နိဂုံး

Start from the beginning
                                    

ရှင်းဝဏ်ဟူသည် အရှင့်သား၏ ကြင်ယာတော်လောင်းလျာဗိုလ်မှုးငယ်လေးမျှသာဟူသော သူတကာတို့၏ အမြင်မှသည် ဇန်နိုရာ၏ ရိုသေကိုးစားခံထိုက်သူ ဖြစ်ကြောင်း စစ်ရေးဖြင့်တဖုံ နိုင်ငံရေး လုပ်ငန်းစဉ်တို့တွင် အကြံပေးလို့တသွယ်ဖြင့် ပြောင်းလဲနိုင်ခဲ့သည် မဟုတ်လား။ ယခုတော့ အရှင့်သားအတွက် ခင်ပွန်းကောင်းဟူသော အတွေးအမြင်တို့ကို သက်သေပြဖို့ နေ့သစ်တို့သည် လက်တကမ်းအကွာသို့ရောက်လာပြီဖြစ်သည်။

ရှင်းဝဏ်မှာ သူနှင့် ရင်ဘောင်တန်းလျှက် မင်္ဂလာကိစ္စတို့ဆောင်ရွက်ရာ စင်မြင့်ထက်ဆီသို့ လက်ချင်းယှက်၍ လျှောက်နေသော အမျိုးသားကို တချက်ကြည့်လိုက်ပါသည်။ မြင့်မြင့်သွယ်သွယ် ကိုယ်ဟန်နှင့် ရှိရှိသမျှ စာဆိုတို့လက်မှိုင်ချရပါသော ထိုအလှနတ်ဘုရားသည်ကား သူနှင့် ထပ်တူညီပါသော မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားပါ၏။ သို့တိုင်အောင် ဧည့်ပရိသတ်တိုင်း၏ မျက်လုံးများသည် သူထံမှာထက် ဒင်း၏ လှကွန်ယက်တွင် ကပ်ညိနေလျှက်။

ကြည့်ကြပါကုန်။ ရွှေရောင် ကနုတ်ပန်းကနုတ်နွယ်များပါသည့် အနက်ရောင်ပိုးဖဲရင်ဖုံးအင်္ကျီရှည်နှင့် အနက်ရောင်ပိုးဘောင်းဘီတို့က ဖြူဝင်းသော အသားအရေကို ကျက်သရေအဖြာဖြာတင့်စေပါ၏။ တဖန် လှပသော ခါးသွဲ့သွဲ့ကို ရွှန်းစိုနေသော ကြက်သွေးရောင် ပိုးခါးစည်းရှည်နှင့်စည်းကာ ထိုပေါ်မှ ရွှေကြိုးနှင့် ပလက်တီနမ်ကြိုးတို့ဖြင့်တန်ဆာဆင်ထားပါ၏။ ထိုခါးဘေးတွင် သွေးအမြုတေဓါးနှင့်အတူ ပိုးပဝါစအဖြူကို ချိတ်ဆွဲထားကာ ပုခုံးထက်ဝယ် သားမွှေးတို့ဖြင့် တန်ဆာဆင်ထားသော ဝတ်ရုံရှည်ကြီးကို ရုံထားသည်။ ထို့အပြင် အနက်ရောင်ပိုးပဝါစရှည်တစ်ခုဖြင့် ဒူးထိလုလုအထိရှည်လျားလှသော ပုတုန်းရောင်ဆံနွယ်တဝက်ကို သပ်ရပ်စွာ စည်းနှောင်ထားရုံမက ထိုအပေါ်မှ ရွှေကြိုးစတခုဖြင့် ချည်နှောင်ကာ ထိုပိုသားဆံနွယ်တို့ ကပိုကယိုဖြစ်မည့်ဘေးမှ ထပ်မံ၍ ကာကွယ်ထားပြန်သည်။ ထိုသူသည်ကား.... အလှတရားနှင့် ကုံလုံ၍ လက်ရုန်းရည်နှလုံးရည်နှင့်ပါ ပြည့်စုံပါသဖြင့် ဇန်နိုရာသားတို့က မြတ်နိုးရပါသော သူ၏ ချစ်သည်းညှာရှင် နှလုံးသား၏ အရှင်သခင်ဖြစ်သူ အရှင်ယောဝေဖြစ်ပါသည်။

ဖူးစာရှင် || ဖူးစာရှင်Where stories live. Discover now