Episode 2.2 (unicode)

2.1K 430 13
                                    

တစ်ဖက်လူရဲ့အံ့သြပြီးစကားမပြောနိုင်ဖြစ်နေတာကိုကြည့်ပြီး LiHan ဆူငေါက်လေတော့တယ်။ "မင်းအူကြောင်ကြောင်နဲ့ဘာတွေတွေးနေတာလဲ။"

RuanYan လဲခေါင်းငုံ့ကာ "ဥ..ဥက္ကဌ Li ကျွန်တော် Alipay acc ထဲမှာ $256.80 ပဲရှိလို့ အဲ့တာ..."

LiHan လဲဒေါသထွက်ပြီးအော်လိုက်တော့တယ်။ "မင်းစိတ်မှန်သေးရဲ့လား။ ဘယ်သူကမင်းအကောင့်ထဲပိုက်ဆံဘယ်လောက်ရှိလဲဂရုစိုက်နေလို့လဲ။" သူကကတ်တစ်ကတ်ထုတ်ပေးလိုက်ပြီးတော့ "အတွင်းဖက်မှာရှိတဲ့နားနေခန်းထဲက ၀တ်စုံတစ်စုံသွားယူလာခဲ့။ စားပွဲကိုလဲသန့်ရှင်းထားလိုက်။ အိုး ပြီးတော့ ဒီအချက်အလက်အပုံ၂ခုကို တစ်နာရီ မိနစ်၅၀အတွင်းအပြီးလုပ်ထားဖို့မမေ့နဲ့ဦး မင်းဘာတွေတွေးနေသေးတာလဲ။"

ကြမ်းပြင်ပေါ်မှာကအရှုပ်အပွတွေရော သူလုပ်ဖို့ရှိတဲ့ မီတာ၀က်လောက်မြင့်တဲ့အချက်အလက်ပုံကိုပါကြည့်ပြီးတော့ သူလဲကြောက်လန့်နေတာကအလုပ်စလုပ်ပါတော့တယ်။

LiHan ကတကယ်တော့သူ့ဆီကပိုက်ဆံမလိုချင်ပါဘူး။ ဒါပေမယ့်ဒီလောက်ရက်စက်စွာညှင်းဆဲပြီးနောက်မှာတော့ RuanYan ဟာ ဒီလူကသူ့ရဲ့စိတ်ကူးယဥ်အိမ်မက်ထဲကသူဆိုတဲ့အိမ်မက်ထဲကနေနိုးထလာတယ်။ အက်ကွဲသံတွေနဲ့အတူ သူ့နှလုံးသားထဲက 'MarySue' ဆိုတဲ့ နှလုံးသားထဲကနာမည်လေးမှာအက်ကြောင်းတွေထင်လာခဲ့တယ်။

တစ်ပတ်လောက်ကြာတဲ့အခါမှာ သူ့စိတ်ကူးယဥ်အိမ်မက်ထဲက ဥက္ကဌရဲ့လက်အောက်မှာတာ၀န်ထမ်းဆောင်ဖို့ အဲ့လောက်မခက်ခဲဘူးဆိုတာ RuanYan သိလာရတယ်။

သူ့ရဲ့ရုံးခန်းက လုံး၀ကိုဖုန်မှုန့်ကအစကင်းစင်ရမယ်။ ဒါပေမယ့် သူပေါင်မုန့်စားတဲ့အခါမှာကျ အစအနတွေက နေရာတိုင်းမှာကျနေတတ်တယ်။ RuanYan ကတော့ ဖုန်စုန်စက်အလုပ်သမားလိုလုပ်ရတာလွဲပြီးကျန်တဲ့အလုပ်ကိုလုပ်ချင်စိတ်ကိုမရှိတော့ဘူး။ သူကသူ့ရဲ့စာအုပ်တွေ အချက်အလက်တွေကို နံပါတ်စဥ်အတိုင်းစနစ်တကျအစီအစဥ်ကျဖြစ်တာလိုချင်တယ်။ သူကတော့ စာအုပ်တွေလှန်လောဖွင့်ဖတ်ကြည့်ပြီးတိုင်း တွေ့ရာနေရာထိုးထည့်ထားတတ်တယ်။ တစ်ခါဆို အိမ်သာနောက်ကရေဆွဲချတဲ့ပေါ်မှာ စာရင်းအင်းနဲ့ပတ်သက်တဲ့ အစီအရင်ခံစာ၂စောင်တောင်တွေ့ခဲ့သေးတယ်။ သူက RuanYan ကိုသူ့ရဲ့နေ့စဥ်အချိန်ဇယားကိုပါသေချာဆွဲခိုင်းသေးတယ်။ သူအိမ်သာထဲမှာကုန်ရမယ့်အချိန်ကိုတောင်စက္ကန့်အတိအကျနဲ့ပေါ့။ ဒါပေမယ့်လဲ သူကတော့ဘယ်တော့မှအချိန်ဇယားအတိုင်းလိုက်မလုပ်ဖူးပါဘူး။ သူကတကယ့်ကိုပြောမနိုင်ဆိုမနိုင်လွန်းလို့ သူများတွေက သူ့ရဲ့ကိုယ်ပိုင်အချိန်ဇယားအတိုင်းစားဖို့ပြောချင်စိတ်ဖြစ်စေလာတယ်။

President isn't 'Mary Sue' (mm translation)Where stories live. Discover now