Y 6

181 23 0
                                    

Episode _ 6 [Yoon: လေးငယ်နဲ့ တွေ့ရပြီ]

ရွာအပြင်ဘက်ထိ ကားကို ဆက်မောင်းလာခဲ့သည်။ ခန့်မှူးနိုင် “ပြန်လမ်းမဲ့” တောအုပ်ရှေ့နား ရောက်သည်အထိ ကားကို ခပ်ဖြည်းဖြည်း သာ မောင်းရင်း ကြက်သီးများလည်း ထလာသည်။

“ပြန်လမ်းမဲ့ တောအုပ်တဲ့လား၊ နာမည်ကြီးက တစ်မျိုးပဲ”

မမြင်ရသည့် အရာများကို ကြောက်ရွံ့သော်လည်း ခန့်မှူးနိုင် အားတင်းပြီး တောအုပ်ရှေ့ ရောက်သည်အထိ ကားကို မောင်းလာလိုက်ပြီး တောအုပ်အ၀င်ဝမှာ ရပ်လိုက်သည်။ ကားပေါ်က ဆင်းကြည့်သော်လည်း လူ တစ်ယောက်မှ မရှိ။ တောတစ်တောလုံးလည်း မှောင်မဲနေသဖြင့် ခြောက်ခြားစရာ ကောင်းနေသည်။

စာပို့ထားသည့် ဖုန်းနံပါတ်ကို ဖုန်းခေါ် ကြည့်လိုက်တော့ ခွေးဟောင်သံများ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

အလန့်တကြားဖြင့် ကားထဲဝင်ရန် တွေးမိသော်လည်း ထို ခွေး ဟောင်သံများမှာ အစစ်မဟုတ်ကြောင်း ရိပ်မိလာသည်။ အဘယ်ကြောင့် ဆိုသော် ခွေးဟောင်သံများသည် သစ်ပင်ပေါ်မှ ကြားနေရခြင်း။ မော့ကြည့် လိုက်တော့ လူတစ်ယောက်က သစ်ပင်ပေါ်တွင် ထိုင်နေပြီး ဖုန်းတစ်လုံးကို ကိုင်ထားခြင်း ဖြစ်သည်။

ဒါဆို ခွေးဟောင်သံတွေက Ringtone ပေါ့။ ဒါ ဘယ်လို သောက်ရူးလဲ။

“ဟယ်လို”

“ခင်များက ကျွန်တော့်ကို စာပို့ထားတဲ့သူလား”

“အင်း”

“ဘာလို့ သစ်ပင်ပေါ်က စောင့်နေတာလဲ”

“တစ်ယောက်တည်း လာတာ မသေချာမှာစိုးလို့”

“မင်းက ကျွန်တော့်ကို မယုံတာလား”

“၁၀ သိန်းပါလား”

အပင်ပေါ်နှင့် အပင်အောက် ဖုန်းပြောနေရသည်မှာ နည်းနည်း တော့ ရယ်စရာကောင်းနေသည်။ ကျွန်တော်ကလည်း မော့ကြည့်နေရသလို သူကလည်း ငုံ့ကြည့်နေရင်း စကားပြောနေရသည်။

“မင်း အရင်ဆုံး ဆင်းခဲ့လိုက်ပါလား”

စကားဆုံးသည်နှင့် ချက်ချင်းဆိုသလို အပင်ပေါ်က ခုန်ချလိုက် သဖြင့် ခန့်မှူးနိုင် လန့်သွားကာ ခြေလှမ်းနှစ်လှမ်း ဆုတ်မိသည်။ ထိုသူက ဖုန်းကို ဆက်ပြီး ကိုင်ထားရင်း ပြန်ပြောလေသည်။

“ဆင်းပြီပြီ ပိုက်ဆံရော”

“မင်း … ရရဲ့လား၊ ဒီလောက် အမြင့်ကြီး ခုန်ချရသလား။ ခြေထောက်က ဘာမှ မဖြစ်ဘူးလား”

ဖုန်းချပြီး စိုးရိမ်စွာဖြင့် ထိုလူငယ်လေး အနားကပ်ကာ မေးမိသော် လည်း ကျေးဇူးရှင်က ဓားပြတိုက်ဖို့သာ စိတ်လောနေလေသည်။

“၁၀ သိန်း ပါလား”

“နေပါဦး … ဘယ်မှာလဲ ယွန်းငယ်”

“ရှိတယ်၊ ဘေးမှာ”

“ဘာတွေ ပြောနေတာလဲ၊ ကျွန်တော် မတွေ့ဘူးနော်”

“ပိုက်ဆံ”

“မရဘူး၊ ယွန်းငယ်ကို တွေ့တော့မှ ပေးနိုင်မယ်”

“အာ … တွေ့မှပေးမှာလား၊ တွေ့ရင် သေချာပေါက် ပေးမှာလား”

“စိတ်ချ၊ ကျွန်တော် ကတိပေးတယ်”

ရုတ်တရက် ထိုလူငယ်က အနားကပ်လာသဖြင့် အနောက်ကို ခြေတစ်လှမ်း ဆုတ်လိုက်မိတော့ သူက ကျွန်တော့် မျက်နှာအနားကို လက်လှမ်းလာသည်။ ရုတ်တရက် လန့်ပြီး မျက်လုံးပိတ်မိတော့ အေးစက် နေသော လက်တစ်ဖက်က ကျွန်တော့် မျက်ဝန်းများကို အုပ်မိုးထားလေ သည်။ ၅စက္ကန့်လောက် ကြာတော့ လက်ဖ၀ါးတစ်ခုလုံး မျက်နှာ ထက်မှ ပြန်ဖယ်သွားသဖြင့် မြန်မြန်ဆန်ဆန် ဖွင့်ကြည့်မိသည်။

“လေးငယ် …”

*-*

October 31Where stories live. Discover now