Episode 1.1 (unicode)

10.5K 547 1
                                    

RuanYan (ရွန်ယန်) က သူ့ရဲ့အလုပ်ကိုပြောင်းဖို့ဆုံးဖြတ်ခဲ့တယ်။

သူနိုင်ငံခြားကနေပညာတော်သင်ပြန်လာပြီးနောက်မှာ စီးပွားရေးကုမ္ပဏီငယ်လေးတစ်ခုမှာအလုပ်လုပ်ဖို့စည်းရုံးခံခဲ့ရတယ်။ ဘယ်လောက်တောင်သေးတာလဲ? ကုမ္ပဏီတစ်ခုလုံးမှာ
သူဌေးနဲ့သန့်ရှင်းရေးအဒေါ်ကြီးပါအပါမှ ၆ယောက်ပဲရှိတယ်။

လွန်ခဲ့တဲ့ ၃ နှစ်ကမှ ၀န်ထမ်းအရေအတွက်က ၁၀ယောက်ထက်မနည်းရှိခဲ့တယ်။ စီမံကိန်းတစ်ခုမှမပြီးပဲ ထုတ်ကုန်တစ်ခုတောင်မှမထုတ်နိုင်ခဲ့သော်ငြားပေါ့။ ရင်းနှီးမြှုပ်နှံသူတွေရဲ့ငွေတွေကလည်းအချည်းနှီးပဲဖြစ်ခဲ့တယ်။ နောက်ဆုံးမှာ အတော်ခက်ခက်ခဲခဲနဲ့ အလုပ်ကိစ္စတစ်ခုလက်ခံရရှိခဲ့ပေမယ့်လည်း ကုမ္ပဏီရဲ့အရည်အချင်းညံ့ဖျင်းမှုကြောင့် အခြားကုမ္ပဏီတစ်ခုဆီသို့
အလုပ်ကိုလွှဲပြောင်းပေးခံခဲ့ရတယ်။

မိုးကောင်ကင်ထက်ပင်စိတ်နှလုံးမြင့်မြတ်လှတဲ့သူဌေးကတော့ သူ့ပါးစပ်ဖျားလေးကနေဝါကျတစ်ခုကိုသာပြောခဲ့တယ်။
"နောက်နှစ်တော့ငါတို့ကုမ္ပဏီကစာရင်း၀င်တဲ့ကုမ္ပဏီတစ်ခုဖြစ်လာမှာပါ"
သူကပိုစတာတစ်ခုတောင်မှပြင်ဆင်ပြီး အိမ်သာအခန်းတိုင်းရဲ့တံခါးမှာလိုက်ကပ်နေခဲ့တယ်။ တစ်နေ့မှာ RuanYan ကအိမ်သာတံခါးတွေကို ကြည့်နေမိစဉ်မှာပဲ သူရုတ်တရက်အမှန်တရားကို သဘောပေါက်သွားခဲ့တယ်။ ဒါကိုဆက်မလုပ်နိုင်တော့ဘူး! သူအလုပ်ပြောင်းရမယ်!ပြောင်းကိုပြောင်းရမယ်!

သူအလုပ်လျှောက်ခဲ့တဲ့ နောက်ဆုံးအကြိမ်အမှားကနေ သင်ခန်းစာယူပြီး RuanYan ကစာရင်း၀င်တဲ့ ကုမ္ပဏီတွေကိုအလုပ်လျှောက်နိုင်ဖို့ ရည်မှန်းချက်ထားခဲ့တယ်။

ဘယ်သူတွေဘာပြောပြောပါ အဆုံးမှာတော့လွန်ခဲ့တဲ့ ၃ နှစ်တာကာလက သူ့ကိုကျွမ်းကျင်မှုနယ်ပယ်ထဲ၀င်ရောက်ဖို့အခွင့်အရေးပေးခဲ့တာပဲလေ။ အကဲဖြတ်စာမေးပွဲတွေနဲ့ အင်တာဗျူးတွေဖြေဆိုအောင်မြင်ခဲ့ပြီး သူ့ရဲ့ကောင်းမွန်တဲ့ရုပ်ရည်သွင်ပြင်စရိုက်လက္ခဏာကြောင့်လဲပါတာပေါ့။ အဲ့နောက်မှာတော့ သူရဲ့လူမှုဆက်ဆံရေးစွမ်းရည်ကတိုးတက်လာခဲ့တယ်။ အမှန်တကယ်တော့သူ့ကိုမျက်စိကျစေမိတဲ့ကုမ္ပဏီကြီး၂ခုရှိခဲ့တယ်။

President isn't 'Mary Sue' (mm translation)Where stories live. Discover now