလိုပင် ဖြစ်နေသည်။ မုန်းမာန် ပြုံးလိုက်သည်။ လူတွေ စွပ်စွဲတာ နည်းနည်းတော့ မှန်နေသည်လေ။

နာရီ ကြည့်လိုက်တော့ ၁၂ နာရီတိတိ။ ပြတင်းပေါက်မှ တံခါးရွက် များသည် အနည်းငယ် လှုပ်ခတ်သွားကာ တကျွီကျွီ မြည်နေလေသည်။ လေပြင်းလည်း မတိုက်ပါဘဲနှင့် ယိမ်းထိုးနေသော တံခါးရွက်ကြောင့် မုန်းမာန် မျက်ခုံး တစ်ချက် ပင့်လိုက်မိသည်။

“၀င်ခဲ့”

ဖြူလွှလွှ ပုံရိပ်ကလေးက ပုံမှန်ထက် ပိုပြီး သေးငယ်နေကာ ပါးလွှာသော ကိုယ်လုံးလေးက တသိမ့်သိမ့် တုန်နေလေသည်။

ဒီ ၀ိဥာဉ်သေးသေးလေးက ကလေးလေးပါလား။

“ချမ်းလို့လား”

ကလေးမလေးက ကျွန်တော့်ကို မကြည့်ဘဲ ခေါင်းခါလေသည်။ ခေါင်းလေးငုံ့ကာ အင်္ကျီစလေးကို ဖိကိုင်ထားပြီး ခပ်ရို့ရို့ကလေး ရပ်နေ သည်။

“ငါ့ကို ကြောက်လို့လား”

တစ်ချက် တုန်ရီသွားပြီး ခပ်ဖြည်းဖြည်း ခေါင်းညိတ်ကာ နောက်သို့ ခြေတစ်လှမ်း ဆုတ်သွားသည်။ မုန်းမာန် ပြောစရာ စကားပင် မရှိတော့သည် အထိ ဆွံ့အသွားလေသည်။ မုန်းမာန်က နည်းနည်း ကြမ်းတမ်းသည့် လူတစ်ယောက် ဆိုပေမယ့်လည်း သူ သရဲတွေတော့ လျှောက်မသတ်ပါ။ မကောင်းဆိုးရွား၊ ၀ိဥာဉ်၊ သရဲ မှန်သမျှကို မုန်းမာန် သတ်လို့ရသည် မှန်သော်လည်း အကြောင်းမရှိရင် မလိုအပ်ဘဲ နှိပ်စက်ခြင်း မရှိ။ ကိစ္စ မရှိရင် ပက်သတ်ခြင်းလည်း မရှိ။ အခုတော့ သရဲတွေကြားထဲမှာ လူဆိုးအဖြစ် နာမည်ပျက်နေပြီလား မသိ။

“ကြောက်ရင် ဘာလို့ ငါ့ဆီလာတာလဲ။ ပြန်”

မုန်းမာန်က စိတ်ရှည်သည့်ထဲတွင် မပါ။ ခပ်ပြတ်ပြတ် ပြောလိုက် တော့လည်း ကလေးမလေးက မျက်နှာငယ်လေးဖြင့် ကြည့်နေပြန်သည်။

“ပြောစရှိတာ ပြောကွာ၊ ငါ စိတ်မရှည်တော့ဘူး”

မြုံစိစိလုပ်နေသော ကောင်မလေးက မုန်းမာန် ဒေါသကို ဆွပေး နေသလို ဖြစ်သွားကာ မုန်းမာန် စိတ်တိုလာသဖြင့် အကြည့်စူးစူး တစ်ချက် ဖြင့် တံခါးရွက်ကို ကြည့်ရင်း ဒေါသတွေကို ပုံချ လိုက်ရသည်။ မုန်းမာန်၏ ဒေါသတကြီး အကြည့်ခံလိုက်ရသော တံခါးရွက် လေးမှာတော့ “၀ုန်းကနဲ” ပြိုကျသွားလေသည်။

၀ိဥာဉ်ကလေးက အိမ်အောက်သို့ ပြုတ်ကျသွားသော တံခါးရွက်ကို နှမြောသလို ကြည့်ပြီး တုန်ရီနေသည့် လက်ဖြင့် သူမ နှလုံးကို ဖိကာ ထိုင်ချလိုက်လေသည်။

“စိတ်မတိုပါနဲ့”

“ပြော ငါ့ အိပ်ချိန်ကို လာနှောင့်ယှက်တာ ဘာကိစ္စလဲ”

“လူရှာပေးပါ”

“မင်းမှာ ပိုက်ဆံ ရှိလား”

တွေဝေသွားသော မျက်နှာလေးမှာ သုန်မှုန်နေပြီ ဖြစ်သည်။ စုတ်ပြဲ နေသော အ၀တ် အစားတွေ မြင်ကတည်းက တောထဲရှိ ချောက်ကမ်းပါး ထက်မှ ပြုတ်ကျ သေဆုံးထားကြောင်း မုန်းမာန် ရိပ်မိလိုက်သည်။ တစ်ကိုယ်လုံးလည်း ပွန်းပဲ့ဒဏ်ရာတွေ အပြည့်။ သည်လို ရုတ်တရက် သေဆုံးသွားမှတော့ ပိုက်ဆံလည်း ပါမည် မထင်။ မြှုပ်ထားသည့် ရတနာများ ရှိရအောင်လည်း သည်ရွာမှ ဟုတ်ဟန်မတူ။

“ငါ့အကြောင်း မင်း သိမှာပါ။ ငါ ပိုက်ဆံ မရရင် ဘာမှ မလုပ်ဘူး”

မျက်နှာငယ်လေးဖြင့် မော့နေကြည့်နေရာမှ တင်ပျဉ်ခွေထိုင်ကာ အားရပါးရ အော်ငိုလေတော့သည်။ မျက်ရည်တော့ ကျမလာ။ စိတ်ရှုပ် လာသဖြင့်  ကိုယ်ကို အနည်းငယ် ငုံ့ကိုင်းကာ အေးစက်နေသော သူမ နဖူးကို ကျွန်တော့် လက်ညှိုးဖြင့် တစ်ချက် ထိလိုက်ပြီး ချက်ချင်း ပြန်ဖယ်လိုက်သည်။

သူမ အကြောင်းတွေ သိရရုံ တစ်ချက်သာ ထိလိုက်ရင် ရပြီမို့ မတ်တပ် ပြန်ရပ်ရင်း မုန်းမာန် စဉ်းစားနေသည်။ ဒီကလေးမ ကြုံတွေ့ခဲ့ရ သည်များကို မုန်းမာန် အနည်းငယ် မြင်တွေ့ရသည်။ တိတိကျကျ အကုန် လုံးတော့ မမြင်ရ။
၅နှစ်သမီးလေး ယွန်းငယ်ကတော့ အော်ငိုလို့ ကောင်းနေဆဲ။

“လေးငယ်ကို ရှာချင်တာလား”

“ဦးလေးက ဘယ်လိုလုပ်သိတာလဲ”

ငိုနေတာ ချက်ချင်း ရပ်သွားပြီး မတ်တပ် ထရပ်ကာ မုန်းမာန် အနား အပြေးရောက်လာလေသည်။ မုန်းမာန် ပြုံးရုံ ပြုံးလိုက်သည်။ လေးငယ် ဆိုသော လူက အတော်လေး ချမ်းသာသည်ကို သိလိုက်ရသည်လေ။ သည် ၅ နှစ်သမီးလေးက အနည်းဆုံး သိန်းချီလောက်တော့ “လေးငယ်” အတွက် အဖိုးတန်လောက်မည် ထင်ရသည်။

“ရှာပေးမယ်”

“ယွန်းမှာ ပိုက်ဆံ မရှိဘူး”

“လေးငယ်နဲ့ တွေ့ရင် တောင်းပေးပေါ့”

“ဟုတ်”

“မင်း နေစရာ ရှိလား”

ခေါင်းခါပြသော ကောင်မလေးကို မြေအောက်ထပ်တွင် နေခွင့် ပေးလိုက်တော့ ၀ိဥာဉ်ကလေးက အခန်းထဲမှ လွင့်ကာ ထွက်သွားသဖြင့် မုန်းမာန် အိပ်ယာပေါ် ပြန်လှဲလိုက်လေသည်။ သဘောကောင်းလွန်းလို့ တည်းခိုခွင့် ပေးလိုက်ခြင်းတော့ လုံးဝ မဟုတ်။ ယွန်း၏ လေးငယ်ဆိုသူနှင့် တွေ့ပါက တည်းခိုစရိတ်ပါ ထည့်ပေါင်းကာ တောင်းယူရန် ကြံစည်ပြီးသား။

“ငါ့ရဲ့ ငွေတုံးလေးကို ဂရုစိုက်ရမှာပေါ့”

*-*


Episode _ 1 [Yoon: ေတြ႕ဆံုျခင္း]

“မေကာင္းဆိုးရြားေလး ေမြးထားတာ”

“သူ့ေၾကာင့္ သူ့အေမ ေသတာေလ”

“သူေမြးျပီးကတည္းက တစ္အိမ္လံုး ကံဆိုးေတာ့တ ာပဲ”

“မုန္းမာန္ အိမ္က ထြက္သြား”

ထြက္ေျပးမိသည္။ လူေတြနွင့္ အေ၀းဆံုးကို ေျပးထြက္ရင္းျဖင့္ အရာရာက မႈန္၀ါးလာသည္။ ေနာက္ဆံုးေတာ့ မုန္းမာန္ ေမာဟိုက္စြာျဖင့္ အိပ္ေနရာမွ လန့္နိုးလာ ေလသည္။

“ေၾသာ္၊ အိပ္မက္ဆိုး မက္ျပန္ျပီပဲ”

ငယ္စဥ္က အျဖစ္အပ်က္ေတြဟာ အခုေတာ့လည္း ရယ္စရာ တစ္ခုလိုပင္ ျဖစ္ေနသည္။ မုန္းမာန္ ျပံဳးလိုက္သည္။ လူေတြ စြပ္စြဲတာ နည္းနည္းေတာ့ မွန္ေနသည္ေလ။

နာရီ ၾကည့္လိုက္ေတာ့ ၁၂ နာရီတိတိ။ ျပတင္းေပါက္မွ တံခါးရြက္ မ်ားသည္ အနည္းငယ္ လႈပ္ခတ္သြားကာ တကြ်ီကြ်ီ ျမည္ေနေလသည္။ ေလျပင္းလည္း မတိုက္ပါဘဲနွင့္ ယိမ္းထိုးေနေသာ တံခါးရြက္ေၾကာင့္ မုန္းမာန္ မ်က္ခံုး တစ္ခ်က္ ပင့္လိုက္မိသည္။

“၀င္ခဲ့”

ျဖဴလႊလႊ ပံုရိပ္ကေလးက ပံုမွန္ထက္ ပိုျပီး ေသးငယ္ေနကာ ပါးလႊာေသာ ကိုယ္လံုးေလးက တသိမ့္သိမ့္ တုန္ေနေလသည္။

ဒီ ၀ိဥာဥ္ေသးေသးေလးက ကေလးေလးပါလား။

“ခ်မ္းလို့လား”

ကေလးမေလးက ကြ်န္ေတာ့္ကို မၾကည့္ဘဲ ေခါင္းခါေလသည္။ ေခါင္းေလးငံု့ကာ အက်ၤီစေလးကို ဖိကိုင္ထားျပီး ခပ္ရို့ရို့ကေလး ရပ္ေန သည္။

“ငါ့ကို ေၾကာက္လို့လား”

တစ္ခ်က္ တုန္ရီသြားျပီး ခပ္ျဖည္းျဖည္း ေခါင္းညိတ္ကာ ေနာက္သို့ ေျခတစ္လွမ္း ဆုတ္သြားသည္။ မုန္းမာန္ ေျပာစရာ စကားပင္ မရွိေတာ့သည္ အထိ ဆြံ႕အသြားေလသည္။ မုန္းမာန္က နည္းနည္း ၾကမ္းတမ္းသည့္ လူတစ္ေယာက္ ဆိုေပမယ့္လည္း သူ သရဲေတြေတာ့ ေလွ်ာက္မသတ္ပါ။ မေကာင္းဆိုးရြား၊ ၀ိဥာဥ္၊ သရဲ မွန္သမွ်ကို မုန္းမာန္ သတ္လို့ရသည္ မွန္ေသာ္လည္း အေၾကာင္းမရွိရင္ မလိုအပ္ဘဲ နွိပ္စက္ျခင္း မရွိ။ ကိစၥ မရွိရင္ ပက္သတ္ျခင္းလည္း မရွိ။ အခုေတာ့ သရဲေတြၾကားထဲမွာ လူဆိုးအျဖစ္ နာမည္ပ်က္ေနျပီလား မသိ။

“ေၾကာက္ရင္ ဘာလိ့ု ငါ့ဆီလာတာလဲ။ ျပန္”

မုန္းမာန္က စိတ္ရွည္သည့္ထဲတြင္ မပါ။ ခပ္ျပတ္ျပတ္ ေျပာလိုက္ ေတာ့လည္း ကေလးမေလးက မ်က္နွာငယ္ေလးျဖင့္ ၾကည့္ေနျပန္သည္။

“ေျပာစရွိတာ ေျပာကြာ၊ ငါ စိတ္မရွည္ေတာ့ဘူး”

ျမံဳစိစိလုပ္ေနေသာ ေကာင္မေလးက မုန္းမာန္ ေဒါသကို ဆြေပး ေနသလို ျဖစ္သြားကာ မုန္းမာန္ စိတ္တိုလာသျဖင့္ အၾကည့္စူးစူး တစ္ခ်က္ ျဖင့္ တံခါးရြက္ကို ၾကည့္ရင္း ေဒါသေတြကို ပံုခ် လိုက္ရသည္။ မုန္းမာန္၏ ေဒါသတၾကီး အၾကည့္ခံလိုက္ရေသာ တံခါးရြက္ ေလးမွာေတာ့ “၀ုန္းကနဲ” ျပိဳက်သြားေလသည္။

၀ိဥာဥ္ကေလးက အိမ္ေအာက္သို့ ျပဳတ္က်သြားေသာ တံခါးရြက္ကို နွေျမာသလို ၾကည့္ျပီး တုန္ရီေနသည့္ လက္ျဖင့္ သူမ နွလံုးကို ဖိကာ ထိုင္ခ်လိုက္ေလသည္။

“စိတ္မတိုပါနဲ့”

“ေျပာ ငါ့ အိပ္ခ်ိန္ကို လာေနွာင့္ယွက္တာ ဘာကိစၥလဲ”

“လူရွာေပးပါ”

“မင္းမွာ ပိုက္ဆံ ရွိလား”

ေတြေ၀သြားေသာ မ်က္နွာေလးမွာ သုန္မႈန္ေနျပီ ျဖစ္သည္။ စုတ္ျပဲ ေနေသာ အ၀တ္ အစားေတြ ျမင္ကတည္းက ေတာထဲရွိ ေခ်ာက္ကမ္းပါး ထက္မွ ျပဳတ္က် ေသဆံုးထားေၾကာင္း မုန္းမာန္ ရိပ္မိလိုက္သည္။ တစ္ကိုယ္လံုးလည္း ပြန္းပဲ့ဒဏ္ရာေတြ အျပည့္။ သည္လို ရုတ္တရက္ ေသဆံုးသြားမွေတာ့ ပိုက္ဆံလည္း ပါမည္ မထင္။ ျမွဳပ္ထားသည့္ ရတနာမ်ား ရွိရေအာင္လည္း သည္ရြာမွ ဟုတ္ဟန္မတူ။

“ငါ့အေၾကာင္း မင္း သိမွာပါ။ ငါ ပိုက္ဆံ မရရင္ ဘာမွ မလုပ္ဘူး”

မ်က္နွာငယ္ေလးျဖင့္ ေမာ့ေနၾကည့္ေနရာမွ တင္ပ်ဥ္ေခြထိုင္ကာ အားရပါးရ ေအာ္ငိုေလေတာ့သည္။ မ်က္ရည္ေတာ့ က်မလာ။ စိတ္ရႈပ္ လာသျဖင့္  ကိုယ္ကို အနည္းငယ္ ငံု့ကိုင္းကာ ေအးစက္ေနေသာ သူမ နဖူးကို ကြ်န္ေတာ့္ လက္ညွိဳးျဖင့္ တစ္ခ်က္ ထိလိုက္ျပီး ခ်က္ခ်င္း ျပန္ဖယ္လိုက္သည္။

သူမ အေၾကာင္းေတြ သိရရံု တစ္ခ်က္သာ ထိလိုက္ရင္ ရျပီမုိ့ မတ္တပ္ ျပန္ရပ္ရင္း မုန္းမာန္ စဥ္းစားေနသည္။ ဒီကေလးမ ၾကံဳေတြ႕ခဲ့ရ သည္မ်ားကို မုန္းမာန္ အနည္းငယ္ ျမင္ေတြ႕ရသည္။ တိတိက်က် အကုန္ လံုးေတာ့ မျမင္ရ။
၅နွစ္သမီးေလး ယြန္းငယ္ကေတာ့ ေအာ္ငိုလို့ ေကာင္းေနဆဲ။

“ေလးငယ္ကို ရွာခ်င္တာလား”

“ဦးေလးက ဘယ္လိုလုပ္သိတာလဲ”

ငိုေနတာ ခ်က္ခ်င္း ရပ္သြားျပီး မတ္တပ္ ထရပ္ကာ မုန္းမာန္ အနား အေျပးေရာက္လာေလသည္။ မုန္းမာန္ ျပံဳးရံု ျပံဳးလိုက္သည္။ ေလးငယ္ ဆိုေသာ လူက အေတာ္ေလး ခ်မ္းသာသည္ကို သိလိုက္ရသည္ေလ။ သည္ ၅ နွစ္သမီးေလးက အနည္းဆံုး သိန္းခ်ီေလာက္ေတာ့ “ေလးငယ္” အတြက္ အဖိုးတန္ေလာက္မည္ ထင္ရသည္။

“ရွာေပးမယ္”

“ယြန္းမွာ ပိုက္ဆံ မရွိဘူး”

“ေလးငယ္နဲ့ ေတြ႕ရင္ ေတာင္းေပးေပါ့”

“ဟုတ္”

“မင္း ေနစရာ ရွိလား”

ေခါင္းခါျပေသာ ေကာင္မေလးကို ေျမေအာက္ထပ္တြင္ ေနခြင့္ ေပးလိုက္ေတာ့ ၀ိဥာဥ္ကေလးက အခန္းထဲမွ လြင့္ကာ ထြက္သြားသျဖင့္ မုန္းမာန္ အိပ္ယာေပၚ ျပန္လွဲလိုက္ေလသည္။ သေဘာေကာင္းလြန္းလို့ တည္းခိုခြင့္ ေပးလိုက္ျခင္းေတာ့ လံုး၀ မဟုတ္။ ယြန္း၏ ေလးငယ္ဆိုသူနွင့္ ေတြ႕ပါက တည္းခုိစရိတ္ပါ ထည့္ေပါင္းကာ ေတာင္းယူရန္ ၾကံစည္ျပီးသား။

“ငါ့ရဲ့ ေငြတံုးေလးကို ဂရုစိုက္ရမွာေပါ့”

*-*


October 31Where stories live. Discover now