Chapter 34 A

3.5K 571 74
                                    


ရှင်းဝဏ် ဥယျာဉ်ထိပ်ရောက်တော့ ဟံလွေက အမျိုးသမီးငယ်လေးတစ်ဦးနှင့် စကားပြောနေသည်။ တဦးနှင့်တစ်ဦး အတော်အတန် ရင်းနှီးဟန်တူသည်။ ရယ်လားမောလားဖြင့် ရှိချေ၏။ ထိုမျှမကသေး ထိုအမျိုးသမီးထွက်ခွါခါနီးဝယ် ဟံလွေက ထိုအမျိုးသမီး၏ လက်ဖမိုးလေးကို အသာအယာနမ်းကာ နှုတ်ဆက်လိုက်သေးသည်။ ထိုမြင်ကွင်းကြောင့် ရှင်းဝဏ်မှာ မျက်မှောင်ကြုတ်မိတော့သည်။ ဒါမျိုးက တော်ရုံမိတ်ဆွေတွေ လုပ်လေ့ရှိတာမှ မဟုတ်တာ။ ကြည့်ရသည်မှာ သူ့ အပေါင်းအသင်းမိတ်ဆွေများ၏ သတိပေးစကားတွေက မှန်နေပြီလား။

သူ့ရောင်းရင်းများက ဟံလွေနှင့်ပတ်သက်၍ သူ့နောက်ကွယ်တွင် ခြေရှုပ်နေကြောင်းကို ပြောခဲ့ဖူးသည်။ သူ့ အနေနှင့် ပထမတော့ အမှုမဲ့အမှတ်မဲ့ပင်။ နှစ်ခါ၊ သုံးခါမက ကြားရတော့ ဟံလွေကို ဗြောင်ကျကျပင် မေးမိတော့သည်။ သို့သော် သူ့တွင်ကား ရောင်းရင်းတို့၏ စကားသာရှိသည်ဖြစ်ရာ တဖက်သတ်စွဲချက်တင်သလိုဖြစ်ရုံမက သူ့ရောင်းရင်းများက သူတို့နှစ်ဦးကြားသွေးခွဲသလိုဖြစ်သွားတော့သည်။ အကျိုးဆက်အားဖြင့် ဟံလွေနှင့် သူ့ရောင်းရင်းများမှာ တယောက်တခွန်း ပြဿနာတက်ကာ တုတ်ဆွဲဓါးဆွဲအနေပါရောက်ကုန်တော့သည်။ သူက ကြားဝင်ဖြေဖြန်ကာ နှစ်ဦးနှစ်ဖက်ကို တောင်းပန်မှ ထိုကိစ္စသည် ပြေငြိမ်းသွားတော့သည်။

ချစ်သူလက်ကို ကိုင်ဆွဲထားသူတိုင်းစီမှ ကြားဖူးသည်ရှိပါသည်။ ကိုယ်ချစ်ရသူဆို တပါးသူနောက်အပါခံရန်မဆိုထား ပရောပရီနှင့် ကြည့်လျှင်တောင် သေမတတ်ဒေါသထွက်ရပါသည်တဲ့။ ထိုစကားသည် သူ့အတွက်တော့ မမှားသော်လည်း မှန်တော့မမှန်ပါပေ။ အကယ်၍ ဟံလွေသာ သူ့ကိုသစ္စာဖောက်လျှင်တော့ ဒေါသဖြစ်မည်ဖြစ်ပါသည်။ ကိုယ်ချစ်သူကို အလုခံရလို့ထက် ကိုယ်ရည်ရွယ်ထားသူ၏ အရူးလုပ်ခြင်းကို ခံလိုက်ရ၍ ထွက်မိသော ဒေါသမျိုးသာဖြစ်ပါလိမ့်မည်။

"အနောင်တောင် ရောက်လာပါပေါ့။"

ဟံလွေက ရှင်းဝဏ်၏ လက်မောင်းကို တွဲခိုရင်းက အပြုံးချိုချိုတခုဖြင့် ဆိုလာသည်။

"အစောက ဘယ်သူတုန်း ဟံလွေ။"

ဟံလွေမှာ ထိုမေးခွန်းကြောင့် မျက်နှာပျက်သွားတော့သည်။ သို့သော် ချက်ချင်းပင် ဣနြေ္ဒဆယ်ကာ သက်ပြင်းလေးတွဲတွဲတချက်ချလိုက်ပြီး....

ဖူးစာရှင် || ဖူးစာရှင်Where stories live. Discover now