Episode 5.2 {final} (unicode)

3.2K 411 9
                                    

အရင်ကတော့ RuanYan ကအဲ့ကိစ္စတွေကို သိပ်ဂရုမစိုက်တတ်ဘူး။ ဒါပေမယ့် LiHan ရဲ့အတွင်းရေးမှုးတစ်ယောက်ဖြစ်လာကထဲက အသေးအမွှားအမှားလေးကိုတောင် သည်းမခံဖို့အထိ လေ့ကျင့်ယူပြီးဖြစ်နေပြီဖြစ်တယ်။ အဲ့ဒါနဲ့ပဲ သူကတိုက်ခန်းတစ်ခုလုံးကို သစ်ရွက်ကြွေတွေကို လွင့်မြောအောင်တိုက်ထုတ်လိုက်တဲ့လေပြင်းတစ်ခုအလား သန့်ရှင်းရေးလုပ်ပါတော့တယ်။ တစ်ချိန်ထဲမှာပဲ သူက *မလုပ်ရမယ့် ၁၂ချက်* ဆိုတဲ့ စာရင်းစာရွက်ကို ရေခဲသေတ္တာမှာကပ်ထားလိုက်တယ်။ LiHan ရဲ့အမူအကျင့်တွေကို နည်းနည်းပဲဖြစ်ဖြစ် ပြန်ထိန်းစေချင်လိုတဲ့မျှော်လင့်ချက်နဲ့ပေါ့။

အံ့သြစရာကောင်းတာက LiHan ကအရမ်းနာခံပြီး သူ့ရဲ့ချို့ယွင်းချက်တွေကို ပြုပြင်ဖို့ ခက်ခက်ခဲခဲကြိုးစားလာတာပဲ။ အဲ့တာတင်မကသေးဘူး။ RuanYan ရဲ့ညည်းတွားခြင်းမရှိပဲကိုယ်တိုင်ကိုယ်ကျ လုပ်စရာရှိတာလုပ်တဲ့အမူအကျင့်ကြောင့် LiHan ကစိတ်လှုပ်ရှားသွားခဲ့တယ်။ သူ့ရဲ့အတွင်းပိုင်းမှာရှိတဲ့ ပျင်းရိတဲ့ဆဲလ်တွေကိုသတ်ပစ်လိုက်ပြီး သူ့ကိုယ်ပိုင်အသိစိတ်နဲ့ အရှုပ်ထုပ်အနည်းငယ်ကို ပုခုံးတင်ထမ်းလာတော့တယ်။ ပန်းကန်ဆေးတာတို့ မီးဖိုချောင်ပစ္စည်းတွေ၀ယ်တာတို့ ဖုန်စုပ်စက်သုံးတာတွေပေါ့....သူကနောက်ပိုင်းမှာဒါတွေကိုကျွမ်းကျင်စွာလုပ်လာနိုင်ခဲ့တယ်။

RuanYan ကထိတ်လန့်သွားပြီးတော့ Zhihu မှာ post တင်မေးလိုက်မိတော့တဲ့အထိပဲ။

ငါကအခု သူဌေးနဲ့တစ်အိမ်ထဲမှာတူတူနေနေတယ်။ အဲ့အိမ်ကမြို့ထဲက ၁၄၀ စတုရန်းမီတာလောက်ကျယ်ပြီး ဇိမ်ခံလို့ကောင်းတဲ့တိုက်ခန်းလေးတစ်ခုဖြစ်တယ်။ သူကအရင်ကဆို မာနကြီးပြီးအနိုင်ကျင့်တတ်တဲ့ပုံပေါက်နေပြီး ငါ့အပေါ်ဆိုအမြဲတမ်း အပေါ်စီးပြောဆိုဆက်ဆံနေတာ။ မကြာသေးခင်ကပဲ သူ့ကိုယ်ပိုင်အသိစိတ်နဲ့ အိမ်အလုပ်တွေလုပ်လာနေတယ်။ မနေ့ကဆို သူ့ဘဏ်စာအုပ်ကိုငါ့ကိုလာပြနေသေးတယ်။ သူဘာကိုဆိုလိုချင်မှန်းငါမသိတော့ဘူး။ နံရံနဲ့တိုက်မိပြီးအက်ကွဲသွားတဲ့ သစ်ကြားသီးကို သူစားမိပြီး အဆိပ်ကဦးနှောက်ထိရောက်သွားတာများလားလို့ သံသ၀င်လာပြီရယ်။(1) ကြည့်ရတာ စိတ်ကျန်းမာရေးချို့ယွင်းမှုနောက်ဆုံးအဆင့်ဖြစ်နေတာများလား။ ဆိုတော့ကာ မေးခွန်းကတော့ဒီမှာ... Dawn4 engine ထည့်သွင်းထားတဲ့ VR ဆိုင်ကယ်စီးဦးထုပ်အသစ်ကဘယ်လောက်လဲ။

President isn't 'Mary Sue' (mm translation)Where stories live. Discover now