Chapter 23

4.2K 656 118
                                    

အရှေ့အရပ်သည်ကား ရောင်နီထွန်း၍ နေသစ်တစ်ခုသည် အသက်ဝင်လှုပ်ရှားစပြုလာသည်။

"ဗိုလ်လေး... ဗိုလ်လေး..."

သမားတော်ကြီး အဝေရာမှာ အရေးပေါ်အခန်းထောင့်ဝယ် ငုတ်တုပ်လေး အိပ်ပျော်နေရှာသော ရှင်းဝဏ်၏ ပုခုံးကို အသာအယာ လှုပ်နိုးလိုက်ကာ...

"ဗိုလ်လေး အိမ်ပြန်ကာ နားလိုက နားပါတော့။ ကျုပ်လည်း ရှိပါရဲ့။"

ရှင်းဝဏ်မှာ ထိုအခါကျမှ ဇဝေဇဝါဖြင့် ဟိုကြည့်ဒီကြည့် ကြည့်မိတော့သည်။ ဒီနေရာက အရေးပေါ်အခန်းပဲ။ သူက ဘာကိစ္စနဲ့ ဒီနေရာရောက်နေတာလဲ? သူနောက်ဆုံးမှတ်မိသည်က သူနှင့် အရှင်ယောဝေ စကားများကြသည်။ အရှင်ယောဝေမှာ ရုတ်တရက်ကြီး နာကျင်မှုဝေဒနာနှိပ်စက်ခြင်းခံသည်တွင် သူ့မှာ အရှင်ယောဝေကို စိုးရိမ်တကြီးဖြင့် ပွေ့ချီလိုက်သည်။ ထို့နောက်ပိုင်း မှတ်ဉာဏ်များက ဝေဝါးကာ ဘာမှ မမှတ်မိ။ ယခု သတိဝင်လာ၍ ကြည့်လိုက်တော့ သူက အရေးပေါ်အခန်းထောင့်တယ် ငုတ်တုပ်လေး အိပ်နေသည်တဲ့။ ကောင်းရော....

"ကျုပ်က ဘယ်လိုလုပ်ပြီး ဒီအထဲရောက်နေတာတုန်း သမားတော်ကြီး"

"ဗိုလ်လေးရဲ့ ဦးရီးကို ဒီပို့ပေးရင်းနှင့် ဒီရောက်နေတာပါကော။"

"အိမ်း... ထူးဆန်းပါ့။ အဲဒါတွေ ကျုပ် မမှတ်မိပြီကော သမားတော်ကြီး။"

အဝေရာကတော့ အူတူတူဖြစ်နေသော ရှင်းဝဏ်အား ကြည့်ကာ နားလည်စွာ ပြုံးလိုက်သည်။ ဤကား ထိုအဆိပ်၏ အကျိုးဆက်  ဆိုးကျိုးတခုဖြစ်ပြီး အဆိပ်မိသူသည် ထိုအဆိတ်တို့ကို ခန္ဓသမှ ချေဖျက်ပြီးသည့်တိုင် နောက်ဆက်တွဲအဖြစ် အချိန်အခိုက်အတန့်တခုကို မေ့လျောသွားသည်။ သို့ရာတွင် ထိုအချိန်အခိုက်အတန့်သည် တစ်ရက်၊ တစ်ညထက်ပို မကြာတတ်သလို အဆိပ်မိသူတိုင်းတော့မဖြစ်ပေ။

"အိမ်း... အဲ့ဒီ မမှတ်မိတာကတော့ အဆိပ်ရဲ့ အကျိုးဆက် ဆိုးကျိုးကြောင့်ပါ့။ သို့ပေမယ့် မပူပါလင့် ဗိုလ်လေး။ အချိန်တခုကြာရင် ပြန်လည် အမှတ်ရပါလိမ့်မယ်ကော။"

ရှင်းဝဏ်က ခေါင်းညိတ်နေရင်းမှ ခပ်လှမ်းလှမ်းမှ ကုတင်ပေါ်ဝယ် လဲလျှောင်နေသော အရှင်ယောဝေထံမျက်စိရောက်သွားတော့သည်။ သတိမေ့တာလား အိပ်ပျော်နေတာလားမသိ။ မျက်စိလေးမှိတ်ကာ ငြိမ်သက်နေသည်။ မျက်နှာကတော့ တော်တော်ကြီးကို ဖြူလျော်၍နေသည်။

ဖူးစာရှင် || ဖူးစာရှင်Where stories live. Discover now