Y 8

164 23 0
                                    

Episode _ 8 [Yoon: ပြန်ပေးသမားအား ခြိမ်းခြောက်]

“အစ်ကို … ကျွန်တော် ရောက်ပြီ”

“သွားရအောင်”

လပြည့်နှင့်အတူ အပြင်ထွက်ရန် မုန်းမာန် တစ်ယောက် ပြတင်း ပေါက် ဖွင့်လိုက်သည်နှင့် နှစ်ယောက်အိပ်ကုတင်၏ နေရာ တစ်ဝက်ကျော် လောက်ကို ယူကာ အိပ်ပျော်နေသော ခန့်မှူးနိုင် နိုးလာလေသည်။

“မအိပ်ဘူးလား”

“သွားစရာရှိတယ်”

“ကျွန်တော် တစ်ယောက်ထဲ နေခဲ့ရမှာလား”

“ယွန်းငယ်ကို ခဏ ခေါ်ထားလိုက်”

“ဘယ်သွားမလို့လဲ”

“ခင်များနဲ့ မဆိုင်ဘူး”

မုန်းမာန် ပြတင်းပေါက်ရှေ့က သစ်ကိုင်းပေါ်ကို တက်ပြီး ခုန်ချရန် အစီအစဉ်ကို ဖျက်သိမ်းလိုက်ရသည်။ အကောင်းအတိုင်း ရှိနေသေးသော ပြတင်းပေါက် တစ်ဖက်ကို ပြန်ပိတ်ကာ လှေကား မှ လူလိုသူလိုသာ ဆင်းသွား ရတော့သည်။

“ယွန်းလည်း လိုက်မယ်”

“မင်း လေးငယ်နဲ့သာ နေပေးလိုက်၊ အကြောက်လွန်ပြီး သေသွား ရင် ငါ အမှုပတ်နေလိမ့်မယ်”

“ဟုတ်”

ခန့်မှူးနိုင်သည် မုန်းမာန်ထက်ပင် လူကောင်ကြီးသည်။ အသက် လည်း ကြီးသလို၊ အရပ်လည်း ပိုရှည်သည်။ သည်လိုလူက ကြောက်ပြ နေသဖြင့် ပိုပြီး စိတ်တိုမိသည်။

“အစ်ကိုက သိပ်ချောတာပဲဗျာ”

လရောင်အောက်တွင် ခန့်ညားနေသော သည်လူကို လပြည့် မချီးကျူးဘဲ မနေနိုင်။

“မင်းငါ့ကို မြှောက်နေလည်း ဘာမှ မလုပ်ပေးနိုင်ဘူး၊ ပြောခဲ့သလိုပဲ ပိုက်ဆံ ရှိမှ ပြန်လာခဲ့”

“အစ်ကို ကျွန်တော့်ကို မှတ်မိတယ်လား”

“ငါ့ကို အစ်ကိုလို့ ခေါ်ဖူးတာ မင်းတစ်ယောက်ပဲ ရှိတယ်”

လပြည့် စိတ်ထဲ နည်းနည်း ကျေနပ်သွားသည်။ လူတိုင်းက နတ်ဆိုး တစ်ပါးလို ဖိန့်ဖိန့်တုန်အောင် ကြောက်ကြသည့် အရှင့်ကို မိမိသည် အစ်ကို ခေါ်နေသော်လည်း စိတ်မဆိုးသည့်အပြင် နှစ်ကြိမ်နှစ်ခါသာ တွေ့ဖူးသည့် မိမိကို အစ်ကိုက မှတ်မိနေသေးသည်။

ဒါ ဘယ်လို ကံကောင်းမှုမျိုးလဲ။

“ဒီအိမ်လား”

“ဟုတ်ကဲ့”

“ရပြီ၊ မင်းနေခဲ့”

“အစ်ကို တစ်ယောက်တည်း ၀င်မလို့လား”

Mask အမည်း တစ်ခုကို တပ်ပြီးမှ ပြန်ဖြေလေသည်။

“ဟုတ်တယ်”

*-*

“ဘယ်သူလဲ”

“မနက်ဖြန် မင်းတို့ ယွန်းငယ်ကို ပြန်ပေးဆွဲတဲ့ အကြောင်း ကိုယ့်ဘာသာ သွားပြီး ၀န်ခံလိုက်”

“မင်း ဘယ်သူလဲ”

ပြန်ပေးသမားသည် အိပ်ချင်မူးတူးဖြင့် အခန်းထောင့်ရှိ ပြတင်း ပေါက်အား မှီကာ ရပ်နေသော အနက် ရောင် Mask တပ်ထားသည့် လူအား ကြောင်ကြည့်နေလေသည်။ ခရမ်းရောင်ဖြစ်သော ဖဲသားရှပ်အင်္ကျီပျော့ပျော့ ကို ဘောင်းဘီ အနက် ရောင်နှင့် တွဲဝတ်ထားလေသည်။

“မင်းတို့ကို ဟိုမိန်းမက ခိုင်းတဲ့ အကြောင်းပါ တစ်ခါတည်းပြော”

“ငါက ဘာလို့ မင်း ခိုင်းသလို လုပ်ရမှာလဲ”

စိတ်မရှည်သော မုန်းမာန်သည် ဘေးနားရှိ အိပ်ပျော်နေသော ကြောင်တစ်ကောင်ကို ကိုင်မကာ လည်သည်းချွန်မများဖြင့် ထိုးသတ် လိုက်သည်။ သွေးများတစ်တောက်တောက် ကျလာသည်ကို ကြည့်ရင်း ပြန်ပေးသမားသည် တုန်ရီလာသည်။

“မြင်လား၊ စကား နားမထောင်ရင် ငါ့လည်သည်းက မင်းလည်ပင်း မှာ ရောက်သွားလိမ့်”

တိတ်ဆိတ်နေသော နေအိမ်အတွင်း မုန်းမာန်၏ ခပ်သြသြ အသံကြီးသည် ကြောက်မက်ဖွယ်ရာ ထွက်လာလေတော့ ထိုလူသည် ခြေထောက် လာဖက်ကာ တောင်းပန်လေသည်။

“မသတ်ပါနဲ့ တောင်းပန်ပါတယ်၊ မနက်ဖြန် သွားပြီး ၀န်ခံ လိုက်ပါ့မယ်”

“ဒီအကြောင်းတွေ လျှောက်ပြောရင်ပဲ ဖြစ်ဖြစ်၊ မင်းတို့ ပြန်ပေးဆွဲမှု ကို ၀န်မခံရင်ပဲ ဖြစ်ဖြစ် မင်း ကောင်းကောင်း အသက်ဆက်ရှင်ဖို့ကို မစဉ်းစားနဲ့တော့ ကြားလား”

“ဟုတ် … ဟုတ်ကဲ့”

ပြန်ထွက်လာတော့ မုန်းမာန် တစ်ယောက် လမ်းပင် မလျှောက်ချင် အောင် ပင်ပန်းနေပြီ ဖြစ်သည်။

“အစ်ကို အဆင်ပြေလား”

“မင်း မပြန်သေးဘူးလား လပြည့်”

“အစ်ကို့ကို စောင့်နေတာ”

“ပြန်ကြစို့”

သို့ဖြင့် တိတ်ဆိတ်နေသော ရွာလမ်းမပေါ်တွင် ခရမ်းရောင် ပုံရိပ်ကလေးသည် ပျင်းတိပျင်းရွဲဖြင့် လမ်းလျှောက်နေပြီး  တစ္ဆေတစ်ကောင် သည်လည်း ထိုသူ၏ ဘေးမှာ လိုက်ပါလာသေးသည်။

မြင်ကွင်းက နည်းနည်းတော့ ထူးဆန်းနေသည်။

*-*




Episode _ 8 [Yoon: ျပန္ေပးသမားအား ျခိမ္းေျခာက္]

“အစ္ကို … ကြ်န္ေတာ္ ေရာက္ျပီ”

“သြားရေအာင္”

လျပည့္နွင့္အတူ အျပင္ထြက္ရန္ မုန္းမာန္ တစ္ေယာက္ ျပတင္း ေပါက္ ဖြင့္လိုက္သည္နွင့္ နွစ္ေယာက္အိပ္ကုတင္၏ ေနရာ တစ္၀က္ေက်ာ္ ေလာက္ကို ယူကာ အိပ္ေပ်ာ္ေနေသာ ခန့္မွဴးနိုင္ နိုးလာေလသည္။

“မအိပ္ဘူးလား”

“သြားစရာရွိတယ္”

“ကြ်န္ေတာ္ တစ္ေယာက္ထဲ ေနခဲ့ရမွာလား”

“ယြန္းငယ္ကို ခဏ ေခၚထားလိုက္”

“ဘယ္သြားမလို့လဲ”

“ခင္မ်ားနဲ့ မဆိုင္ဘူး”

မုန္းမာန္ ျပတင္းေပါက္ေရွ့က သစ္ကိုင္းေပၚကို တက္ျပီး ခုန္ခ်ရန္ အစီအစဥ္ကို ဖ်က္သိမ္းလိုက္ရသည္။ အေကာင္းအတိုင္း ရွိေနေသးေသာ ျပတင္းေပါက္ တစ္ဖက္ကို ျပန္ပိတ္ကာ ေလွကား မွ လူလိုသူလိုသာ ဆင္းသြား ရေတာ့သည္။

“ယြန္းလည္း လိုက္မယ္”

“မင္း ေလးငယ္နဲ့သာ ေနေပးလိုက္၊ အေၾကာက္လြန္ျပီး ေသသြား ရင္ ငါ အမႈပတ္ေနလိမ့္မယ္”

“ဟုတ္”

ခန့္မွဴးနိုင္သည္ မုန္းမာန္ထက္ပင္ လူေကာင္ၾကီးသည္။ အသက္ လည္း ၾကီးသလို၊ အရပ္လည္း ပိုရွည္သည္။ သည္လိုလူက ေၾကာက္ျပ ေနသျဖင့္ ပိုျပီး စိတ္တိုမိသည္။

“အစ္ကိုက သိပ္ေခ်ာတာပဲဗ်ာ”

လေရာင္ေအာက္တြင္ ခန့္ညားေနေသာ သည္လူကို လျပည့္ မခ်ီးက်ဴးဘဲ မေနနိုင္။

“မင္းငါ့ကို ေျမွာက္ေနလည္း ဘာမွ မလုပ္ေပးနိုင္ဘူး၊ ေျပာခဲ့သလိုပဲ ပိုက္ဆံ ရွိမွ ျပန္လာခဲ့”

“အစ္ကို ကြ်န္ေတာ့္ကို မွတ္မိတယ္လား”

“ငါ့ကို အစ္ကိုလို့ ေခၚဖူးတာ မင္းတစ္ေယာက္ပဲ ရွိတယ္”

လျပည့္ စိတ္ထဲ နည္းနည္း ေက်နပ္သြားသည္။ လူတိုင္းက နတ္ဆိုး တစ္ပါးလုိ ဖိန့္ဖိန့္တုန္ေအာင္ ေၾကာက္ၾကသည့္ အရွင့္ကို မိမိသည္ အစ္ကို ေခၚေနေသာ္လည္း စိတ္မဆိုးသည့္အျပင္ နွစ္ၾကိမ္နွစ္ခါသာ ေတြ႔ဖူးသည့္ မိမိကို အစ္ကိုက မွတ္မိေနေသးသည္။

ဒါ ဘယ္လို ကံေကာင္းမႈမ်ိဳးလဲ။

“ဒီအိမ္လား”

“ဟုတ္ကဲ့”

“ရျပီ၊ မင္းေနခဲ့”

“အစ္ကို တစ္ေယာက္တည္း ၀င္မလို့လား”

Mask အမည္း တစ္ခုကို တပ္ျပီးမွ ျပန္ေျဖေလသည္။

“ဟုတ္တယ္”

*-*

“ဘယ္သူလဲ”

“မနက္ျဖန္ မင္းတို့ ယြန္းငယ္ကို ျပန္ေပးဆြဲတဲ့ အေၾကာင္း ကိုယ့္ဘာသာ သြားျပီး ၀န္ခံလိုက္”

“မင္း ဘယ္သူလဲ”

ျပန္ေပးသမားသည္ အိပ္ခ်င္မူးတူးျဖင့္ အခန္းေထာင့္ရွိ ျပတင္း ေပါက္အား မွီကာ ရပ္ေနေသာ အနက္ ေရာင္ Mask တပ္ထားသည့္ လူအား ေၾကာင္ၾကည့္ေနေလသည္။ ခရမ္းေရာင္ျဖစ္ေသာ ဖဲသားရွပ္အက်ၤီေပ်ာ့ေပ်ာ့ ကို ေဘာင္းဘီ အနက္ ေရာင္နွင့္ တြဲ၀တ္ထားေလသည္။

“မင္းတို့ကို ဟိုမိန္းမက ခိုင္းတဲ့ အေၾကာင္းပါ တစ္ခါတည္းေျပာ”

“ငါက ဘာလို့ မင္း ခိုင္းသလို လုပ္ရမွာလဲ”

စိတ္မရွည္ေသာ မုန္းမာန္သည္ ေဘးနားရွိ အိပ္ေပ်ာ္ေနေသာ ေၾကာင္တစ္ေကာင္ကို ကိုင္မကာ လည္သည္းခြ်န္မမ်ားျဖင့္ ထိုးသတ္ လိုက္သည္။ ေသြးမ်ားတစ္ေတာက္ေတာက္ က်လာသည္ကို ၾကည့္ရင္း ျပန္ေပးသမားသည္ တုန္ရီလာသည္။

“ျမင္လား၊ စကား နားမေထာင္ရင္ ငါ့လည္သည္းက မင္းလည္ပင္း မွာ ေရာက္သြားလိမ့္”

တိတ္ဆိတ္ေနေသာ ေနအိမ္အတြင္း မုန္းမာန္၏ ခပ္ၾသၾသ အသံၾကီးသည္ ေၾကာက္မက္ဖြယ္ရာ ထြက္လာေလေတာ့ ထိုလူသည္ ေျခေထာက္ လာဖက္ကာ ေတာင္းပန္ေလသည္။

“မသတ္ပါနဲ့ ေတာင္းပန္ပါတယ္၊ မနက္ျဖန္ သြားျပီး ၀န္ခံ လိုက္ပါ့မယ္”

“ဒီအေၾကာင္းေတြ ေလွ်ာက္ေျပာရင္ပဲ ျဖစ္ျဖစ္၊ မင္းတို့ ျပန္ေပးဆြဲမႈ ကို ၀န္မခံရင္ပဲ ျဖစ္ျဖစ္ မင္း ေကာင္းေကာင္း အသက္ဆက္ရွင္ဖို့ကို မစဥ္းစားနဲ့ေတာ့ ၾကားလား”

“ဟုတ္ … ဟုတ္ကဲ့”

ျပန္ထြက္လာေတာ့ မုန္းမာန္ တစ္ေယာက္ လမ္းပင္ မေလ်ွာက္ခ်င္ ေအာင္ ပင္ပန္းေနျပီ ျဖစ္သည္။

“အစ္ကို အဆင္ေျပလား”

“မင္း မျပန္ေသးဘူးလား လျပည့္”

“အစ္ကို့ကို ေစာင့္ေနတာ”

“ျပန္ၾကစို့”

သို့ျဖင့္ တိတ္ဆိတ္ေနေသာ ရြာလမ္းမေပၚတြင္ ခရမ္းေရာင္ ပံုရိပ္ကေလးသည္ ပ်င္းတိပ်င္းရြဲျဖင့္ လမ္းေလွ်ာက္ေနျပီး  တေစၦတစ္ေကာင္ သည္လည္း ထိုသူ၏ ေဘးမွာ လိုက္ပါလာေသးသည္။

ျမင္ကြင္းက နည္းနည္းေတာ့ ထူးဆန္းေနသည္။

*-*




October 31Where stories live. Discover now