Y 4

182 28 0
                                    

Episode _ 4 [Yoon: လပြည့်ဝန်းနှင့် တွေ့ဆုံ]

ခန့်မှူးနိုင် ။

၃၅ နှစ်ကျော်နေပြီ ဖြစ်သော်လည်း ခန့်မှူးနိုင်တွင် မိန်းမ မရှိ။ ရည်းစားပင် မရှိသေးပေ။ ညီမဖြစ်သူ၏ တစ်ဦးတည်းသော သမီးလေး ကိုသာ စောင့်ရှောက်ပေးရင်း အချိန်ကုန်နေခဲ့သည်။ တူမလေးကို ထိန်း ကျောင်းရင်း ဘ၀သက်တမ်းကို ကုန်ဆုံးမည်ဟု တွေးထားခဲ့သော် လည်း ရင်နှစ်သည်းချာ တူမငယ်လေးသည် ပျောက်ချင်းမလှ ပျောက်ဆုံးသွားခဲ့ သည်။ ရဲစခန်း တိုင်တန်းကာ ကြိုးစား ရှာဖွေသော်လည်း ယခုထိ မတွေ့။

ရွာတွင် ပျောက်သွားခဲ့သည်မို့ တစ်ရွာလုံး မြေလှန်ရှာသော်လည်း အရိပ်အယောင် ပင် မမြင်ရ။ အနီးနားရှိ ရွာတိုင်းကို စုံးစမ်းသော်လည်း သတင်း အစအနပင် မရသေးသဖြင့် စိတ်ဓာတ်ကျလာသည်။ ရွာကို အလည်ခရီး အဖြစ် ခေါ်သွား ခဲ့သော ယောက်ဖ ဖြစ်သူကိုလည်း ဒေါသ ထွက်ရုံသာ တတ်နိုင်တော့သည်။

“သူဌေး၊ ကျွန်မကို ခေါ်လားရှင့်”

“လုပ်ငန်းတွေကို မင်းနဲ့ လွှဲထားခဲ့မလို့”

“ရှင်၊ သူဌေးက ဘယ်သွားမလို့လဲ”

“ငါ့ တူမလေး ပျောက်နေတာ အခုထိ မတွေ့သေးဘူး၊ ငါ ကိုယ်တိုင် ရွာသွားပြီး ရှာမလို့”

“ဟုတ်ကဲ့၊ စိတ်ချပြီး သွားပါ။ ကျွန်မ အကုန် တာဝန် ယူထား လိုက်ပါ့မယ်”

အတွင်းရေးမှူးဖြစ်သူကို လုပ်ငန်းများ လွှဲပေးကာ လိုအပ်သည် များကို မှာကြားပြီးသည်နှင့် ရွာသို့ ချီတက်မည့် ခရီးစဉ်အတွက် အစီအစဉ် ဆွဲလိုက်သည်။

*-*

“အစ်ကို ပြောတာ ဒီကောင်လား”

“အင်း ထားခဲ့”

တောထဲရှိ သရဲများသည် မုန်းမာန် အနိုင်အကျင့်ခံရဆုံး သရဲလေး များသာ ဖြစ်သည်။ မုန်းမာန် ခိုင်းတာကို မနာခံပါက ဖြတ်ရိုက်ခံရတတ် သောကြောင့် မုန်းမာန် အိမ်က ထွက်လာသည်ကို မြင်ရင် သရဲများ အားလုံး ပတ်ပြေး တတ်ကြသည်။ သို့သော်လည်း “လပြည့်ဝန်း” ဆိုသည့် တစ္ဆေ လေးကတော့ ကံဆိုးစွာဖြင့် ပြေးမလွတ်ခဲ့။ နောက်တော့ ရွာထဲရှိ သရဲ တစ်ကောင်ကို ဖမ်းခေါ်လာပေးရန် လပြည့်ကို အမိန့်ပေးလေသည်။ ဖမ်းခေါ် လာခိုင်းသည့် သရဲမှာ ယွန်းငယ် လူ့ဘ၀တုန်းက တည်းခိုခဲ့သည့် ဘကြီး အိမ်မှ သရဲကြီး တစ်ကောင် ဖြစ်နေလေသည်။  

“အရှင် ကျွန်တော် ဘာအမှား လုပ်မိလုိ့လဲ၊ ကျေးဇူးပြုပြီး ကျွန်တော့် ကို မသတ်ပါနဲ့”

ဖမ်းခေါ်ခံရသော သရဲကြီးက ဧည့်ခန်းမရှိ ကြမ်းပြင်တွင် ပြားပြား ၀ပ်ကာ တုန်ရီနေလေသည်။ ဆိုဖာပေါ်တွင် ပျင်းတိ ပျင်းရွဲထိုင်နေသော မုန်းမာန် စိတ်ပျက်စွာ တစ်ချက်သာ ကြည့်လိုက်သည်။ သူ မေးခွန်းလေး နည်းနည်း မေးချင်ရုံပါ။ ဘာလို့ တအား ကြောက်နေပါလိမ့်။

“ယွန်းငယ် ဆိုတဲ့ ကောင်မလေးကို မှတ်မိလား”

“ကျွန်တော် ဘာမှ မသိပါဘူး”

ဆိုဖာအား မှီထိုင်နေသော မုန်းမာန် ကျောပြင်တို့မှာ အနည်းငယ် မတ်သွား သလို မျက်နှာထားသည်လည်း တင်းမာသွားလေသည်။ မျက်နှာ ကျက်ရှိ မီးဆိုင်းကြီးမှာ လေမတိုက်ဘဲ လှုမ်းယမ်းလာပြီး မီးချောင်းများ၊ မီးလုံးများသည် အချင်းချင်း အကြမ်းပတမ်း ထိခတ်နေကာ “တချွင်ချွင်” မြည်နေလေပြီ။

“လိမ်ရဲတယ်ပေါ့”

“စိတ်လျှော့ပါ အရှင်…”

“ခွမ်း”

ရုတ်တရက် မီးလုံး တစ်လုံး ကျကွဲသွားကာ ကြမ်းပြင်တွင် ၀ပ်တွား နေသည့် လူကြီးထံသို့ လွင့်စင် ကျလေတော့သည်။ တစ္ဆေ၊ သရဲတွေဟာ ပစ္စည်းများနှင့် မထိနိုင်သော်လည်း မုန်းမာန် ထိစေလိုပါက ထိအောင် လုပ်နိုင်သည့် အစွမ်းရှိသဖြင့် မီးလုံး ထိမှန်သွားသော လူကြီးသည် နာကျင် သွားကာ အော်ဟစ်နေတော့သည်။

“နားညီးတယ်၊ လျှာဖြတ်လိုက်ရမလား”

အော်ငိုနေသော သရဲလူကြီးသည် ချက်ချင်း တိတ်ဆိတ် သွားလေ သည်။ ကျိုးနွံစွာဖြင့် ကြမ်းပြင်နှင့် နဖူးပြင်အား ထိခတ်သည်အထိ အသံ တိတ် ၀ပ်တွားခယ လေတော့သည်။

“ယွန်းငယ်၊ ထွက်လာခဲ့”

ယွန်းငယ်ကို မြင်တော့မှ မော့ကြည့်နေသော လူကြီးသည် တအံ့ တသြ ဖြစ်သွားလေသည်။

“ဒါ ပျောက်သွားတဲ့ ကလေးမပဲ၊ သူ သေပြီလား”

“သူ့ကို ရှာတဲ့သူ ရှိလား”

“ရှိတာပေါ့၊ ရှိတာပေါ့ သူ့ရဲ့ ဦးလေးငယ်ဆိုလား … သူ့တပည့် တစ်ယောက်က ဒီကလေးမ ပျောက်သွားကတည်းက ရှာနေတာ”

“ဟုတ်လား အဲ့ဒီလူရော”

“ရွာလူကြီး အိမ်မှာ တည်းတာလေ”

“အခုရော ရှိသေးလား”

“ရှိတယ်၊ စုံထောက်တွေပါ ခေါ်လာပြီး တစ်ရွာလုံး ရှာနေကြတာ”

“လမ်းပြ”

“ဗျာ ဘယ်ကိုလဲ”

“ရွာလူကြီး အိမ်ကို”

*-*

“ကျွန်တော့်ကို ရှာတာ ဘာကိစ္စလဲဗျ”

“မင်းရဲ့ သူဌေးကို ဘယ်လို ဆက်သွယ်လို့ ရမလဲ”

“ဘာလုပ်မလို့လဲ”

ရွာလူကြီး အိမ်ရောက်တော့ တကယ်ကို လေးငယ်ဆိုသူ၏ တပည့် ဖြစ်သူနှင့် တွေ့ရသည်။သို့သော်လည်း “ကျွန်တော်က သေပြီးသားသူတွေ ကို မြင်နိုင်တယ်” ဟု ပြောလိုက်လို့ မဖြစ်။ ကျွန်တော့် ရုပ်ရည်ချောချော လေးကို အရူးဟု မထင်စေလို။ သို့ဖြင့် မုသားသုံးကာ ခပ်တည်တည်နှင့် လိမ်ညာ လိုက်ရတော့သည်။

“သူ့လုပ်ငန်းမှာ ရှယ်ယာ ထည့်ချင်လို့”

“သူဌေးကို ဘယ်လိုလုပ် သိတာလဲဗျ”

“ဒါက ငါတို့ စီးပွားရေး သမားတွေရဲ့ လျို့ဝှက်ချက်ပါ”

နောက်ဆုံး ဖုန်းနံပါတ် တစ်ခု ရလာလေသည်။ လေးငယ် ဆိုသော လူ၏ နာမည်မှာ “ခန့်မှူးနိုင်” ဖြစ်ကြောင်းလည်း သိလိုက်ရသည်။

*-*

မိမိ ညီမများနှင့် စကားပြောခန်း

စာရေးသူ - “ဘယ်လိုလဲ ဖတ်လို့ကောင်းလား”

ညီမ ၁ - “ကောင်းတယ်၊ ဒါပေမယ့် ပုံပြင်က ၀တ္တုလိုပဲနော် မမ”

စာရေးသူ - “ငါမှ ပုံပြင် မရေးတတ်တာ လျှာမရှည်နဲ့ ။ ရေးပေးတာ ဖတ်”

ညီမ ၁ - “……”

October 31Where stories live. Discover now