Episode 2.1 (unicode)

2.4K 433 5
                                    

RuanYan ကတရား၀င်အလုပ်စလုပ်လိုက်တယ်။ ပြီးတော့သူ့ရုံးခန်းကိုလည်း ဥက္ကဋ္ဌ နဲ့အထပ်တူတူကို ရွေ့လိုက်ရတယ်။

သူပထမဆုံးလုပ်ရတာကတော့ ဥက္ကဌ Li ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်ကိုကြည့်တာ။ အဲ့တာကသူမဂ္ဂဇင်းမှာဖတ်ရတာတွေနဲ့ကို အတော်တူတယ်။ တစ်စုံတစ်ယောက်က သေချာပြီးပြည့်စုံအောင်လေ့လာပြီးအလုပ်အတွေ့အကြုံရှိပြီးတော့ ကုမ္ပဏီကို စီမံခန့်ခွဲပြီး အောင်မြင်မှုကို အသက်၃၃နှစ်ငယ်ငယ်ရွယ်ရွယ်နဲ့တင်ယူဆောင်လာနိုင်တယ်။သူက ဥက္ကဋ္ဌ ၀တ္ထုတွေထဲက ဇာတ်လိုက် အဆင့်အတန်းလောက်ကိုရှိမှာပဲ။

သူ့ဆီမှာမေးခွန်းအနည်းငယ်တော့ရှိနေသေးတယ်။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်ဆံရေးပိုတိုးတက်စေဖို့ရည်ရွယ်ပြီးတော့ နေ့လည်ခင်းထမင်းစားချိန်မှာ RuanYan ကမေးလိုက်တယ်။"ဘာလို့ ဥက္ကဋ္ဌ Li ရဲ့ ဇာတာခွင်အောက်မှာမင်နီတားထားတာလဲ"။အ့တာက၂ကြောင်းတောင်တားထားတာပါ။

Xiao Wang ကထူးဆန်းတဲ့အမူအရာနဲ့ဖြေလိုက်တယ်။ "ငါမင်းကိုပြောချင်တာက ဥက္ကဋ္ဌ Li ကအလွန် အလွန်ကို Virgo ပီသတဲ့သူပဲ"။

Xiao Zhang ကပြန်ပြောတယ်။ " ဟေး ငါတို့ရဲ့ကြီးမြတ်လှတဲ့ Virgoလေးကို မမုန်းပါနဲ့"။

"ငါတို့က မင်းကိုအရှက်ရအောင်ပြောနေတာတော့မဟုတ်ပါဘူး။ဒါပေမယ့် Virgoတွေက မင်းတို့နဲ့ပတ်သက်ပြီးအမှိုက်လိုပြောကြတာ internetမှာအများဆုံးပဲ"။

"Internetပေါ်မှာ မင်းလို Pisces လူတွေနဲ့ မတည့်ကြဖူးလို့လည်းမကြာမကြာ ပြောကြတယ်။ငါက မင်းကိုဒီမှာနေတဲ့ရက်တွေအတွင်း ဂရုစိုက်ဖို့ပြောနေတာ။ အရင်အပတ်တုန်းက မင်း၁၄ကြိမ်တောင် ဆူခံရတာမဟုတ်ဖူးလား။ ဒီအပတ်တော့ အဲ့စံချိန်ကိုချိုးဖို့ ကြိုးစားလိုက်ကွာ"။

RuanYan က သူတို့ပြောတာကို နားထောင်နေပေမယ့်လည်း တကယ်တမ်းကျနားမလည်ပါဘူး။ သူက ဇာတာခွင်နဲ့ပတ်သက်ပြီးအရမ်းကြီးမကျွမ်းကျင်ဖူးလေ။ အဲ့တော့ မင်နီတားထားတဲ့အဓိကအကြောင်းကို သေသေချာချာနားမလည်ဘူး။

ဒါပေမယ့်လည်း သူဥက္ကဋ္ဌ Li ရဲ့ အလုပ်ပတ်၀န်းကျင်နေရာကိုခြေချမိတာနဲ့ချက်ခြင်း သူဒါကိုဂရုစိုက်တာနဲ့သေချာတွေးရမယ်ဆိုတာနားလည်သွားတယ်။

President isn't 'Mary Sue' (mm translation)Where stories live. Discover now